Breaking

December 12, 2019

GSP ပြန်လည်ရုပ်သိမ်းရန် အီးယူပြင်ဆင်နေ

မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) ကို ပြန်လည်ရုပ်သိမ်းရန် အီးယူက ပြင်ဆင်နေကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။
ပြီးခဲ့သောရက်က  ဒုတိယသမ္မတဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံရာတွင် ၎င်းက  အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) ကို ရုပ်သိမ်းရန်အတွက် အီးယူဘက်မှ ပြင်ဆင်နေခြင်းများ ရှိနေပြီး မည်မျှထိ ဖိအားရှိလာမည်ကို မသိရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီးယူသံ အမတ်နှင့် ယူကေသံအမတ်များက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ထံ လာရောက်တွေ့ဆုံ၍ အသိပေးပြောဆိုမှုများရှိလာသည်ဟု UMFCCI ဥက္ကဋ္ဌက ပြောသည်။
အီးယူက ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ပေးအပ်ထားသည့် GSP ရုပ်သိမ်းရန် အီးယူက ပြန်လည်စဉ်းစားလာပြီး အီးယူကုန်သွယ်မှုအထူးအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့က   ၂ဝ၁၈ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့  လာရောက်ခဲ့ပြီး အစိုးရတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ၊ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
''ဒါက ရှောင်လွှဲလို့မရဘူး။ Duty free မဖြစ်လို့ဆိုပြီး မပို့တော့ဘူးဆိုပြီး ရှောင်လို့မှ မရတာ။ Duty free ရှိနေရင်လည်း ယှဉ်ပြိုင်နိုင်အောင် ကြိုးစားရမှာပေါ့။ ကြိုးစားဖို့ရာ အတွက် ကုန်ကျ စရိတ်မှာ  ထုတ်လုပ်မှုမရှိဘဲနဲ့ ပေးရတဲ့ဟာမျိုးတွေကို ဘယ်လိုကျော်လွှားမလဲ။ အလုပ်သမားတွေက ပိုပြီးချုပ်နိုင်သလား။ပြီးရင် Facilities ပိုပေးနိုင်သလား။ လျှပ်စစ်မီးကတော့ တော်တော်လေးကောင်းလာ တယ်။အဲဒီလိုမျိုးပဲ ကျန်တဲ့ ဘက်တွေမှာ Shapping တို့၊ဘာတို့က ကောင်းလာမယ်။ကုန်ကျစရိတ်ကျ

