Breaking

December 27, 2019

ရခိုင် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာ သမ္မတ ထံတင်မည်

စွမ်းရဲထွဋ် 21 Dec 2019   |  


ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ ၂ဝ၁၇ ခုနှစ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲ ချက်များအတွက်ခိုင်လုံသည့်အထောက် အထားများပါရှိမည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)၏နောက်ဆုံးအစီရင်ခံစာကို ၂ဝ၂ဝ ပြည့်နှစ်  ဇန်နဝါရီလလယ်ပိုင်းတွင် နိုင်ငံတော်သမ္မတထံ တင်သွင်းမည် ဖြစ်ကြောင်း ICOE က ဒီဇင်ဘာ၂ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
ICOE ၏ (၁၄)ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၌ ဒီဇင် ဘာ ၁၉ ရက်နှင့် ၂ဝ ရက်များက ပြု လုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် နောက်ဆုံးအစီရင်ခံစာအတွက် ကျယ် ပြန့်သောဆွေးနွေးမှုများ  ပြုလုပ်ခဲ့ ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်း က ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောနယ်မြေတို့တွင် အကြမ်း ဖက်တိုက်ခိုက်မှုများကိုတုံ့ပြန်ရာ လုံ ခြုံရေးတပ်ဖွဲ့ဝင်များ၏ ထင်ရှားသော လူ့အခွင့်အရေးချိုးဖောက်မှုများအဖြစ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁ဝ ဦး သတ်ဖြတ်မှုနှင့် ဂူတာပြင် သတ်ဖြတ် မှုဟူ၍ လူသိများခဲ့ပြီး အခြားသော နေရာများတွင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက အလုံးအရင်းဖြင့်ကျူးလွန် ခဲ့သည်ဆိုသောစွပ်စွဲချက်များ ကျယ် ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။
အင်းဒင်လူသတ်မှုအတွက် တာဝန် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထောင်ဒဏ်ချမှတ်ခဲ့သည့်တိုင် တစ်နှစ် မပြည့်ခင်မှာပင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ဆုံးဖြတ်ချက်ဖြင့် ပြန် လွှတ်ပေးခဲ့ရာ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ ယင်းအချက်အပေါ် ထောက်ပြထိုးနှက်ခြင်းကို မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရသည်။
လက်ရှိတွင် တပ်မတော်အကျဉ်း စစ်တရားရုံးက ဂူတာပြင်သတ်ဖြတ်မှု ဖြစ်စဉ်အတွက် စစ်ဆေးမှုများပြုလုပ် နေပြီး ယင်းဖြစ်စဉ်တွင် အရာရှိနှင့် အခြားအဆင့်များ ပါဝင်သည်ဟု
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားသည်။
ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာ ရီယို မယ်နာလို ဦးဆောင်သည့် လွတ် လပ်သော  စုံစမ်းစစ်ဆေးရေးကော် မရှင်(ICOE)အစီရင်ခံစာတွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ ဥပဒေချိုးဖောက် မှုများပါရှိပါက   စုံစမ်းစစ်ဆေးကာ အရေးယူမှုများ  ထပ်မံလုပ်ဆောင် မည်ဟု တပ်မတော်ကထုတ်ပြန်ထား သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.