Breaking

December 6, 2019

မြန်မာ ပျက်ကွက်လဲ အာဂျင်တီးနားတရားရုံးက ဆက်လက် ကြားနာသွားမည်




မြန်မာ ပျက်ကွက်လဲ အာဂျင်တီးနားတရားရုံးက ဆက်လက် ကြားနာသွားမည်
(Unicode)
မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ခေါင်းဆောင်တွေက ခုခံချေပဖို့ မရှိဘူးဆိုရင်လည်း အာဂျင်တီးနားတရားရုံးက သူတို့တိုင်ကြားချက်ကို လက်ခံမယ်ဆိုရင် အမှုကိုဆက်လက်စီရင်သွားနိုင်ကြောင်း လူ့အခွင့်အရေးရှေ့နေ Tomas Ojea Quintana က ဗွီအိုအေကို ပြောပါတယ်။
ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရာဇဝတ်ကျူးလွန်မှုဆိုတဲ့ စွဲချက်နဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို သာမက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတဟောင်းတွေဖြစ်တဲ့ ဦးသိန်းစိန်နဲ့ ဦးထင်ကျော်တို့ ကိုပါ universal jurisdiction နိုင်ငံတကာဥပဒေချိုးဖောက်မှုမှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဆိုတဲ့မူနဲ့ အာဂျင်တီးနား တရားရုံးမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က အမှုဖွင့်တိုင်ကြား ထားတာဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့နဲ့ အာဂျင်တီးနား လူ့အခွင့်အရေးအဖွဲ့ တချို့ပူးပေါင်းပြီး အမှုဖွင့်ထားတာပါ။
အဲဒီထဲက အာဂျင်တီးနားလူ့အခွင့်အရေး ရှေ့နေ Tomas Ojea Quintana က အကျိုးဆောင်ဥပဒေပညာရှင်အဖြစ် လိုက်ပါဆောင်ရွက်နေတာပါ။ သူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိ တောင်ကိုရီးယားဆိုင်ရာ ကုလသမဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဖြစ်ပါတယ်။ သူ့ကို Skype ကနေ တဆင့် မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အင်ကြင်းနိုင် ။ ။ အာဂျင်တီးနားတရားရုံးမှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အရပ်သားခေါင်းဆောင်တွေကို အမှုဖွင့်လျှောက်ထားတဲ့ နောက်ဆုံးအခြေအနေ ဘယ်ရောက်နေပြီလဲရှင့်။
Mr. Quintana ။ ။ အခုလက်ရှိ အစိုးရှေ့နေတွေရဲ့ လက်ထဲမှာ အမှုလျောက်ထားချက်ရောက်နေပြီး သူတို့ အမှုစွဲချက်တွေကို လေ့လာသုံးသပ်နပါတယ်။ လာမယ့်သတင်းပတ်တွေမှာ သူတို့ဘက်က အမှုကို လက်ခံဖို့ရှိမရှိ ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ အစိုးရရှေ့နေရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ စောင့်နေတာပါ။ တကယ်လို့ အမှုကို သူတို့ လက်ခံမယ်ဆိုရင်တော့ ကျနော်တို့ စုစည်းတင်ပြထားတဲ့ သက်သေအထောက်အထားတွေနဲ့ အမှုကို ဆက်လက်စစ်ဆေး စီရင်သွားဖို့ရှိပါတယ်။
