Breaking

December 11, 2019

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ICJ လျှောက်လဲချက် မြန်မာ ဘာသာ ပြန်ပါ

မြန်မာတပြည်လုံးက သူမရဲ့ မိန့်ခွန်းကို နားထောင်နေကြမှာပါ။ တိုက်ရိုက် English လို ပြောတာက ပိုပီးတိကျလို့ သူမ ပြောတဲ့အတိုင်းပဲ တိုက်ရိုက်နားထောင်လိုက်ပါတယ်။ သိပ်ကို လှပ ညင်သာပါတယ်။ ဒီချေပချက်မှာ ဘယ်ဘက်ကိုမှ အပြစ်တင်မသွားဘူး။ တပ်ကိုလဲ အပြစ်ပုံမချဘူး။ ဆဲဆိုမိတဲ့ ပြည်သူတွေကိုလဲ ကာကွယ်သွားတယ်။ တဖက်က ခံစားရတဲ့ ရိုဟင်ဂျာတွေကိုလဲ နိုင်ငံသားမဟုတ်ဘူး ဘာဘူးနဲ့ အပြစ်မတင်သွားတဲ့ အစွန်း ၃ဖက် လွတ်တဲ့ပြောကြားချက်ပါ။ နားထောင်ဖူးသမျှ အမေစု မိန့်ခွန်းထဲ ကောင်းလွန်းလို့ သြချမိရတဲ့အထိပါ။
ပထမဆုံးက ဒါဟာ ရဝမ်ဒါက အခြေအနေနဲ့ မတူညီကြောင်း ရှင်းပါတယ်။ ခရိုအေးရှားနဲ့လဲ မတူညီကြောင်းပြောပါတယ်။ နောက်ပီးတော့ ရခိုင်ပြည်နယ်မှာ AA နဲ လက်ရှိတပ်နဲ့ ဖြစ်နေတဲ့ စစ်ပွဲအကြောင်းတင်ပြပါတယ်။ ရခိုင်ပြည်နယ်ဟာ ဒုတိယအဆင်းရဲဆုံးပြည်နယ်ပါတဲ့။ ပီးတော့မှ ရခိုင်ပြည်ကို အင်္ဂလိပ်တပ်တွေနဲ့အတူ မွတ်စလင်တွေ ပါလာတဲ့အကြောင်း၊ စစ်ပွဲမှာ သစ္စာရှိရှိနဲ့ တိုက်ပွဲဝင်ခဲ့ကြပီး ရခိုင်ပြည်မှာ ဆက်နေခဲ့ကြတဲ့အကြောင်း သမိုင်းတွေကို ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောင်းသားသမ္မဂကို ထူထောင်ခဲ့တာက ရခိုင်မွတ်စလင်လူမျိုး ကိုထွန်းစိန်ကိုး။ ဒီသမိုင်းကြောင်းတွေကို တဖက်က မဟုတ်ဘူး ငြင်းမရပါဘူး။ ဘယ်သမိုင်းစာအုပ်ဖတ်ဖတ် မှန်နေတာပါပဲ။
ပီးတော့မှ ARSA ရဲ့ စတင်တိုက်ခိုက်မှုကို သေချာဖော်ပြပါတယ်။ နေရာတွေ ထိတွေ့မှုတွေ ကျဆုံးမှုတွေ ပြောပါတယ်။ အဓိက ၁၂ နေရာမှာဖြစ်တယ်ပေါ့။ ခွဲခြားရခက်လို့ လုပ်ရကိုင်ရခက်တယ်။ အဲနေရာမှာ အသုံးအနှုန်းတခုကို အမေစုက ရှင်းပြသွားပါတယ်။ နယ်မြေရှင်းလင်းရေးဆိုတာပါ။ လွတ်လပ်ရေးခေတ် ဗကပတွေကို ပဲခူးရိုးမပေါ် လိုက်တိုက်တဲ့ တိုက်ပွဲကစပီး တပ်မတော်ဟာ နယ်မြေရှင်းလင်းရေးဆိုတဲ့ စကားလုံးကို တောက်လျှောက် သုံးစွဲလာပါသတဲ့။ အဲစကားလုံးဟာ လူမျိုးတုန်းရှင်းလင်းတာ မဟုတ်ပဲ အမြဲ သုံးတဲ့စကားဖြစ်ပါတယ်ပေါ့။
