RB News
11.5.2013
မဟာဝိဟိက တိုင်းဟူသည် မည်သည်နည်း-
မြန်မာ အင်ပါယာ ပြည့်ရှင် ရှေ့ဗမာမင်း များက ရခိုင် နယ်ကြီး အား မဟာ ၀ိဟိက
တိုင်းဟာ ခေါ်တွင် ခဲ့ သည်။ တနည်း အားဖြင့် ယခု ခေတ်တွင် ရခိုင် ပြည်နယ်ဟု
ခေါ်တွင် နေသော တိုင်း ဒေသသည် မဟာ ၀ိဟိက တိုင်းကြီး ဖြစ်သည်။ မဟာ ၀ိဟိက
ဆိုသည့် အမည် နာမမှာ ရက္ခပူရ ဟူသော အမည် နာမမှ သော် လည်းကောင်း၊ ရက္ခု ဟူသည့်
အမည် နာမမှ သော် လည်းကောင်း အသံ ပြောင်းလဲ ဆင့်ပွား ဖြစ်လာခြင်း မဟုတ်ပေ။
အဘယ် ကြောင့် ဆိုသော်- ရှေး မြန်မာ မင်းတို့၏ ပြန်တမ်း များ မှတ်တမ်း
များ၌ပင် မဟာ ၀ိဟိ က တိုင်းဖြစ်သော ရခိုင် နယ်ကြီး၏ အကြောင်း
သည်ကား--၊ဟူ၍အစပြုမှတ်တမ်းတင်ထား သော ကြောင့်- ထိုဒေသ ကြီးအား မြန်မာတို့
နားလည် ထားသည် မှာ ရခိုင် နယ်ကြီးဟု နားလည် ထားကြောင်း-၊ အမှန် တစ်ကယ်
ထိုနယ်ကြီး၏ အမည် မှန်မှာ မဟာ ၀ိဟိက သို့မဟုတ် ၀ိဟိက လူမျိုးများ
နေထိုင်သည့် တိုင်း ဒေသ ကြီး ဖြစ်ကြောင်း ထင်ရှား နေပါသည်။ ယခု ခေတ်တွင်
ကျွန်ုပ်တို့ မြန်မာ များက ကျင်းန် (ကျီနား- ချီးနား- စီးန်၊ စီးနား -
China) ဟူသည်အား တရုတ် ဟုနားလည် ထား သကဲ့သို့ ပင် ဖြစ်သည်။ ကျွန်ုပ် ရေးသား
ပြသော ကျင်းန်၊ ကျီးနား၊ ချီးနား၊ စီးန်၊ စီးနား ဆိုသည့် အသံထွက် များမှာ
လည်း ကျွန်ုပ်တို့ နားလည် နေသည့် တရုတ် လူမျိုးတို့ ပြောသော အသံအား-
မြန်မာစာ အက္ခရာဖြင့် အသံ ထွက်နီးစပ် စေရန် လိုက်ရေး ရခြင်းသာ ဖြစ်၍ မည်သည့်
အသံ ထွက်က ပိုမို နီးစပ်သည်၊ တိကျ သည် ဟု ပြောဆို ရန်ခက် ပေသည်။ အလား
တူပင် ယနေ့ သိနေသော Japan (ဂျပန်) ဆိုသည် ကိုလည်း ကျွန်ုပ် တို့ မြန်မာ
စာများ၏ အစောပိုင်း ကာလ များက နိပွန် ဟု မှတ်တမ်း တင်ခဲ့ ပေသည်။ ဂျပန်
လူမျိုး တစ် ဦးနှင့် ကျွန်ုပ် တွေ့၍ မေးကြည့် သောအခါ သူက ယိပွန် နှင့်
ယိပန် အသံ ထွက်ကြားမှ အသံဖြင့် ပြောဆို သည်ကို ကျွန်ုပ် ကြားမိသည်-
သို့သော် မြန်မာ စာဖြင့် ချရေးရန် ခက်ခဲ ပေသည်။
အလား တူပင်- ရှေးမြန်မာ မင်းများ၏ မှတ်တမ်းတွင် မြန်မာတို့ နားလည်သော
ရခိုင် နယ်ကြီးမှာ မဟာဝိဟိ ကတိုင်း ဖြစ်သည် ဟုမှတ်တမ်း အတိ အကျ ရှိနေ