အင်ကြင်းနိုင်။ ။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုပြီး တရားစွဲတဲ့နေရာမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရင်သမ္မတဟောင်းဖြစ်တဲ့ ဦးထင်ကျော်နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့် စတဲ့ အရပ်သားခေါင်းဆောင်တွေရဲ့ နာမည်တွေကို ဘာကြောင့် ထည့်သွင်းခဲ့ရသလဲရှင့်။
Mr. Quintana ။ ။ ရောမစာချုပ်အရ လူမျိုးတုန်းသတ်ဖြတ်မှု အဓိပ္ပါယ်မှာ- လူအုပ်စု နေထိုင်တဲ့ တစိတ်တပိုင်းကို ဖျက်စီးမယ်ဆိုပြီး တွက်ချက်ပြီးတော့ လူတွေရဲ့ အသက်ရှင် နေထိုင်မှု အခြေအနေကို တမင်သက်သက် ပျက်စီးဆုံးရှုံးအောင်လုပ်တဲ့ အပြုအမှုဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါက ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို ဖြစ်ပေါ်စေခဲ့တဲ့ ရောမစာချုပ်မှာ ဖွင့်ဆိုထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု အဓိပ္ပါယ်ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန်ယူတဲ့ အစိုးရကာလမှာရော အခြားနှစ်တွေ တလျောက်လုံးမှာပါ မတူတဲ့ မူဝါဒတွေ အကောင်အထည်ဖေါ်ခဲ့တယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့လည်း လူအုပ်စု နေထိုင်တဲ့ အခြေအနေကို ဖျက်စီးမယ်ဆိုပြီး တွက်ချက်ပြီးတော့ တမင်သက်သက်ပျက်စီးအောင် အစီအစဉ်တကျ လုပ်ခဲ့တာတွေ ရှိနေခဲ့တာပါ။
ဒါကြောင့် ကျနော်တို့ တရားရုံးနဲ့ အစိုးရရှေ့နေ ကို လျောက်ထားမေးမြန်းထားတာက လူမျိုးတုန်းသတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေ အားလုံးရဲ့နာမည်ကို သူတို့ရဲ့ စုံစမ်းစစ်ဆေးမယ့် စာရင်းထဲ ထည့်သွင်းဖို့ ဖြစ်ပါတယ်။ ဒါကလည်း စုံစမ်းစစ်ဆေးမှု ကြိုတင်ပမာဏအဆင့်တွေမှာပဲ ရှိပါသေးတယ်။ ၂၀၁၇ခုနှစ် နဲ့ အဲဒီမတိုင်ခင်က ရခိုင်ပြည်နယ်မှာ စစ်တပ်ကျူးလွန်တဲ့ ရက်စက်မှုတွေမှာ အစိုးရပါ အတူတကွပါဝင်နေတယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ဥပမာ- လွတ်လပ်စွာသွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းနဲ့ ကလေးမွေးဖွားနှုန်း အပါအဝင် အစိုးရအကောင်အထည်ဖေါ်တဲ့ အခြားမူဝါဒပိုင်း တော်တော်များများဟာ ရိုဟင်ဂျာတွေအပေါ် ကန့်သတ်ဖိနှိပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီနားတရားရုံးအနေနဲ့ စတင်စုံစမ်းဖို့နဲ့ ဒီပြစ်မှုကျူးလွန်မှုတွေအတွက် တာဝန်ရှိသူအားလုံးကို စုံစမ်းစစ်ဆေးဖို့ ကျနော်တို့ တောင်းဆို ထားတာဖြစ်ပါတယ်။