နောက်တခုကတော့ အဲလို ရှင်းလင်းတဲ့နေရာမှာ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ စစ်သားတွေ အရပ်သားတွေကို ဒီအတိုင်းမထားပဲ တရားရုံးတွေမှာ အရေးယူနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို လူ့အခွင့်အရေးချိုးဖောက်တာကို လက်ခံမှာမဟုတ်ဘူးလို့ အမေစုက ပြောပါတယ်။ နောက်ပီး ခြေဥအရ တပ်ရဲ့ ကိစ္စတွေကို အစိုးရက အရေးယူလို့ မရကြောင်း။ တပ်ကပဲ အရေးယူရကြောင်း။ မြန်မာအစိုးရဟာ အလုံးစုံထိန်းချုပ်ခွင့်မရှိပဲ အဲဒါကို ပြင်ဆင်ဖို့လဲ ပြည်ထောင်စုလွှတ်တော်မှာ အခု လုပ်နေပါတယ်လို့ ပြောသွားပါတယ်။ ပါးပါးလေးနဲ့ ကမ်ဘာကို သတင်းပို့လိုက်တာပါ။ ကန့်လန့် ဆက်တိုက်ချင်လဲ တိုက်ပေါ့။
နောက်တခုကတော့ အစိုးရက ရခိုင်မှာ လုပ်နေတဲ့ ပညာရေး ကျန်းမာရေးတွေအကြောင်း ပြောပါတယ်။ ရခိုင်မှာ မွေးတဲ့ မွတ်စလင်တွေကို မွေးစာရင်းတွေ ထုတ်ပေးဖို့ သူမ ညွှန်ကြားထားတဲ့အကြောင်း၊ အဲပြည်သူတွေဟာလဲ တက္ကသိုလ်တက်ရောက်ခွင့်ရှိပီး အဆင့်မြင့်ပညာ သင်ယူနိုင်မယ်။ စကောလားရှစ်တွေလဲ ပေးမယ်လို့ဆိုတဲ့အကြောင်းကို ပြောသွားပါသေးတယ်။ နောက် အဓိကစွပ်စွဲချက်ဖြစ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ဒီလိုဖြေရှင်းပါတယ်။
တဖက်ကို ထွက်သွားသူတွေ (Exodus) ပြန်ဝင်လာဖို့ အဆောက်အဦးတွေ ဆောက်နေတယ်။ ဘင်္ဂလားဒေ့ရ်ှနဲ့လဲ ပြန်လက်ခံနိုင်ဖို့ မူဘောင်တွေချမှတ်နေတယ်။ ဒီလောက် ပြန်လာဖို့ ပြင်ဆင်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်နေတာ ရှေ့ဆက်ပီး ဘယ်လိုရှိနိုင်မလဲလို့ ထောက်ပြပီး မေးသွားပါတယ်။ ဦးသန့်ရဲ့ ကုလမှာ ထားခဲ့တဲ့ စကားတခွန်းကိုလဲ ကိုးကားသွားပါတယ်။
