ပါကစ္စတန် စစ်အာဏာရှင်ဟောင်း Pervez Musharraf (ဧပြီ၊ ၁၅၊ ၂၀၁၃)
(Zawgyi/Unicode)
သမ္မတရာထူးကိုရော စစ်တပ်အကြီးအကဲ ရာထူးကိုပါ ရယူထားတဲ့အချိန်မှာ အာဏာကဆင်းပေးဖို့ ၂၀၀၇ ခုနှစ်အတွင်း လူထုရဲ့  တောင်းဆိုမှုတွေ ကြီးထွားလာတဲ့ အချိန်မှာ သူ့အာဏာတည်မြဲရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ယာယီဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တဲ့ လုပ်ရပ်နဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့လုပ်ရပ်တွေမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့အတွက် တရားရုံးက ခုလို သေဒဏ်ပြစ်ဒဏ်ပေးလိုက်တာပါ။

[Unicode Version]
ပါကစ္စတန်စစ်ခေါင်းဆောင်ဟောင်း မူရှာရပ်ဖ် သေဒဏ်အပြစ်ပေးခံရ
ပါကစ္စတန် စစ်အာဏာရှင်ဟောင်း Pervez
Musharraf ကို ကြီးလေးတဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပါကစ္စတန်
အထူးတရားရုံး တခုက သေဒဏ်ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။
သမ္မတရာထူးကိုရော စစ်တပ်အကြီးအကဲ
ရာထူးကိုပါ ရယူထားတဲ့အချိန်မှာ အာဏာကဆင်းပေးဖို့ ၂၀၀၇ ခုနှစ်အတွင်း လူထုရဲ့
တောင်းဆိုမှုတွေ ကြီးထွားလာတဲ့ အချိန်မှာ သူ့အာဏာတည်မြဲရေးအတွက်
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ယာယီဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တဲ့ လုပ်ရပ်နဲ့
အရေးပေါ်အခြေအနေ ကြေညာခဲ့တ ဲ့လုပ်ရပ်တွေမှာ အပြစ်ရှိကြောင်း
တွေ့ရှိခဲ့တဲ့အတွက် တရားရုံံးက ခုလို သေဒဏ်ပြစ်ဒဏ်ပေးလိုက်တာပါ။
အခြားစွဲချက်အတော်များများနဲ့ပါ
တရားရင်ဆိုင်နေရတဲ့ ပါကစ္စတန် စစ်ခေါင်းဆောင်ဟောင်း မူရှာရက်ဖ်ကတော့
အဲဒီစွဲချက်တွေ အားလုံးမှာ နိုင်ငံရေးပယောဂ မကင်းဘူးဆိုပြီး
သူ့မှာအပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။
မစ္စတာ မူရှာရက်ဖ် တရားရင်ဆိုင်နေရတဲ့
ကာလမှာပဲ ကျန်းမာရေး အကြောင်းပြချက်နဲ့ ၂၀၁၆ ခုနှစ်ကတည်းက
အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံ Dubai မြို့မှာ
နေထိုင်နေတာဖြစ်ပါတယ်။
စစ်အကြီးအကဲ မစ္စတာ မူရာရက်ဖ်က
ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif ကို ၁၉၉၉ ခုနှစ်မှာ အာဏာက ဖယ်ရှားပြီး
ဆော်ဒီအာရေဗျနိုင်ငံကို သူ့မိသားစုနဲ့အတူ တိမ်းရှောင်ထွက်ခွာခဲ့တာလည်း
ဖြစ်ပါတယ်။
https://burmese.voanews.com/a/pakistan-musharraf/5209075.html?nocache=1&fbclid=IwAR1z7UdOe55UFy5yPK4MJCOWghWj0POQ53Ko59_P8cCWGL-x8V_y2iQY_mg
No comments:
Post a Comment
Note: Only a member of this blog may post a comment.