အင်ကြင်းနိုင် ။ ။ ဒီလို universal jurisdiction အရ အာဂျင်တီးနားကနေ အခြားနိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင်တွေကို နိုင်ငံတကာ ဥပဒေချိုးဖောက်မှုနဲ့ ပတ်သက်လို့ စစ်ဆေးစီရင်တာမျိုး နိုင်ငံတကာမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စဖြစ်ပြီး ရှုပ်ထွေးတဲ့အပိုင်းတွေရှိနေတော့ တကယ့်လက်တွေ့မှာ ပြရုပ်သက်သက်ပဲ ဖြစ်သွားမလား။
Mr. Quintana ။ ။ တကယ့်လက်တွေမှာဆိုရင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်း FFM က ထုတ်ပြန်တဲ့ အစီရင်ခံစာ အလွန်အရေးကြီးပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုကို ရည်ရွယ်ပြီး ကျူးလွန်တဲ့ လက္ခဏာရပ်တွေ အဲဒီမှာရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အဲဒီအစီရင်ခံစာထဲမှာ ရှိနေတာပါ။ ဒါအပြင် FFM ရဲ့အစီရင်ခံစာမှာ နိုင်ငံတကာအနေနဲ့ universal jurisdiction ကို အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။ ဒီအချက်ဟာ အစီရင်ခံစာမှာ အတိအကျ အကြံပြုထားတဲ့အချက်ဖြစ်ပါတယ်။ အဲတော့ ဒီစီရင်ပိုင်ခွင့်မှာ အငြင်းပွားစရာ အချက်တချို့ရှိနေတယ်ဆိုပြီး ကမ္ဘာ့နိုင်ငံ အတော်များများက လိုက်နာကျင့်သုံးတာမျိုး မရှိတဲ့အနေအထားမှာ ဆိုရင်တော့ မေးခွန်းမေးသလိုမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ်လို့ universal jurisdiction ဆိုတာ နိုင်ငံတကာမူဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းပါဝင်ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့တဲ့အထဲမှာ အာဂျင်တီးနား၊ ဂျာမနီနဲ့ အခြားနိုင်ငံတချို့မှာ ဒီလို အမှုစီရင်တဲ့ အတွေ့အကြုံတွေ ရှိထားပါတယ်။ ဒါကြောင့် ပြရုပ်သက်သက်ပဲဆိုတာမျိုး မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။
အင်ကြင်းနိုင်။ ။ ဒါဆိုရင် အခုလို အမှုဖွင့်တိုင်ကြားချက်ရဲ့ ရလာဒ်က ဘာဖြစ်မလဲရှင့်။
Mr. Quintana ။ ။ ရလာဒ်မတိုင်ခင် စိန်ခေါ်မှုအများအပြားကို ကျနော်တို့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကမ္ဘာရဲ့ တဖက်ခြမ်းမှာရှိနေတဲ့ အာဂျင်တီးနား တရားရုံးအနေနဲ့ သက်သေအထောက်အထားတွေကို စစ်ဆေးတဲ့အခါမှာ အခက်အခဲ အမြောက်အများရင်ဆိုင်ရဖို့ ရှိနေတာပါ။ ညှင်းပမ်းနှိပ်စက်ခံရသူတွေ တရားရုံးထွက်ဆိုမယ့်ကိစ္စ၊ တရားရုံးမှာ ထွက်ဆိုချက်တွေကို ကြားနာမယ့်ကိစ္စ စတာတွေဟာ တကယ့်စိန်ခေါ်မှုတွေပါ။ ဒါတောင် ဒီလိုပထမအဆင့်မှာတင် စိန်ခေါ်မှုအကြီးအကျယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီနောက် တရားရုံးအနေနဲ့ ဒီ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ဘယ်လိုဆုံးဖြတ်ချက် ချမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ဖို့ လိုပါတယ်။
