Breaking

December 17, 2019

မြန်မာစစ်အရာရှိတွေ ရာဇဝတ်မှုကျူးလွန်တယ်လို့ ပြောဖို့စောသေးကြောင်း ICC ရှေ့နေပြော

(Zawgyi/Unicode)
ျမန္မာအာဏာပိုင္ေတြက ရိုဟင္ဂ်ာေတြ အေပၚ ဆန္႔က်င္က်ဴးလြန္တဲ႔ ရာဇ၀တ္မႈေတြနဲ႔ ပတ္သက္ၿပီး ICC ႏုိင္ငံတကာ ရာဇ၀တ္ျပစ္မႈဆိုင္ရာ ခံုရံုး ICC တရားသူႀကီးေတြက မၾကာခင္က စံုစမ္းခြင့္ ျပဳထားၿပီး ျဖစ္ေပမယ္လို႔လည္း ဒီအေရးမွာ ျမန္မာ စစ္တပ္ အႀကီးအကဲေတြ ပါ၀င္ ပတ္သက္သလားဆိုတာကေတာ့ ေျပာဖို႔ ေစာလြန္းေနေသးတယ္လို႔ ICC ရဲ႕ ေရွ႕ေနခ်ဳပ္ Fatou Bensouda က France 24 နဲ႔ သီးသန္႔ ေတြ႔ဆံု ေမးျမန္းမႈ အတြင္း ေျပာဆိုသြားပါတယ္။
စံုစမ္းခြင့္ ရခဲ႔တာ မၾကာေသးတဲ႔အေၾကာင္း၊ အေျခအေနကို စံုစမ္းမႈ စတင္ေနၿပီ ျဖစ္ေၾကာင္း၊ ဒါေပမယ့္လည္း စံုစမ္းမႈရဲ႕ ကနဦး အစပိုင္း အေျခအေနမွာဘဲ ရွိေနေသးၿပီး ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဘယ္သူ႔ကို ဖမ္း၀ရမ္း ထုတ္မလဲ ဆိုတာ ဆံုးျဖတ္ဖို႔က သိပ္ၿပီး ေစာလြန္းေနေသးတယ္ လို႔ ICC ေရွ႕ေနခ်ဳပ္ Fatou Bensouda က ေျဖၾကားသြားပါတယ္။
ICC မွာ ရိုဟင္ဂ်ာ အေရးကိစၥ စံုစမ္းမႈေတြနဲ႔ ပတ္သက္လို႔ေတာ့ ျမန္မာဟာ ICC အဖြဲ႔၀င္ မဟုတ္တာေၾကာင့္ စံုစမ္းခြင့္ မရွိဘူးလို႔ ျမန္မာ အစိုးရဘက္က ပယ္ခ်ထားတာ ျဖစ္ပါတယ္။ ရိုဟင္ဂ်ာ အသံုးအႏႈန္းကိုလည္း ျမန္မာဘက္က အခုအခ်ိန္ထိ လက္မခံပါဘူး။
ရခုိင္ျပည္နယ္တြင္း ပဋိပကၡေတြကေန ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးရတဲ႔ သိန္းနဲ႔ခ်ီတဲ႔ ဒုကၡသည္ေတြကို ျပန္လည္ စိစစ္ လက္ခံမယ္လို႔ ေျပာဆိုထားေပမယ့္လည္း အခုအခ်ိန္ထိေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးက အေကာင္အထည္ မေပၚေသးပါဘူး။
................
မြန်မာစစ်အရာရှိတွေ ရာဇဝတ်မှုကျူးလွန်တယ်လို့ ပြောဖို့စောသေးကြောင်း ICC ရှေ့နေပြော

(Unicode)
မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေ အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC တရားသူကြီးတွေက မကြာခင်က စုံစမ်းခွင့် ပြုထားပြီး ဖြစ်ပေမယ်လို့လည်း ဒီအရေးမှာ မြန်မာ စစ်တပ် အကြီးအကဲတွေ ပါဝင် ပတ်သက်သလားဆိုတာကတော့ ပြောဖို့ စောလွန်းနေသေးတယ်လို့ ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda က France 24 နဲ့ သီးသန့် တွေ့ဆုံ မေးမြန်းမှု အတွင်း ပြောဆိုသွားပါတယ်။
စုံစမ်းခွင့် ရခဲ့တာ မကြာသေးတဲ့အကြောင်း၊ အခြေအနေကို စုံစမ်းမှု စတင်နေပြီ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း စုံစမ်းမှုရဲ့ ကနဦး အစပိုင်း အခြေအနေမှာဘဲ ရှိနေသေးပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို ဖမ်းဝရမ်း ထုတ်မလဲ ဆိုတာ ဆုံးဖြတ်ဖို့က သိပ်ပြီး စောလွန်းနေသေးတယ် လို့ ICC ရှေ့နေချုပ် Fatou Bensouda က ဖြေကြားသွားပါတယ်။
ICC မှာ ရိုဟင်ဂျာ အရေးကိစ္စ စုံစမ်းမှုတွေနဲ့ ပတ်သက်လို့တော့ မြန်မာဟာ ICC အဖွဲ့ဝင် မဟုတ်တာကြောင့် စုံစမ်းခွင့် မရှိဘူးလို့ မြန်မာ အစိုးရဘက်က ပယ်ချထားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကိုလည်း မြန်မာဘက်က အခုအချိန်ထိ လက်မခံပါဘူး။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကနေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ပြန်လည် စိစစ် လက်ခံမယ်လို့ ပြောဆိုထားပေမယ့်လည်း အခုအချိန်ထိတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးက အကောင်အထည် မပေါ်သေးပါဘူး။

No comments:

Post a Comment

Note: Only a member of this blog may post a comment.