(Zawgyi/Unicode)
ႏိုင္ငံတကာတရားရံုး ICJ မွာ ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္လဲခဲ့တာေတြဟာ ႏိုင္ငံအတြက္ ထိေရာက္တဲ့ တံုျပန္ခ်က္ေတြ ေဆာင္ရြက္ႏိုင္ခဲ့တယ္လို႔ ျမင္ေၾကာင္း တပ္မေတာ္ ေျပာေရးဆုိခြင့္ရိွသူက ေျပာဆုိပါတယ္။ ဒီလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တပ္မေတာ္အၾကားနားလည္မႈရတယ္ဆုိရင္ ဖြဲ႔စည္းပံုျပင္ဆင္ေရးအတြက္ ေစ့စပ္ညိွႏိႈင္းတာေတြ လုပ္လာႏိုင္ဖြယ္ရိွေၾကာင္း ႏိုင္ငံေရးသံုးသပ္သူေတြက ရႈျမင္ပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။
ႏိုင္ငံတကာတရားရံုး ICJ မွာ ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္မွာ လူမ်ိဳးတံုးသတ္ျဖတ္မႈ က်ဴးလြန္ေၾကာင္း တရားစဲြဆိုေလွ်ာက္ထားခ်က္ကို ဂမ္ဘီယာနဲ႔ ျမန္မာႏိုင္ငံက ကိုယ္စားလွယ္ေတြ ၂ ဘက္ေလွ်ာက္လဲၾကတာဟာ ၾကာသပေတးေန႔က ၿပီးဆံုးသြားၿပီ ျဖစ္ပါတယ္။
ဂမ္ဘီယာရဲ့ စဲြဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္လဲခဲ့တဲ့အေပၚ တပ္မေတာ္ရဲ့ အျမင္သေဘာထားနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက အခုလုိ ေျပာပါတယ္။
“မေန႔ကေတာ့ က်ေနာ္တုိ႔ ဥပေဒပိုင္းနဲ႔ ပတ္သက္လုိ႔ေတာ့ က်ေနာ္တုိ႔ ကြ်မ္းက်င္တဲ့သူ မဟုတ္ေတာ့ မေ၀ဖန္ႏိုင္ပါဘူး။ ဒီ အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ေျပာၾကားထားတဲ့အထဲမွာေတာ့ ဒီလို ရခိုင္ျပည္နယ္မွာ ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြ၊ သဟဇာတျဖစ္ေစေရးလုပ္ငန္းေတြကို ဥပမာအေနနဲ႔ ရွင္းလင္းေျပာျပႏိုင္တာ ေတြ႔ပါတယ္။ ပံုေတြဘာေတြ တင္ၿပီးေတာ့ ရွင္းလင္း ေျပာျပႏိုင္တဲ့အတြက္။ အမွန္တကယ္လည္း ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွာ တကယ္လိုအပ္ေနတာက အဓိကအခ်က္က အဲဒီအခ်က္လို႔ပဲ က်ေနာ္တုိ႔ ျမင္ပါတယ္။ အဲဒီအခ်က္နဲ႔ပတ္သက္ၿပီး ျမန္မာအစိုးရအေနနဲ႔လည္း ဘက္ေပါင္းစံုကေန ၾကိဳးစားေဆာင္ရြက္ေနတာရိွပါတယ္။ တပ္မေတာ္ အေနနဲ႔လည္း ႏိုင္ငံေတာ္အစိုးရရဲ့ ညႊန္ၾကားမႈေအာင္မွာ လိုက္ပါေဆာင္ရြက္ေနတာျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာကိုလည္း သိေအာင္ ဥပမာေပးၿပီး ေျပာဆုိေဆာင္ရြက္သြားတယ္လို႔ က်ေနာ္ျမင္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့က် က်ေနာ္တုိ႔ တပ္မေတာ္အေနနဲ႔ ႏိုင္ငံအတြက္၊ ႏိုင္ငံေတာ္ကို တရားစဲြဆိုထားတဲ့ ႏိုင္ငံေတာ္ကို တရားစဲြဆုိထားတဲ့ဟာမွာ ထိေရာက္ႏိုင္တဲ့ တံုျပန္မႈေတြ ေဆာင္ရြက္ႏိုင္ခဲ့တယ္လုိ႔ပဲ ျမင္ပါတယ္ဗ်။”
ICJ မွာ တရားရင္ဆုိင္ဖို႔အတြက္ လိုအပ္တဲ့ သတင္းအခ်က္အလက္ေတြ တပ္မေတာ္ဘက္က ပံ့ပိုး ေဆာင္ရြက္ေပးေနေၾကာင္းနဲ႔ ဒီလို ပူးေပါင္းေဆာင္ရြက္တာေၾကာင့္ ျမန္မာႏိုင္ငံအေပၚ အဆိုးျမင္ေနတာေတြကို ေျပာင္းလဲႏိုင္မယ္လုိ႔ ျမင္ေၾကာင္းလည္း ေျပာဆုိထားပါတယ္။
တပ္မေတာ္က အခုလို အျမင္သေဘာထားရိွတဲ့အတြက္ ဖဲြ႔စည္းပံုျပင္ဆင္ေရးမွာ အဆင္ေျပေခ်ာေမြ႔လာဖြယ္ရိွေၾကာင္း ႏိုင္ငံေရးေလ့လာသူ ဦးေမာင္ေမာင္စိုးက သံုးသပ္ပါတယ္။