အင်ကြင်းနိုင်။ ။ အာဂျင်တီးနားတရားရုံးမှာ အခုလို အမှုဖွင့်တိုင်ကြားချက်ကို ဘာမှတုန့်ပြန်ဖို့မရှိဘူးလို့ မြန်မာအစိုးရက တုန့်ပြန်ထားပါတယ်။ ဒီအပေါ်မှာ Mr. Quintana ဘယ်လိုမြင်ပါလဲ။
Mr. Quintana ။ ။ အာဂျင်တီးနားမှာ တိုင်ကြားထားတဲ့အမှုက အလွန်ကို အရေးကြီးပြီး ရှင်းလင်းပြတ်သား ပါတယ်။ ပုဂ္ဂိုလ်တဦးချင်းစီကို အမှုဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။ အစိုးရကို တရားစွဲတာမဟုတ်သလို၊ မြန်မာနိုင်ငံကို တရားစွဲတာလည်း မဟုတ်ပါဘူး။ အာဂျင်တီးနား ဖွဲ့စည်းပုံအခြေခံဥပဒေအရရော လူ့အခွင့်အရေး ကြေညာစာတမ်းအရပါ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူအနေနဲ့ တရားရုံးမှာ ကိုယ့်ကိုကိုယ် ခုခံခြေပခွင့်ရှိသလို၊ ဥပဒေပိုင်းအရ တိုင်ပင်ဆွေးနွေးခွင့်ရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ သူတို့မှာ သူတို့အခွင့်အရေးရှိပါတယ်။ တကယ်လို့ တရားရုံးက အမှုကို လက်ခံပြီး ဆက်လက်စီရင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရင် တရားရုံးမှာ ရင်ဆိုင်ဖို့ သူတို့တွေဘက်က ရှေ့နေရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ်လို့ သူတို့ဘယ်လိုပဲ သဘောထားထား အမှုအတွက် အရေးမကြီးပါဘူး။ ရှေ့နေမပါပဲလည်း တရားရုံးကနေ အမှုကို ဆက်ပြီးစီရင်သွားနိုင်ပါတယ်။ ဒါပေမယ်လို့ အခုအမှုဖွင့်တိုင်ကြားတဲ့အထဲမှာ ပါနေသူအားလုံးကတော့ ရှေ့နေရှိဖို့ အခွင့်အရေးရှိနေပါတယ်။

(Zawgyi/Unicode)
ျမန္မာစစ္ဖက္နဲ႔ အရပ္ဖက္ ေခါင္းေဆာင္ေတြက ခုခံေခ်ပဖို႔ မရွိဘူးဆိုရင္လည္း အာဂ်င္တီးနားတရားရံုးက သူတို႔တိုင္ၾကားခ်က္ကို လက္ခံမယ္ဆိုရင္ အမႈကိုဆက္လက္စီရင္သြားႏိုင္ေၾကာင္း လူ႔အခြင့္အေရးေရွ႕ေန Tomas Ojea Quintana က ဗီြအိုေအကို ေျပာပါတယ္။
ရိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ ရာဇ၀တ္က်ဴးလြန္မႈဆိုတဲ့ စဲြခ်က္နဲ႔ ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြကို သာမက ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္္္းျမင့္နဲ႔ သမၼတေဟာင္းေတြျဖစ္တဲ့ ဦးသိန္းစိန္ နဲ႔ ဦးထင္ေက်ာ္တို႔ ကိုပါ universal jurisdiction ႏိုင္ငံတကာဥပေဒခ်ဳိးေဖာက္မႈမွန္သမွ် ကမၻာ့ေနရာတိုင္းမွာ စံုစမ္း စီရင္ပိုင္ခြင့္ ဆိုတဲ့မူနဲ႔ အာဂ်င္တီးနား တရားရံုးမွာ ႏို၀င္ဘာလ ၁၃ ရက္ေန႔က အမႈဖြင့္တိုင္ၾကား ထားတာျဖစ္ပါတယ္။ ၿဗိတိန္အေျခစိုက္ ျမန္မာရိုဟင္ဂ်ာအဖဲြ႔နဲ႕ အာဂ်င္တီးနား လူ႔အခြင့္အေရးအဖဲြ႔ တခ်ဳိ႕ပူးေပါင္းၿပီး အမႈဖြင့္ထားတာပါ။