အဆုံးသတ်ကတော့ အလှဆုံးပါပဲ။ ကျမဟာ တရားမျှတတာကို လိုလားပါတယ်။ ပြည်တွင်းမှာ တရားမျှတမှု မရှိမှသာ ပြည်ပက ဝင်ပီး တရားမျှတမှုကို ရှာဖွေပေးရတာပါ။ ကျမတို့ ပြည်သူတွေဟာ တဘဝလုံး တရားမျှတမှုဆိုတာ မခံစားခဲ့ရဘူး။ (စစ်အစိုးရဖိနှိပ်မှုအောက်မှာ) တရားဥပဒေစိုးမိုးတယ်ဆိုတာကို မသိခဲ့ကြဘူး။ ကျမတို့ဟာ အခုမှ ဒီမိုကရေစီကို တည်ဆောက်နေတုန်းပါ။ ပြည်သူတွေ တရားမျှတမှုဆိုတာ နားလည်လာအောင် ခံစားတတ်အောင် လုပ်ပေးနေတုန်းပါ။ ကျမနားလည်ထားတဲ့ အမုန်းစကားဆိုတာ ဆဲဆိုနေတာတွေတင်မကပဲ တိုင်းပြည်ရဲ့ လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးပျက်ပြားအောင် နိုင်ငံခြားတိုင်းပြည်တွေ ခေါင်းဆောင်တွေက သွေးထိုးတာ။ လူတွေအထင်မှားအောင် ပုံကြီးချဲ့ပြောဆိုတာတွေ၊ ပြီးခဲ့တဲ့အရာတွေကို ထင်ယောင်ထင်မှားနဲ့ ဇာတ်နာအောင် ထပ်တလဲလဲပြောနေတာကလဲ အမုန်းစကားနဲ့ အမုန်းတရားပဲဆိုတာကို တရားသူကြီးတွေကို ကျမ ပြောခဲ့ချင်တယ်။ ( အဲလိုစကားမျိုး ဘယ်သူတက်ပြောရဲခဲ့သလဲ)
ဘယ်လောက်လှတဲ့ အဆုံးသတ်ပါလဲ။ မနေ့က ပြည်သူတွေရဲ့ အပူအပင်ကို အကောင်းဆုံး ငြိမ်းသတ်သွားပေးခဲ့တာပါ။ လက်ရှိ ချမှတ်ရမယ့် အမိန့်ဟာ လက်ရှိအချိန်မှာ လူမျိုးတုန်းသတ်ဖြတ်နေမှုတွေကို ရပ်တန့်ပေးဖို့ပါ။ လက်ရှိမှာ AA နဲ့ တိုက်ပွဲတွေပဲရှိပီး ရိုတွေနဲ့ တိုက်ပွဲမရှိပဲ ပြန်လက်ခံဖို့ ပြင်ဆင်ထားလို့ ဒီစွပ်စွဲချက်ဟာ မှားနေပါတယ်။ ဒါကြောင့် အလားအလာကတော့ အကောင်းဘက်ကို ရောက်သွားခဲ့သလို ကမ္ဘာကလဲ သူတို့ မသိခဲ့ရတဲ့ အချို့အချက်အလက်တွေကို မြင်သွားရတာ မြန်မာပြည်အတွက် အကြီးမားဆုံး အမြတ်ပါပဲ။ ကျနော်တို့ လုပ်ရမှာက တိုင်းပြည်အတွင်းမှာ အတူနေထိုင်ကြတဲ့ ပြည်တွင်းနေ တိုင်းရင်းသားတွေ ဘာသာခြားတွေနဲ့ သွေးမကွဲ ဆဲတာဆိုတာတွေ အမုန်းပွားတာတွေ မလုပ်ကြပဲ ချစ်ချစ်ကြည်ကြည်နဲ့ တိုင်းပြည်တခုကို အကောင်းဆုံး တည်ထောင်ကြဖို့ပါပဲ။
သူမကို မွေးခဲ့ချိန်မှာ ဘယ်လိုနိမိတ်တွေ ပြခဲ့သလဲ မသိခဲ့ပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ဟာ မပီးဆုံးသေးတဲ့ မြန်မာပြည်နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ သူ့သမီးကို ထားခဲ့ပေးခဲ့တယ်။ သူမဟာ မီးလျှံငှက်လို အခက်အခဲကြားမှ အတောက်ပဆုံး ပျံသန်းနိုင်ခဲ့တဲ့ လူသားပါပဲ။ အာဂခေါင်းဆောင်ပါ။ ကျနော်တို့ ထပ်တွေ့ရဖို့ မရှိတော့ပါဘူး။ ပြည်သူတွေဟာ သူတို့ ဘဝတသက်တာမှာ သူတို့အတွက် ကမ်ဘာကို ထွက်ရင်ဆိုင်ပေးတဲ့ ခေါင်းရှောင်မဟုတ်တဲ့ ခေါင်းဆောင်တယောက်ကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် တွေ့ခဲ့ရတဲ့ သမိုင်းဝင်နေ့ပါပဲ။Kay Khaing Win Zaw/KoNayThway
Unicode Version​ဖြ​င့်ဖတ်ရန်
မြန်မာတပြည်လုံးက သူမရဲ့ မိန့်ခွန်းကို နားထောင်နေကြမှာပါ။ တိုက်ရိုက် English လို ပြောတာက ပိုပီးတိကျလို့ သူမ ပြောတဲ့အတိုင်းပဲ တိုက်ရိုက်နားထောင်လိုက်ပါတယ်။ သိပ်ကို လှပ ညင်သာပါတယ်။ ဒီချေပချက်မှာ ဘယ်ဘက်ကိုမှ အပြစ်တင်မသွားဘူး။ တပ်ကိုလဲ အပြစ်ပုံမချဘူး။ ဆဲဆိုမိတဲ့ ပြည်သူတွေကိုလဲ ကာကွယ်သွားတယ်။ တဖက်က ခံစားရတဲ့ ရိုဟင်ဂျာတွေကိုလဲ နိုင်ငံသားမဟုတ်ဘူး ဘာဘူးနဲ့ အပြစ်မတင်သွားတဲ့ အစွန်း ၃ဖက် လွတ်တဲ့ပြောကြားချက်ပါ။ နားထောင်ဖူးသမျှ အမေစု မိန့်ခွန်းထဲ ကောင်းလွန်းလို့ သြချမိရတဲ့အထိပါ။
ပထမဆုံးက ဒါဟာ ရ၀မ်ဒါက အခြေအနေနဲ့ မတူညီကြောင်း ရှင်းပါတယ်။ ခရိုအေးရှားနဲ့လဲ မတူညီကြောင်းပြောပါတယ်။ နောက်ပီးတော့ ရခိုင်ပြည်နယ်မှာ AA နဲ လက်ရှိတပ်နဲ့ ဖြစ်နေတဲ့ စစ်ပွဲအကြောင်းတင်ပြပါတယ်။ ရခိုင်ပြည်နယ်ဟာ ဒုတိယအဆင်းရဲဆုံးပြည်နယ်ပါတဲ့။ ပီးတော့မှ ရခိုင်ပြည်ကို အင်္ဂလိပ်တပ်တွေနဲ့အတူ မွတ်စလင်တွေ ပါလာတဲ့အကြောင်း၊ စစ်ပွဲမှာ သစ္စာရှိရှိနဲ့ တိုက်ပွဲ၀င်ခဲ့ကြပီး ရခိုင်ပြည်မှာ ဆက်နေခဲ့ကြတဲ့အကြောင်း သမိုင်းတွေကို ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောင်းသားသမ္မဂကို ထူထောင်ခဲ့တာက ရခိုင်မွတ်စလင်လူမျိုး ကိုထွန်းစိန်ကိုး။ ဒီသမိုင်းကြောင်းတွေကို တဖက်က မဟုတ်ဘူး ငြင်းမရပါဘူး။ ဘယ်သမိုင်းစာအုပ်ဖတ်ဖတ် မှန်နေတာပါပဲ။
ပီးတော့မှ ARSA ရဲ့ စတင်တိုက်ခိုက်မှုကို သေချာဖော်ပြပါတယ်။ နေရာတွေ ထိတွေ့မှုတွေ ကျဆုံးမှုတွေ ပြောပါတယ်။ အဓိက ၁၂ နေရာမှာဖြစ်တယ်ပေါ့။ ခွဲခြားရခက်လို့ လုပ်ရကိုင်ရခက်တယ်။ အဲနေရာမှာ အသုံးအနှုန်းတခုကို အမေစုက ရှင်းပြသွားပါတယ်။ နယ်မြေရှင်းလင်းရေးဆိုတာပါ။ လွတ်လပ်ရေးခေတ် ဗကပတွေကို ပဲခူးရိုးမပေါ် လိုက်တိုက်တဲ့ တိုက်ပွဲကစပီး တပ်မတော်ဟာ နယ်မြေရှင်းလင်းရေးဆိုတဲ့ စကားလုံးကို တောက်လျှောက် သုံးစွဲလာပါသတဲ့။ အဲစကားလုံးဟာ လူမျိုးတုန်းရှင်းလင်းတာ မဟုတ်ပဲ အမြဲ သုံးတဲ့စကားဖြစ်ပါတယ်ပေါ့။
