Breaking

December 31, 2019

စွန့်ပစ်ရေဆိုးရေညစ်တွေကို သုံးပြီး အီဂျစ်သဲကန္တာရ ထဲမှာ သစ်တောအုပ်ဖန်တီး


No photo description available.



လွင်တီးခေါင်ကန္တာရ ကျယ်ပြန့်လာခြင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် အီဂျစ်ရှေးဟောင်းနယ်မြေရဲ့ အဓိက ပြဿနာကြီး ဖြစ်လို့နေတာပေါ့။
အီဂျစ်နိုင်ငံမှာ ၉၆ ရာခိုင်နူန်းသော မြေနေရာတွေက လွင်တီးခေါင် ဖြစ်လို့ နေပါသတဲ့။
ယခုအခါ ဆူးအတ်တူးမြောင်းကနေ ၁၀မိုင်လောက် သွားရတဲ့ နေရာမှာ သစ်တောအုပ်တစ်ခု ပေါ်လာပါတယ်။ သစ်မာပင်များ၊ မဟော်ဂနီပင်များ နဲ့ စိမ်းမြနေတဲ့ တောအုပ်ဟာ လိမ္မော်ရောင် သဲကန္တာရကြိး နဲ့ ကောင်းကင်ပြာ ကြီးကြားမှာ ပေါ်လာခဲ့ပါတယ်။
ဆီရာပီယမ် လို့ အမည်ပေးထားတဲ့ အဆိုပါ တောအုပ်ဟာ ကန္တာရထူပြောလာခြင်းကို တားဆီးမယ့် အစီအစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။
သစ်တောကို ဖန်တီးတဲ့ ရေတွေဟာ စွန့်ပစ်ရေဆိုးရေညစ်တွေနဲ့ချည်းပဲ ဖြစ်ပါတယ်။ အနီးအနား အီဂျစ်မြို့ကြီး တစ်မြို့က နှစ်စဉ်ထုတ်တဲ့ ရေဆိုးတန်ချိန်များကို အလကားမဖြစ်ရလေအောင် တောအုပ်ဖန်တီးရာမှာ သုံးခဲ့တာ ဖြစ်ပါတယ်။
အီဂျစ်သိပ္ပံပညာရှင်တွေဟာ ရေဆိုးစွန့်ပစ်မှုတွေကိုသုံးပြီး ပြန်လည်စိမ်းလန်းရေးစီမံကိန်းတွေကို ရည်မှန်းချက် ကြီးကြီးနဲ့ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
#InternationalGoodNews
Good News - Myanmar မှ ကူးယူဖော်ပြပါတယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.