Breaking

December 4, 2019

ICJ မှာ မြန်မာဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဘယ်သူလဲ

By D Nae Khit

ICJ ႏိုင္ငံတကာတရားရံုးမွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈ တားဆီးေရး စာခ်ဳပ္ ခ်ဳိးေဖာက္မႈ စဲြဆိုထားတဲ့ အမႈကို ခုခံေခ်ပဖို႔ ဥပေဒအက်ဳိးေဆာင္အျဖစ္ လန္ဒန္ Middlesex တကၠသိုလ္ ႏိုင္ငံတကာဥပေဒ ပါေမာကၡ William Schabas ကို ျမန္မာအစိုးရက ငွားရမ္း လိုက္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းေတြ ထြက္လာခဲ့ပါတယ္။
ဒီသတင္းနဲ႔ ပတ္သက္လို႔ ေရွ႕ေန Schabas ကို ဗီြအိုေအက ဟုတ္-မဟုတ္ တိုက္ရိုက္ ဆက္သြယ္ေမးျမန္း တဲ့အခါမွာ သူက ျငင္းဆိုျခင္းမရွိပဲ၊ သူ႔အေနနဲ႔ သတင္းထုတ္ျပန္ေရး အရာရွိတေယာက္ကို ခန္႔ထားဖို႔ရွိေနၿပီ
း ေလာေလာဆယ္မွာ ဆက္သြယ္ႏိုင္တဲ့ အခ်က္အလက္အေသးစိတ္ကို မေပးႏိုင္ ေသးေၾကာင္းနဲ႔ သူတို႔ဘက္က အဆင္သင့္ျဖစ္ၿပီဆိုတာနဲ႔ ဗီြအိုေအကို ျပန္လည္ဆက္သြယ္မွာျဖစ္တယ္လို႔ အီးေမးလ္ကေန တုံ႔ျပန္ေျဖဆိုခဲ့ပါတယ္။
လူမ်ဳိးတုံးသတ္ျဖတ္မႈ နဲ႔ပတ္သက္ရင္ ဥပေဒေရးရာမွာ အကြ်မ္းက်င္ဆံုး ပညာရွင္တဦးအျဖစ္ William Schabas ကို ႏိုင္ငံတကာက အသိအမွတ္ ျပဳထားတာျဖစ္ၿပီး လူမ်ဳိးတုန္း သတ္ျဖတ္မႈ အပါအ၀င္ ႏိုင္ငံတကာ ဥပေဒခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လို႔ ဥပေဒနဲ႔အညီ ခုခံေခ်ပႏိုင္သူ ျဖစ္တယ္လို႔ လဲ သတ္မွတ္ခံရသူ ျဖစ္ပါတယ္။
ကေနဒါႏိုင္ငံသား ႏိုင္ငံတကာဥပေဒ ပညာရွင္ William Schabas ဟာ Montreal တကၠသိုလ္ကေန မဟာဥပေဒဘဲြ႕ကို ရရွိခဲ့တာျဖစ္ၿပီး ႏိုင္ငံတကာတကၠသိုလ္အမ်ားအျပားရဲ႕ ဥပေဒဘာသာရပ္ဆိုင္ရာ ဂုဏ္ထူးေဆာင္ ေဒါက္တာဘဲြ႕ေတြကို ရရွိထားသူျဖစ္ပါတယ္။
နယ္သာလန္ႏိုင္ငံ the Hague အေျခစိုက္ ကုလသမဂၢ အျမင့္ဆံုးတရားရံုးျဖစ္တဲ့ ICJ မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ၿပီး သြားေရာက္ရင္ဆိုင္ဖို႔အတြက္ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရံုးက ဦးေဆာင္ၿပီး စစ္ဥပေဒခ်ဳပ္ရံုးနဲ႔ ႏိုင္ငံျခားေရး၀န္ႀကီးဌာနတို႔ ပါ၀င္တဲ့ ႏိုင္ငံတကာ ရာဇ၀တ္မႈ တရားစီရင္ေရးဆိုင္ရာ အထူးအဖဲြ႔ကို ႏို၀င္ဘာလ (၂၆)ရက္ေန႔က ဖဲြ႔စည္းခဲ့ပါတယ္။
ICJ ႏိုင္ငံတကာတရားရံုးမွာ ဒီဇင္ဘာလ ၁၀ ရက္ ကေန ၁၂ ရက္ေန႔ထိ ဂမ္ဘီယာနဲ႔ ျမန္မာ ႏွစ္ဘက္ အျပန္အလွန္ ေလွ်ာက္လဲွခ်က္ေတြကို အမ်ားျပည္သူ ေရွ႕ေမွာက္ ၾကားနာစစ္ေဆးမွာျဖစ္သလို ဂမ္ဘီယာႏိုင္ငံဘက္က အေမရိကန္ဥပေဒအက်ဳိးေဆာင္အဖဲြ႔ျဖစ္တဲ့ Foley Hoag က လိုက္ပါေဆာင္ရြက္မွာျဖစ္ပါတယ္။
This news is published with the permission of VOA Burmese News.
