
Image caption
ပါမောက္ခ ကလော့စ် ခရက်စ်ဟာ နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူ ဖြစ်ပါတယ်
အပြည်ပြည်ဆိုင်ရာတရားရုံးအိုင်စီဂျေမှာ
မြန်မာနိုင်ငံ အပေါ် ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတဲ့ အမှုကို
ကြားနာဆုံးဖြတ်တဲ့အခါမှာ မြန်မာနိုင်ငံဘက်က
ကိုယ်စားပြုခန့်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးတစ်ဦးကို ဂျာမန် နီနိုင်ငံ
ကိုလုံးတက္ကသိုလ်က ပါမောက္ခ တစ်ဦးကို ခန့်ထားလိုက်ပါတယ်။
အဲဒီပါမောက္ခ ကတော့ ပါမောက္ခClaus Kress ဆိုတဲ့ သူ ဖြစ်ပါတယ်။အဲဒီတရားသူကြီး နေရာဟာ မြန်မာလိုပြောရရင် ရှောင်တခင်တရားသူကြီးလို့ ပြောရမယ်လို့ ဥပဒေ ပညာရှင် ဒေါက်တာမြင့်ဇံက ဘီဘီစီ ကို ပြောပါတယ်။
ဒီတရားသူကြီးဟာ မြန်မာနိုင်ငံ အတွက် ရပ်တည်မှာဖြစ်ပြီးတော့ အပြည်ပြည်ဆိုင်ရာ တရားရုံး ဆုံးဖြတ်ချက်တွေ မှာ မြန်မာနိုင်ငံ အတွက်ခုခံ ပြီးကွဲလွဲ တဲ့အမြင်တွေ ရှိရင် သူကရေးပေးရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက် ကငှားရမ်းတဲ့ ရှေ့နေလိုဘဲ သူကို လည်း အခကြေးငွေ ပေးရဖို့ရှိတယ်လို့လည်း ဒေါက်တာမြင့်ဇံ က ပြောပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.