
(Zawgyi / Unicode)
တ႐ုတ္ႏုိင္ငံေတာ္ေကာင္စီ၀င္နဲ႔ ႏုိင္ငံျခားေရး၀န္ႀကီး ၀မ္ယိဟာ
ျမန္မာႏုိင္ငံကို ေရာက္ရွိေနၿပီး ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္၊
ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ ဒီကေန႔
ေတြ႔ဆံုပါတယ္။
႐ုိဟင္ဂ်ာေတြကို လူမ်ဳိးတုံးသတ္ျဖတ္မႈနဲ႔ ႏိုင္ငံတကာတရား႐ုံး (ICJ) မွာ
အမႈရင္ဆိုင္ဖို႔ နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕ကို ေဒၚေအာင္ဆန္းစုၾကည္
မထြက္ခြာခင္မွာ ႏုိင္ငံျခားေရး၀န္ႀကီး ၀မ္ယိ ျမန္မာႏိုင္ငံကို ေရာက္လာတာပါ။
ဒီကေန႔ ေတြ႔ဆံုရာမွာေတာ့ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံၾကား ကုန္သြယ္ေရး၊
ေဒသတြင္းနဲ႔ ႏုိင္ငံတကာ မ်က္ႏွာစာမွာ ၂ ႏုိင္ငံ နီးကပ္စြာ
ပူးေပါင္းေဆာင္ရြက္ေရး စတာေတြကို ဘက္စံု ပူးေပါင္းျမႇင့္တင္သြားဖို႔
ေဆြးေႏြးခဲ့ၾကတယ္လို႔ ျမန္မာေခါင္းေဆာင္ေတြရဲ႕ Facebook စာမ်က္ႏွာမွာ
ေဖာ္ျပထားပါတယ္။
ဒါေပမယ့္လည္း ေဆြးေႏြးပြဲအတြင္း တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး ၀မ္ယိဟာ
ျမန္မာႏိုင္ငံအေနနဲ႔ ICJ မွာ အမႈရင္ဆိုင္ ေျဖရွင္းရမွာေတြနဲ႔ ပတ္သက္ၿပီး
ေဆြးေႏြးအႀကံေပးႏုိင္ေၾကာင္း ေလ့လာသူေတြက သံုးသပ္ပါတယ္။
၂၀၁၈ ခုႏွစ္အတြင္း ျမန္မာအစိုးရ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းတဲ့
စစ္ဆင္ေရးေတြေၾကာင့္ ရခုိင္ျပည္နယ္က ႐ုိဟင္ဂ်ာေတြ ပါ၀င္တဲ့ ဒုကၡသည္
သိန္းနဲ႔ခ်ီဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္သြားၾကရသလို
အဲဒီစစ္ဆင္ေရးအတြင္း လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ အဓမၼ သတ္ျဖတ္မႈေတြ၊
ညွဥ္းပန္းႏွိပ္စက္မႈေတြဟာ လူမ်ဳိးတုံးသတ္ျဖတ္မႈ ေျမာက္တယ္ဆိုၿပီး OIC
အစၥလာမၼစ္ ပူးေပါင္းေဆာင္ေရးအဖြဲ႔ ကိုယ္စား ဂမ္ဘီယာႏုိင္ငံက ICJ မွာ
ျမန္မာႏိုင္ငံကို တရားစြဲခဲ့တာပါ။
ICJ မွာ ဒီအမႈကို ဒီဇင္ဘာ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ ၾကားနာစစ္ေဆးမွာ
ျဖစ္ပါတယ္။ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့
ညႇဥ္းပန္းသတ္ျဖတ္မႈေတြ ရွိခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို အစဥ္တစိုက္
ျငင္းဆိုထားခဲ့ဖူးပါတယ္။
---------------------------------
(Unicode)
တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ
တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ
မြန်မာနိုင်ငံကို ရောက်ရှိနေပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဒီကနေ့
တွေ့ဆုံပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ
အမှုရင်ဆိုင်ဖို့ နယ်သာလန်နိုင်ငံ The Hague မြို့ကို ဒေါ်အောင်ဆန်းစုကြည်
မထွက်ခွာခင်မှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို
ရောက်လာတာပါ။
ဒီကနေ့ တွေ့ဆုံရာမှာတော့ တရုတ်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေး၊
ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာမှာ ၂ နိုင်ငံ နီးကပ်စွာ
ပူးပေါင်းဆောင်ရွက်ရေး စတာတွေကို ဘက်စုံ ပူးပေါင်းမြှင့်တင်သွားဖို့
ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာခေါင်းဆောင်တွေရဲ့ Facebook စာမျက်နှာမှာ
ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ
မြန်မာနိုင်ငံအနေနဲ့ ICJ မှာ အမှုရင်ဆိုင် ဖြေရှင်းရမှာတွေနဲ့ ပတ်သက်ပြီး
ဆွေးနွေးအကြံပေးနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း မြန်မာအစိုးရ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့
စစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ပါဝင်တဲ့ ဒုက္ခသည်
သိန်းနဲ့ချီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြရသလို
အဲဒီစစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အဓမ္မ သတ်ဖြတ်မှုတွေ၊
ညှဉ်းပန်းနှိပ်စက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်ဆိုပြီး OIC
အစ္စလာမ္မစ် ပူးပေါင်းဆောင်ရေးအဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ မှာ
မြန်မာနိုင်ငံကို တရားစွဲခဲ့တာပါ။
ICJ မှာ ဒီအမှုကို ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာစစ်ဆေးမှာ
ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့
ညှဉ်းပန်းသတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက်
ငြင်းဆိုထားခဲ့ဖူးပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.