နောက်တခုကတော့ အစိုးရက ရခိုင်မှာ လုပ်နေတဲ့ ပညာရေး ကျန်းမာရေးတွေအကြောင်း ပြောပါတယ်။ ရခိုင်မှာ မွေးတဲ့ မွတ်စလင်တွေကို မွေးစာရင်းတွေ ထုတ်ပေးဖို့ သူမ ညွှန်ကြားထားတဲ့အကြောင်း၊ အဲပြည်သူတွေဟာလဲ တက္ကသိုလ်တက်ရောက်ခွင့်ရှိပီး အဆင့်မြင့်ပညာ သင်ယူနိုင်မယ်။ စကောလားရှစ်တွေလဲ ပေးမယ်လို့ဆိုတဲ့အကြောင်းကို ပြောသွားပါသေးတယ်။ နောက် အဓိကစွပ်စွဲချက်ဖြစ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ဒီလိုဖြေရှင်းပါတယ်။
တဖက်ကို ထွက်သွားသူတွေ (Exodus) ပြန်၀င်လာဖို့ အဆောက်အဦးတွေ ဆောက်နေတယ်။ ဘင်္ဂလားဒေ့ရ်ှနဲ့လဲ ပြန်လက်ခံနိုင်ဖို့ မူဘောင်တွေချမှတ်နေတယ်။ ဒီလောက် ပြန်လာဖို့ ပြင်ဆင်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်နေတာ ရှေ့ဆက်ပီး ဘယ်လိုရှိနိုင်မလဲလို့ ထောက်ပြပီး မေးသွားပါတယ်။ ဦးသန့်ရဲ့ ကုလမှာ ထားခဲ့တဲ့ စကားတခွန်းကိုလဲ ကိုးကားသွားပါတယ်။
အဆုံးသတ်ကတော့ အလှဆုံးပါပဲ။ ကျမဟာ တရားမျှတတာကို လိုလားပါတယ်။ ပြည်တွင်းမှာ တရားမျှတမှု မရှိမှသာ ပြည်ပက ၀င်ပီး တရားမျှတမှုကို ရှာဖွေပေးရတာပါ။ ကျမတို့ ပြည်သူတွေဟာ တဘ၀လုံး တရားမျှတမှုဆိုတာ မခံစားခဲ့ရဘူး။ (စစ်အစိုးရဖိနှိပ်မှုအောက်မှာ) တရားဥပဒေစိုးမိုးတယ်ဆိုတာကို မသိခဲ့ကြဘူး။ ကျမတို့ဟာ အခုမှ ဒီမိုကရေစီကို တည်ဆောက်နေတုန်းပါ။ ပြည်သူတွေ တရားမျှတမှုဆိုတာ နားလည်လာအောင် ခံစားတတ်အောင် လုပ်ပေးနေတုန်းပါ။ ကျမနားလည်ထားတဲ့ အမုန်းစကားဆိုတာ ဆဲဆိုနေတာတွေတင်မကပဲ တိုင်းပြည်ရဲ့ လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးပျက်ပြားအောင် နိုင်ငံခြားတိုင်းပြည်တွေ ခေါင်းဆောင်တွေက သွေးထိုးတာ။ လူတွေအထင်မှားအောင် ပုံကြီးချဲ့ပြောဆိုတာတွေ၊ ပြီးခဲ့တဲ့အရာတွေကို ထင်ယောင်ထင်မှားနဲ့ ဇာတ်နာအောင် ထပ်တလဲလဲပြောနေတာကလဲ အမုန်းစကားနဲ့ အမုန်းတရားပဲဆိုတာကို တရားသူကြီးတွေကို ကျမ ပြောခဲ့ချင်တယ်။ ( အဲလိုစကားမျိုး ဘယ်သူတက်ပြောရဲခဲ့သလဲ)