(Unicode)
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ် ချိုးဖောက်မှု စွဲဆိုထားတဲ့ အမှုကို ခုခံချေပဖို့ ဥပဒေအကျိုးဆောင်အဖြစ် လန်ဒန် Middlesex တက္ကသိုလ် နိုင်ငံတကာဥပဒေ ပါမောက္ခ William Schabas ကို မြန်မာအစိုးရက ငှားရမ်း လိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ရှေ့နေ Schabas ကို ဗွီအိုအေက ဟုတ်-မဟုတ် တိုက်ရိုက် ဆက်သွယ်မေးမြန်း တဲ့အခါမှာ သူက ငြင်းဆိုခြင်းမရှိပဲ၊ သူ့အနေနဲ့ သတင်းထုတ်ပြန်ရေး အရာရှိတယောက်ကို ခန့်ထားဖို့ရှိနေပြီး
လောလောဆယ်မှာ ဆက်သွယ်နိုင်တဲ့ အချက်အလက်အသေးစိတ်ကို မပေးနိုင် သေးကြောင်းနဲ့ သူတို့ဘက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဗွီအိုအေကို ပြန်လည်ဆက်သွယ်မှာဖြစ်တယ်လို့ အီးမေးလ်ကနေ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု နဲ့ပတ်သက်ရင် ဥပဒေရေးရာမှာ အကျွမ်းကျင်ဆုံး ပညာရှင်တဦးအဖြစ် William Schabas ကို နိုင်ငံတကာက အသိအမှတ် ပြုထားတာဖြစ်ပြီး လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် နိုင်ငံတကာ ဥပဒေချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ ခုခံချေပနိုင်သူ ဖြစ်တယ်လို့ လဲ သတ်မှတ်ခံရသူ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံသား နိုင်ငံတကာဥပဒေ ပညာရှင် William Schabas ဟာ Montreal တက္ကသိုလ်ကနေ မဟာဥပဒေဘွဲ့ကို ရရှိခဲ့တာဖြစ်ပြီး နိုင်ငံတကာတက္ကသိုလ်အများအပြားရဲ့ ဥပဒေဘာသာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေကို ရရှိထားသူဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်ဖို့အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဦးဆောင်ပြီး စစ်ဥပဒေချုပ်ရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပါဝင်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို နိုဝင်ဘာလ (၂၆)ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။
ICJ နိုင်ငံတကာတရားရုံးမှာ ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်နေ့ထိ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဘက် အပြန်အလှန် လျှောက်လဲှချက်တွေကို အများပြည်သူ ရှေ့မှောက် ကြားနာစစ်ဆေးမှာဖြစ်သလို ဂမ်ဘီယာနိုင်ငံဘက်က အမေရိကန်ဥပဒေအကျိုးဆောင်အဖွဲ့ဖြစ်တဲ့ Foley Hoag က လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။
This news is published with the permission of VOA Burmese News
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.