အဲဒီထဲက အာဂ်င္တီးနားလူ႔အခြင့္အေရး ေရွ႕ေန Tomas Ojea Quintana က အက်ဳိးေဆာင္ဥပေဒပညာရွင္အျဖစ္ လိုက္ပါေဆာင္ရြက္ေနတာပါ။ သူဟာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ေဟာင္းအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး၊ လက္ရွိ ေတာင္ကိုရီးယားဆိုင္ရာ ကုလသမဂလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ျဖစ္ပါတယ္။ သူ႔ကို Skype ကေန တဆင့္ မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။
အင္ၾကင္းႏိုင္ ။ ။ အာဂ်င္တီးနားတရားရံုးမွာ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ အရပ္သားေခါင္းေဆာင္ေတြကို အမႈဖြင့္ေလွ်ာက္ထားတဲ့ ေနာက္ဆံုးအေျခအေန ဘယ္ေရာက္ေနၿပီလဲရွင့္။
Mr. Quintana ။ ။ အခုလက္ရွိ အစိုးေရွ႕ေနေတြရဲ႕ လက္ထဲမွာ အမႈေလ်ာက္ထားခ်က္ေရာက္ေနၿပီး သူတို႔ အမႈစဲြခ်က္ေတြကို ေလ့လာသံုးသပ္နပါတယ္။ လာမယ့္သတင္းပတ္ေတြမွာ သူတို႔ဘက္က အမႈကို လက္ခံဖို႔ရွိမရွိ ဆံုးျဖတ္ခ်က္ခ်မွာျဖစ္ပါတယ္။ ဒါေၾကာင့္ အခုခ်ိန္မွာေတာ့ အစိုးရေရွ႕ေနရဲ႕ ဆံုးျဖတ္ခ်က္ကို က်ေနာ္တို႔ ေစာင့္ေနတာပါ။ တကယ္လို႔ အမႈကို သူတို႔ လက္ခံမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ စုစည္းတင္ျပထားတဲ့ သက္ေသအေထာက္အထားေတြနဲ႔ အမႈကို ဆက္လက္စစ္ေဆး စီရင္သြားဖို႔ရွိပါတယ္။
အင္ၾကင္းႏိုင္။ ။ ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ ရာဇ၀တ္မႈဆိုၿပီး တရားစဲြတဲ့ေနရာမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ အရင္သမၼတေဟာင္းျဖစ္တဲ့ ဦးထင္ေက်ာ္နဲ႔ လက္ရွိသမၼတ ဦး၀င္းျမင့္ စတဲ့ အရပ္သားေခါင္းေဆာင္ေတြရဲ႕ နာမည္ေတြကို ဘာေၾကာင့္ ထည့္သြင္းခဲ့ရသလဲရွင့္။
Mr. Quintana ။ ။ ေရာမစာခ်ဳပ္အရ လူမ်ဳိးတုန္းသတ္ျဖတ္မႈ အဓိပၸါယ္မွာ- လူအုပ္စု ေနထိုင္တဲ့ တစိတ္တပိုင္းကို ဖ်က္စီးမယ္ဆိုၿပီး တြက္ခ်က္ၿပီးေတာ့ လူေတြရဲ႕ အသက္ရွင္ ေနထိုင္မႈ အေျခအေနကို တမင္သက္သက္ ပ်က္စီးဆံုးရွဳံးေအာင္လုပ္တဲ့ အျပဳအမႈျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။ ဒါက ICC ႏိုင္ငံတကာရာဇ၀တ္ခံုရံုးကို ျဖစ္ေပၚေစခဲ့တဲ့ ေရာမစာခ်ဳပ္မွာ ဖြင့္ဆိုထားတဲ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈ အဓိပၸါယ္ျဖစ္ပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ တာ၀န္ယူတဲ့ အစိုးရကာလမွာေရာ အျခားႏွစ္ေတြ တေလ်ာက္လံုးမွာပါ မတူတဲ့ မူ၀ါဒေတြ အေကာင္အထည္ေဖၚခဲ့တယ္ဆိုတာ က်ေနာ္သိပါတယ္။ ဒါေပမဲ့လည္း လူအုပ္စု ေနထိုင္တဲ့ အေျခအေနကို ဖ်က္စီးမယ္ဆိုၿပီး တြက္ခ်က္ၿပီးေတာ့ တမင္သက္သက္ပ်က္စီးေအာင္ အစီအစဥ္တက် လုပ္ခဲ့တာေတြ ရွိေနခဲ့တာပါ။