ပေသည်။ မဟာ ၀ိဟိကတိုင်း ဟာ ခေါ်တွင် ခဲ့သော ကာလ မှာလည်း ကုန်း ဘောင် ခေတ်လယ်
ဘိုးတော် ဘုရား ရခိုင် ဒေသအား ၀င်ရောက် ထိန်းသိမ်းသော ကာလထိ ဖြစ်၍ အင်္ဂလိပ်
များ ရခိုင်သို့ မအုပ်ချုပ်မှီ ကာလထိ ၀ိဟိကတိုင်းဟု ခေါ်တွင် ခဲ့ခြင်း
ဖြစ်သည်။ (ကုန်းဘောင်ဆက် မဟာ ရာဇ၀င်တော် ကြီး- ဒုတိယတွဲ စာမျက်နှာ ၂၆)
မဟာဝိဟိက- ဟူသော အမည်မှာ ရခိုင် စကား မဟုတ် သကဲ့သို့ ရခိုင် လူမျိုး၏
အမည်လည်း မဟုတ်ပေ။ ထိုစကားလုံး ဝေါဟာရ သည်- ပါဠိ မှဆင်းသက် လာသော အမည်
နာမလည်း မဟုတ်ပေ။ ပါဠိ အဘိဓာန် တွင် ၀ိဟိက ဟူသည့် ဝေါဟာရ မရှိပေ။
ကုန်းဘောင် ခေတ် နောက်ပိုင်းတွင် မြန်မာ များသည် ပါဠိ ဝေါ ဟာရ စကားလုံး
များထက် မြန်မာ ဝေါဟာရ စကားလုံး များကိုသာ ပိုမို အားစိုက် သုံးစွဲသော ခေတ်
ကာလ လည်း ဖြစ်ပေသည်။
ထိုစကားလုံး- မဟာဝိဟိက ၏ နောက်သို့ လိုက်သော် ၁၇၉၉ ခုထုတ် Asiatic
Researches, Volume The Fifth စာမျက်နှာ ၂၂၃ တွင် Mahommedans Settled at
Arakan, call the country Rovingaw ဟူသည် ကိုတွေ့ ရပေသည်။ အဆိုပါ Rovingaw
ဆိုသည့် စကားလုံးအား ရခိုင် ဒေသမှ မဟာမေဒင် များက ၀ိုဟင်ဂ၊ ၀ိုဝံဂ စသည်
တို့ဖြင့် နီးစပ်သော အသံဖြင့် ဆို၍- အဆိုပါ မဟာမေဒင် ရိုဟင်ဂျာ များက
သူတို့ လူမျိုးအား မည်သို့ ခေါ် သနည်းဟု မေးလိုက်လျှင် သူတို့ ဖြေသည့်
အသံမှာ ၀ိုဟင်းဂ၊ ရ၀န်ဂ (ရ နှင့် ၀ ရော ထွက်သော အသံ သို့မဟုတ် ၀ ဟထိုး
အသံ)၊ ၀ိုဝန်းဂါ စသည် တို့နှင့် နီးစပ်သော အ သံဖြင့် ပြော ဆိုခြင်း
ဖြစ်သည်၊ ၁၉၆၀ ပြည့် ဇူလိုင်လ ထုတ် မြ၀တီ မဂ္ဂဇင်းတွင် စာရေး ဆ ရာ မောင်
သံလွှင်က ရိုးဝန် ညှာ ဟုရေးသည်။ ထိုသို့ ရိုဟင်ဂျာလူမျိုး တို့၏ပြောဆိုသော
လေသံအားမြန်မာတို့မှ အနီး စပ် ဆုံး ရေးသား မှတ်တမ်း တင်ခဲ့ ရာမှ- ၁၉၆၄
ခုထုတ် မြန်မာ့ စွယ်စုံကျမ်း အတွဲ ၉၊ စာမျက်နှာ ၉၀ တွင် ရိုဟင်ဂျာ လူမျိုး
ဟု မြန်မာစာ အသံ ထွက်အား ရေးသား သတ်မှတ် လိုက်၍ ယခုအခါ မြန်မာ စာပေ၌
ရိုဟင်ဂျာ ဟု ရေးသား အတည်ပြု လာခြင်း ဖြစ်သည်။
၎င်းသည် လည်း-ပကတိ အမှန် စင်စစ် အားဖြင့် သူတို့ စကား သူတို့ အသံဖြင့်
နီးစပ်သော အသံ မျှ သာ ဖြစ်သည်။ သို့ဖြစ်၍ ၀ိုအံဂ၊ ၀ိုဟံဂ အား ရှေးမြန်မာ