လာမယ်ဆိုရင် ပြိုင်နိုင်တဲ့ အနေအထားမျိုးရောက်လာမှာ''ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမြင့်စိုးက မြန်မာတိုင်းမ်ကို ပြောသည်။
အီးယူက မြန်မာနိုင်ငံကို ကုန်သွယ်မှုအထူးအခွင့်အရေး ၂ဝ၁၃ ခုနှစ်တွင် ပေးအပ်ခဲ့သည်။  ကုန် သွယ်မှုအထူးအခွင့်အရေးခံစားရသော မြန်မာ့ပို့ကုန်များ Duty free ဖြင့် အီးယူဈေးကွက်သို့ တင်ပို့မှုမြင့်တက်ခဲ့သည်။
အီးယူကော်မရှင်၏ ထုတ်ပြန်ချက်အရ Myanmar benefits significantly from its preferential access to the EU market under the EBA. Its duty free exports increased from €535 million in 2015 to an estimated €2.3 billion in 2018. Main exports (2018 estimates) to the EU are textiles (over € 1.7 billion), rice (over €140 million), precious stones (€130 million) and footwear (€120 million)ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံက အီးယူအဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့နေသည့် ပို့ကုန်များအနက် ၆ဝ ရာခိုင်နှုန်းသည် အထည်ချုပ်(CMP) ကဏ္ဍမှ ဖြစ်သည်။အကယ်၍ GSP ပြန်ရုပ်သိမ်းခဲ့ပါက အဓိက ထိခိုက်မည်မှာ အထည်ချုပ်ကဏ္ဍဖြစ်သည်။
လက်ရှိတွင် မြန်မာ့အထည်ချုပ်ပြည်ပတင်ပို့မှု၏ ၇ဝ ရာခိုင်နှုန်းကို အီးယူဈေးကွက်သို့ တင်ပို့နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်းက ပြောသည်။
GSP ပြန်ရုပ်သိမ်းခဲ့ပါက အီးယူအဖွဲ့ဝင်နိုင်ငံများသို့ မြန်မာနိုင်ငံက တင်ပို့နေသည့် ပို့ကုန်များ အပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဈေးကွက်သစ်များ ကြိုတင်ရှာဖွေသွားရ မည်ဖြစ်ပြီး ပြင်ဆင်မှုများလည်း လုပ်ဆောင်ရမည်ဟု ဦးဇော်မင်းဝင်းက ဆိုသည်။
GSP ပြန်ရုပ်သိမ်းခဲ့ပါက ကြိုတင်ပြင်ဆင်မှုများပြုလုပ်မည်ဖြစ်ပြီး ထုတ်လုပ်မှု ကောင်းအောင်လုပ် ဆောင်ရမည်ဖြစ်ကာ အလုပ်သမားကျွမ်းကျင်မှု တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ကုန်ကျ စရိတ်များလျော့အောင်လုပ်ဆောင်ရမည့် နည်းလမ်းများ ပြင်ဆင်ရမည်ဟုဦးမြင့်စိုးက ပြောသည်။
ထို့ပြင် CMP မှ FOC သွားရန် လုပ်ဆောင်ရမည်ဖြစ်ပြီး လက်ရှိတွင် အပြောသာရှိနေပြီး FOC မသွားနိုင်သေးကြောင်း၊ထိုသို့သွားရန်မှာ ဘဏ်ဝန်ဆောင်မှုစနစ်လိုအပ်ပြီး အတိုးနှုန်း၊နိုင်ငံတကာ ဘဏ်များနှင့် ပြည်တွင်းဘဏ်များချိတ်ဆက်မှုမှာ ယခုအချိန်ထိ လိုနေသေးကြောင်း ဦးမြင့်စိုးက ထောက်ပြပြောဆိုသည်။
''အဲဒါတွေ ပြောင်းလဲနိုင်မှသာလျှင် GSP ပြုတ်သွားခဲ့ရင် CMP ကနေ FOC ကိုကူး၊ အလုပ်သမား တွေကလည်း ထုတ်လုပ်မှုတက်အောင် ဘယ်လိုကြိုးစားမလဲ။ လျှပ်စစ်မီး အဆင်ပြေသွားသလို နောက်ထပ် ဘယ်လိုနေရာမျိုးကနေ ဝိုင်းကူလုပ်ကိုင်နိုင်သလဲ။ ဘက်ပေါင်းစုံကနေ လုပ်နိုင်မှ  ဗိုလ်နေမြဲ ၊ကျားနေမြဲတိုးတက်နေမှာ''ဟု ၎င်းက ပြောသည်။
အီးယူက ပေးအပ်သည့် GSP ပြုတ်သွားခဲ့ပါက မြန်မာ့ပို့ကုန် အထည်ချုပ် လုပ်ငန်းတင်ပို့မှုသည် ၁၂ မှ ၁၅ ရာခိုင်နှုန်းထိ အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်းက ပြောသည်။
''စီးပွားရေးလုပ်ငန်းတစ်ခုက ၁ဝဝ ရင်းရင် ၅ ရာခိုင်နှုန်း၊၁ဝ ရာခိုင်နှုန်းအမြတ်ရဖို့ မလွယ်ပါ ဘူး။အဲလိုမြတ်ဖို့ မလွယ်တာကို အခွန်သက်သာခွင့်မပေးတော့ဘဲနဲ့ အခွန်ယူမယ်ပြောလာရင် တို့တွေအနေနဲ့ ပြိုင်ဆိုင်နိုင်အောင် လုပ်ရတော့မယ်''ဟု ဦးမြင့်စိုးက ပြောသည်။

အီးယူက GSP ကို အာဆီယံနိုင်ငံတွင် လာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊မြန်မာ ၊ဘင်္ဂလားဒေ့ရှ်တို့ကို ပေးထားသည်။အကယ်၍ မြန်မာက GSP ရုပ်သိမ်းခံရပါက GSP ခံစားခွင့်ရှိနေသေးသည့် နိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင်၍ တင်ပို့ရမည့် အနေအထား ဖြစ်သည်ဟု ဦးမြင့်စိုးက ပြောသည်။
''အီးယူကတော့ ဈေးချိုရာပဲ ဝယ်မှာပဲ။မြန်မာက ဈေးချိုနေလို့ ဝယ်တာ။မြန်မာက အခွန်ဆောင်ရလို့ ဈေးနှုန်းတက်လာရင် သူများနိုင်ငံနဲ့ယှဉ်ပြီး ဈေးမချိုရင် သူတို့က မဝယ်တော့ဘူး''ဟု ၎င်းက ပြောသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.