ဒါေၾကာင့္ က်ေနာ္တို႔ တရားရံုးနဲ႔ အစိုးရေရွ႕ေန ကို ေလ်ာက္ထားေမးျမန္းထားတာက လူမ်ဳိးတုန္းသတ္ျဖတ္မႈမွာ တာ၀န္ရွိသူေတြ အားလံုးရဲ႕နာမည္ကို သူတို႔ရဲ႕ စံုစမ္းစစ္ေဆးမယ့္ စာရင္းထဲ ထည့္သြင္းဖို႔ ျဖစ္ပါတယ္။ ဒါကလည္း စံုစမ္းစစ္ေဆးမႈ ႀကိဳတင္ပမာဏအဆင့္ေတြမွာပဲ ရွိပါေသးတယ္။ ၂၀၁၇ခုႏွစ္ နဲ႔ အဲဒီမတိုင္ခင္က ရခိုင္ျပည္နယ္မွာ စစ္တပ္က်ဴးလြန္တဲ့ ရက္စက္မႈေတြမွာ အစိုးရပါ အတူတကြပါ၀င္ေနတယ္လို႔ က်ေနာ္တို႔ ယံုၾကည္ထားပါတယ္။ ဥပမာ- လြတ္လပ္စြာသြားလာခြင့္၊ အသက္ေမြး၀မ္းေက်ာင္းနဲ႔ ကေလးေမြးဖြားႏႈန္း အပါအ၀င္ အစိုးရအေကာင္အထည္ေဖၚတဲ့ အျခားမူ၀ါဒပိုင္း ေတာ္ေတာ္မ်ားမ်ားဟာ ရိုဟင္ဂ်ာေတြအေပၚ ကန္႔သတ္ဖိႏွိပ္ထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ အာဂ်င္တီနားတရားရံုးအေနနဲ႔ စတင္စံုစမ္းဖို႔နဲ႔ ဒီျပစ္မႈက်ဴးလြန္မႈေတြအတြက္ တာ၀န္ရွိသူအားလံုးကို စံုစမ္းစစ္ေဆးဖို႔ က်ေနာ္တို႔ ေတာင္းဆို ထားတာျဖစ္ပါတယ္။
အင္ၾကင္းႏိုင္ ။ ။ ဒီလို universal jurisdiction အရ အာဂ်င္တီးနားကေန အျခားႏိုင္ငံတႏိုင္ငံရဲ႕ ေခါင္းေဆာင္ေတြကို ႏိုင္ငံတကာ ဥပေဒခ်ဳိးေဖာက္မႈနဲ႔ ပတ္သက္လို႔ စစ္ေဆးစီရင္တာမ်ဳိး ႏိုင္ငံတကာမွာ ျဖစ္ေတာင့္ျဖစ္ခဲကိစၥျဖစ္ၿပီး ရွဳပ္ေထြးတဲ့အပိုင္းေတြရွိေနေတာ့ တကယ့္လက္ေတြ႕မွာ ျပရုပ္သက္သက္ပဲ ျဖစ္သြားမလား။
Mr. Quintana ။ ။ တကယ့္လက္ေတြမွာဆိုရင္ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး မစ္ရွင္း FFM က ထုတ္ျပန္တဲ့ အစီရင္ခံစာ အလြန္အေရးႀကီးပါတယ္။ လူမ်ဳိးတုန္းသတ္ျဖတ္မႈကို ရည္ရြယ္ၿပီး က်ဴးလြန္တဲ့ လကၡဏာရပ္ေတြ အဲဒီမွာရွိခဲ့တယ္ဆိုတဲ့ အေထာက္အထားေတြ အဲဒီအစီရင္ခံစာထဲမွာ ရွိေနတာပါ။ ဒါအျပင္ FFM ရဲ႕အစီရင္ခံစာမွာ ႏိုင္ငံတကာအေနနဲ႔ universal jurisdiction ကို အသံုးျပဳၾကဖို႔ တိုက္တြန္းထားပါတယ္။ ဒီအခ်က္ဟာ အစီရင္ခံစာမွာ အတိအက် အႀကံျပဳထားတဲ့အခ်က္ျဖစ္ပါတယ္။ အဲေတာ့ ဒီစီရင္ပိုင္ခြင့္မွာ အျငင္းပြားစရာ အခ်က္တခ်ဳိ႕ရွိေနတယ္ဆိုၿပီး ကမၻာ့ႏိုင္ငံ အေတာ္မ်ားမ်ားက လိုက္နာက်င့္သံုးတာမ်ဳိး မရွိတဲ့အေနအထားမွာ ဆိုရင္ေတာ့ ေမးခြန္းေမးသလိုမ်ဳိး ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ္လို႔ universal jurisdiction ဆိုတာ ႏိုင္ငံတကာမူျဖစ္ၿပီး ႏိုင္ငံတကာအသိုင္းအ၀ိုင္းက ပူးေပါင္းပါ၀င္ခဲ့တဲ့ ျဖစ္ရပ္ေတြရွိခဲ့တဲ့အထဲမွာ အာဂ်င္တီးနား၊ ဂ်ာမနီနဲ႔ အျခားႏိုင္ငံတခ်ဳိ႕မွာ ဒီလို အမႈစီရင္တဲ့ အေတြ႕အႀကံဳေတြ ရွိထားပါတယ္။ ဒါေၾကာင့္ ျပရုပ္သက္သက္ပဲဆိုတာမ်ဳိး မဟုတ္ဘူးလို႔ က်ေနာ္တို႔ ယံုၾကည္ပါတယ္။