တို့က သူတို့ နားလည် ယူသော အသံဖြင့် ၀ိဟိက ဟုရေးသား မှတ်တမ်း တင်ခြင်းသာ
ဖြစ်၍ ၎င်းတို့၏ ဇာတိနယ်မြေအား မဟာ ၀ိဟိကတိုင်းဟု မှတ်တမ်း တင်ခဲ့ခြင်း
ဖြစ်သည်။
အလား တူပင်- ရခိုင် ဆိုသည် ကိုလည်း ရက္ခိုင် ဟု ရေးသား ခဲ့သည့် အပြင်
အသံထွက် အားဖြင့် ယခိုင် ဟု သာ ခေါ်ဆို နေဆဲ ဖြစ်သည်။ ရှမ်းကိုလည်း အလား
တူပင် နီးစပ် စွာသာ အသံထွက် နိုင်သေးသည်။ အချို့က သျှမ်း ဟု ရေး၍ အသံ
ထွက်မှာ (ဆမ်း) ဆိုသည်နှင့် နီးစပ်မှု ရှိသည်။ မြန်မာ နိုင်ငံနေ တိုင်းရင်း
သား တို့၏ ဘာသာ စကား များ၊ အသံထွက် များအား မြန်မာ စာဖြင့် မှတ်တမ်း
တင်ရာတွင် နီးစပ် မှုသာ ရှိ၍ တည့် တည့် မကျသော ဝေါဟာရ ပေါင်း-များစွာ ရှိနေ
သည်ကို စာပေ သမားတိုင်း လက်ခံ ထားပေ သည်။
ထိုမဟာ ၀ိဟိကတိုင်း ကြီးအား- ရှေးအခါက အိန္ဒိယ တောင်ပိုင်း သားများ စတင်
အခြေချ သည်ဟု အိန္ဒိယ လူမျိုး များက နားလည် ထား၍ ထိုဒေသအား ရက္ခပူရ ဟု
သတ်မှတ် ခဲ့သည်။ နောက်ပိုင်းတွင် ဗမာ လူမျိုးစု များက ယခု မြန်မာ ပြည်မ
ကြီး၏ အလယ် ပိုင်းအား ထီးနန်း စိုက်ထူ အုပ်ချုပ်ပြီး ကာလနှင့် ထီးနန်း
မစိုက် ထူမှီ အစောပိုင်း ၀င် ရောက်ခဲ့သော ဗမာ လူမျိုးစု ရှေးဦး အသုတ်
အုပ်စု များကလည်း အိန္ဒိယ သားတို့ ထင်မှတ် ခေါ်ဆို သည့် အတိုင်း ရက္ခပူရ
ရခိုင် နယ်ဟု ခေါ်စမှတ် ရှိခဲ့သည်။ သို့သော် အမှန် တစ်ကယ်တွင် ထိုဒေသ
ကြီးသည်ကား ရက္ခု သို့မဟုတ် ရက္ခ လူမျိုးတို့ နေထိုင် လွှမ်းမိုးသော ဒေသ
မဟုတ်ဘဲ ၀ိုဟင်ဂ လူမျိုးများသာ နေထိုင်လွှမ်းမိုးသော ဒေသဖြစ်သည်။
ထို့ကြောင့် အာနန္ဒ စန္ဒြ ကျောက်စာ တွင်- အ ရက္ခ ဒေစ (ရက္ခ လူမျိုး တို့၏ ဒေသ
မဟုတ်) ဟု ခိုင်ခိုင် မာမာ ကြေငြာ ခဲ့ခြင်း ဖြစ်သည်။ ၀ိုဟင်ဂ (ရိုဟင်ဂျာ)
လူမျိုး တို့သည် ရခိုင်နယ် (မဟာ ၀ိဟိကတိုင်း) ၏ မူလ ဘူတ လူမျိုး များဖြစ်၍-
ခေတ်အဆက် ဆက်တွင် ဟိန္ဒူ ဘာသာ၊ ဗုဒ္ဓ ဘာသာနှင့် အစ္စလာမ် သာသနာ တို့၏ ခေတ်
အလိုက် ပြောင်းလဲ သက်ဝင် ခဲ့ခြင်းသာ ဖြစ်ပေသည်။
ဌေးလွင်ဦး
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
No comments:
Post a Comment
Note: Only a member of this blog may post a comment.