ဦးထွန်းမြိုင်ကို ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ်တွင် အဖ ဦးဖိုးမြိုင် (သမာဓိမြို့ဝန်ဟောင်း) အမိ ဒေါ်လုံတို့မှ ၁၉၂၀ ပြည့်နှစ် ဇွန်လ (၃၀)ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်မှ B.A .B.Lဘွဲ့များရရှိခဲ့သည်။ Union A.V:School ကျောင်းတွင် ကျောင်းအုပ်အဖြစ် လည်းကောင်း စပါယ်ရှယ်ကောလိပ် ကျောင်းအုပ်အဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည် ကာကွယ်ရေး ဝန်ကြီးဌာနတွင် ဗိုလ်မှူး ဒုလက်ထောက် စစ်ရေးချုပ် စစ်ရေးချုပ်ရုံး (ငြိမ်း) အဖြစ် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်မှ လွတ်လပ်ရေး မော်ကွန်းဝင် (တတိယအဆင့်)ကို ပေးအပ်ချီးမြှင့်ခြင်း ခံရသည် တပ်မတော်မှ အငြိမ်းစားယူပြီးနောက် မင်္ဂလာတောင်ညွှန်မြို့နယ် သိမ်ဖြူလမ်း နေအိမ်တွင်နေထိုင်ရင်း ၁၉၈၁ ခုနှစ် မေလ(၃) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။
ဗိုလ်မှူးထွန်းမြိုင် သက်ရှိထင်ရှားရှိစဉ် ကတည်းကပင် တဖြည်းဖြည်းပျောက်ကွယ်လု နီးပါးဖြစ်လာနေသည့် မိမိတို့ ကမန်လူမျိုးစုတို့၏ အခြေနေကို ရိပ်စားမိသည်နှင့်အညီ ကမန်မျိုးနွယ်စုဝင်များ၏ သာရေးနာရေး လူမှူရေးအသင်းကို အခြေခံသည့် အသင်းငယ်တစ်ခုဖြစ်မြောက်လာစေရန် ဦးဆောင်ဦးရွက်ပြု ကြိုးပမ်းခဲ့သည်
ကမန်မျိုးနွယ်စုများ၏ ချစ်ခင်လေးစား အားထားခြင်းခံရသူ ဦးထွန်းမြိုင်၏ မျိုးနွယ်စုရေးရာကြိုးပမ်းမှူများ ရည်မှန်းချက်ပန်းတိုင် သို့ မရောက်မီမှာပင် ရုတ်တရက် ကွန်လွန်သွားခဲ့ခြင်းကြောင့် ကမန်လူငယ်ထုအတွက် လှေလှော်ရင်း တက်ကျိုး ခဲ့စေသည့် အဖြစ်မျိုး ကြုံခဲ့ရသည် ဤကဲ့သို့ မိမိလူမျိုးစုအတွက် သောကထားရှိကာ ဦးဆောင်ဦးရွက်ပြုကြိုးပမ်းခဲ့သူ ကမန်အမျိုးသားကောင်း တစ်ဦးပီသသည့် ဦးထွန်းမြိုင်အား ဤသမိုင်း (စာတမ်း) တွင် ဂုဏ်ပြုခံပုဂ္ဂိုလ် တစ်ဦးအဖြစ် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
ကမန်လူမျိုးများ အနက် (ဘာသာကူးပြောင်းကိုးကွယ်သူ အချို့မှ လွှဲ၍) ကျန် ကမန်လူမျိုးစုအများစုသည့် အစ္စလာမ်ဘာသာဝင်များဖြစ်ကြပါသည်။
ကိုးကား
———
မောင်ဆန္ဒ(လယ်ဝေး) ကမန်မျိုးနွယ်စုသမိုင်း ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ (နိုင်ငံဂုဏ်ရည်စာပေတိုက်)ကုန်သည်လမ်း၊ စာပေဗိမာန်၊ ရန်ကုန်မြို့။

No comments:
Post a Comment
Note: Only a member of this blog may post a comment.