အင္ၾကင္းႏုိင္။ ။ ဒါဆိုရင္ အခုလို အမႈဖြင့္တိုင္ၾကားခ်က္ရဲ႕ ရလာဒ္က ဘာျဖစ္မလဲရွင့္။
Mr. Quintana ။ ။ ရလာဒ္မတိုင္ခင္ စိန္ေခၚမႈအမ်ားအျပားကို က်ေနာ္တို႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ကမၻာရဲ႕ တဖက္ျခမ္းမွာရွိိေနတဲ့ အာဂ်င္တီးနား တရားရံုးအေနနဲ႔ သက္ေသအေထာက္အထားေတြကို စစ္ေဆးတဲ့အခါမွာ အခက္အခဲ အေျမာက္အမ်ားရင္ဆိုင္ရဖို႔ ရွိေနတာပါ။ ညွင္းပမ္းႏွိပ္စက္ခံရသူေတြ တရားရံုးထြက္ဆိုမယ့္ကိစၥ၊ တရားရံုးမွာ ထြက္ဆိုခ်က္ေတြကို ၾကားနာမယ့္ကိစၥ စတာေတြဟာ တကယ့္စိန္ေခၚမႈေတြပါ။ ဒါေတာင္ ဒီလိုပထမအဆင့္မွာတင္ စိန္ေခၚမႈအႀကီးအက်ယ္နဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ အဲဒီေနာက္ တရားရံုးအေနနဲ႔ ဒီ စိန္ေခၚမႈေတြကို ေက်ာ္လႊားၿပီး ဘယ္လိုဆံုးျဖတ္ခ်က္ ခ်မလဲဆိုတာ က်ေနာ္တို႔ ေစာင့္ၾကည့္ဖို႔ လိုပါတယ္။
အင္ၾကင္းႏိုင္။ ။ အာဂ်င္တီးနားတရားရံုးမွာ အခုလို အမႈဖြင့္တိုင္ၾကားခ်က္ကို ဘာမွတုန္႔ျပန္ဖို႔မရွိဘူးလို႔ ျမန္မာအစိုးရက တုန္႔ျပန္ထားပါတယ္။ ဒီအေပၚမွာ Mr. Quintana ဘယ္လိုျမင္ပါလဲ။
Mr. Quintana ။ ။ အာဂ်င္တီးနားမွာ တိုင္ၾကားထားတဲ့အမႈက အလြန္ကို အေရးႀကီးၿပီး ရွင္းလင္းျပတ္သား ပါတယ္။ ပုဂၢိဳလ္တဦးခ်င္းစီကို အမႈဖြင့္ တိုင္ၾကားထားတာျဖစ္ပါတယ္။ အစိုးရကို တရားစဲြတာမဟုတ္သလို၊ ျမန္မာႏိုင္ငံကို တရားစဲြတာလည္း မဟုတ္ပါဘူး။ အာဂ်င္တီးနား ဖဲြ႔စည္းပံုအေျခခံဥပေဒအရေရာ လူ႔အခြင့္အေရး ေၾကညာစာတမ္းအရပါ ျပစ္မႈက်ဴးလြန္ေၾကာင္း စြပ္စဲြခံရသူအေနနဲ႔ တရားရံုးမွာ ကိုယ့္ကိုကိုယ္ ခုခံေျခပခြင့္ရွိသလို၊ ဥပေဒပိုင္းအရ တိုင္ပင္ေဆြးေႏြးခြင့္ရွိပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ ဆံုးျဖတ္ခ်က္ပဲျဖစ္ပါတယ္။ သူတို႔မွာ သူတို႔အခြင့္အေရးရွိပါတယ္။ တကယ္လို႔ တရားရံုးက အမႈကို လက္ခံၿပီး ဆက္လက္စီရင္ဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ရင္ တရားရံုးမွာ ရင္ဆိုင္ဖို႔ သူတို႔ေတြဘက္က ေရွ႕ေနရွိဖို႔ လိုအပ္ပါလိမ့္မယ္။ ဒါေပမယ္လို႔ သူတို႔ဘယ္လိုပဲ သေဘာထားထား အမႈအတြက္ အေရးမႀကီးပါဘူး။ ေရွ႕ေနမပါပဲလည္း တရားရံုးကေန အမႈကို ဆက္ၿပီးစီရင္သြားႏိုင္ပါတယ္။ ဒါေပမယ္လို႔ အခုအမႈဖြင့္တိုင္ၾကားတဲ့အထဲမွာ ပါေနသူအားလံုးကေတာ့ ေရွ႕ေနရွိဖို႔ အခြင့္အေရးရွိေနပါတယ္။

No comments:

Post a Comment

Note: Only a member of this blog may post a comment.