ဘယ်လောက်လှတဲ့ အဆုံးသတ်ပါလဲ။ မနေ့က ပြည်သူတွေရဲ့ အပူအပင်ကို အကောင်းဆုံး ငြိမ်းသတ်သွားပေးခဲ့တာပါ။ လက်ရှိ ချမှတ်ရမယ့် အမိန့်ဟာ လက်ရှိအချိန်မှာ လူမျိုးတုန်းသတ်ဖြတ်နေမှုတွေကို ရပ်တန့်ပေးဖို့ပါ။ လက်ရှိမှာ AA နဲ့ တိုက်ပွဲတွေပဲရှိပီး ရိုတွေနဲ့ တိုက်ပွဲမရှိပဲ ပြန်လက်ခံဖို့ ပြင်ဆင်ထားလို့ ဒီစွပ်စွဲချက်ဟာ မှားနေပါတယ်။ ဒါကြောင့် အလားအလာကတော့ အကောင်းဘက်ကို ရောက်သွားခဲ့သလို ကမ္ဘာကလဲ သူတို့ မသိခဲ့ရတဲ့ အချို့အချက်အလက်တွေကို မြင်သွားရတာ မြန်မာပြည်အတွက် အကြီးမားဆုံး အမြတ်ပါပဲ။ ကျနော်တို့ လုပ်ရမှာက တိုင်းပြည်အတွင်းမှာ အတူနေထိုင်ကြတဲ့ ပြည်တွင်းနေ တိုင်းရင်းသားတွေ ဘာသာခြားတွေနဲ့ သွေးမကွဲ ဆဲတာဆိုတာတွေ အမုန်းပွားတာတွေ မလုပ်ကြပဲ ချစ်ချစ်ကြည်ကြည်နဲ့ တိုင်းပြည်တခုကို အကောင်းဆုံး တည်ထောင်ကြဖို့ပါပဲ။
သူမကို မွေးခဲ့ချိန်မှာ ဘယ်လိုနိမိတ်တွေ ပြခဲ့သလဲ မသိခဲ့ပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ဟာ မပီးဆုံးသေးတဲ့ မြန်မာပြည်နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ သူ့သမီးကို ထားခဲ့ပေးခဲ့တယ်။ သူမဟာ မီးလျှံငှက်လို အခက်အခဲကြားမှ အတောက်ပဆုံး ပျံသန်းနိုင်ခဲ့တဲ့ လူသားပါပဲ။ အာဂခေါင်းဆောင်ပါ။ ကျနော်တို့ ထပ်တွေ့ရဖို့ မရှိတော့ပါဘူး။ ပြည်သူတွေဟာ သူတို့ ဘ၀တသက်တာမှာ သူတို့အတွက် ကမ်ဘာကို ထွက်ရင်ဆိုင်ပေးတဲ့ ခေါင်းရှောင်မဟုတ်တဲ့ ခေါင်းဆောင်တယောက်ကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် တွေ့ခဲ့ရတဲ့ သမိုင်း၀င်နေ့ပါပဲ။
Kay Khaing Win Zaw/KoNayThwa
ဒီနေ့ICJမှာတင်ပြခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်လဲချက်မြန်မာပြန်ပါ

No comments:

Post a Comment

Note: Only a member of this blog may post a comment.