“လႊတ္ေတာ္ထဲမွာ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး တစ္ဘက္နဲ႔ တစ္ဘက္ အျပန္အလွန္ကန္႔ကြက္ေနၾကတဲ့အခ်ိန္မွာ အစိုးရေခါင္းေဆာင္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တပ္မေတာ္ၾကားထဲမွာ နားလည္မႈရတယ္ဆိုတာေတာ့ ေကာင္းတဲ့ကိစၥလုိ႔ ေျပာရမွာပဲ။ ေကာင္းတဲ့ကိစၥဆိုတာ တစ္ျခားအတြက္ ဆိုလိုတာ မဟုတ္ဘူး။ အေျခခံဥပေဒ ျပင္ဆင္ေရးမွာ နွစ္ဘက္ ေစ့စပ္ညိွႏိႈင္းႏိုင္မလား။ အျပန္အလွန္ လုိက္ေလ်ာမႈေတြ လုပ္ႏိုင္မလား ဆိုတဲ့ဘက္ကေန က်ေနာ္တို႔ စဥ္းစားၿပီး ေျပာတာပါ။ ႏို႔မိုဆုိရင္ေတာ့ လႊတ္ေတာ္ထဲမွာ အျပန္အလွန္ ကန္႔ကြက္ၿပီးေတာ့ အေျခခံဥပေဒျပင္ဆင္ေရးဟာ ထိေရာက္မွာ မဟုတ္ဘူး။ တကယ္လုိ႔သာ တဘက္နဲ႔ တဘက္ အေကာင္းျမင္ၾကတယ္ဆုိရင္ အေျခခံဥပေဒ ျပင္ဆင္ေရးကို ေဆာင္ရြက္ႏိုင္မယ္လုိ႔ ထင္ပါတယ္။”
ဒါအျပင္ ICJ ရဲ့ ဆံုးျဖတ္ခ်က္ဟာ အဆိုးျဖစ္ေစ၊ အေကာင္းျဖစ္ေစ ႏွစ္ဘက္နားလည္မႈရိွရိွနဲ႔ လက္တဲြရင္ဆိုင္မယ္ဆုိရင္ ပိုမိုေကာင္းမြန္မယ္လို႔ ယူဆေၾကာင္းလည္း ဆက္ေျပာပါတယ္။
ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက တရားစဲြဆိုထားတဲ့အမႈကို ႏိုင္ငံတကာတရားရံုး ICJ က ႏွစ္ဘက္ ေလွ်ာက္လဲခ်က္ေတြကိုၾကားနာၿပီးတဲ့ေနာက္ ေနာက္ထပ္ ရက္သတၱပတ္ အနည္းဆံုး ၂ပတ္အၾကာမွာ ဆံုးျဖတ္ဖြယ္ရိွေနပါတယ္။

[Unicode Version]
နိုင်ငံတကာတရားရုံး ICJ မှာ
ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲခဲ့တာတွေဟာ နိုင်ငံအတွက် ထိရောက်တဲ့
တုံပြန်ချက်တွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ မြင်ကြောင်း တပ်မတော်
ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့
တပ်မတော်အကြားနားလည်မှုရတယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်
စေ့စပ်ညှိနှိုင်းတာတွေ လုပ်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးသုံးသပ်သူတွေက
ရှုမြင်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက်
ကိုမိုးဇော်က တင်ပြထားပါတယ်။
နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံ၊
ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း
တရားစွဲဆိုလျှောက်ထားချက်ကို ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ ၂
ဘက်လျှောက်လဲကြတာဟာ ကြာသပတေးနေ့က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
ဂမ်ဘီယာရဲ့ စွဲဆိုချက်တွေနဲ့ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲခဲ့တဲ့အပေါ် တပ်မတော်ရဲ့
အမြင်သဘောထားနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
အတွင်းရေးမှုး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။
“မနေ့ကတော့ ကျနော်တို့ ဥပဒေပိုင်းနဲ့
ပတ်သက်လို့တော့ ကျနော်တို့ ကျွမ်းကျင်တဲ့သူ မဟုတ်တော့ မဝေဖန်နိုင်ပါဘူး။ ဒီ
အကြောင်းအရာနဲ့ပတ်သက်ပြီး ပြောကြားထားတဲ့အထဲမှာတော့ ဒီလို
ရခိုင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊
သဟဇာတဖြစ်စေရေးလုပ်ငန်းတွေကို ဥပမာအနေနဲ့ ရှင်းလင်းပြောပြနိုင်တာ
တွေ့ပါတယ်။ ပုံတွေဘာတွေ တင်ပြီးတော့ ရှင်းလင်း ပြောပြနိုင်တဲ့အတွက်။
အမှန်တကယ်လည်း ဘူးသီးတောင်၊ မောင်တောဒေသမှာ တကယ်လိုအပ်နေတာက အဓိကအချက်က
အဲဒီအချက်လို့ပဲ ကျနော်တို့ မြင်ပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး
မြန်မာအစိုးရအနေနဲ့လည်း ဘက်ပေါင်းစုံကနေ ကြိုးစားဆောင်ရွက်နေတာရှိပါတယ်။
တပ်မတော် အနေနဲ့လည်း နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားမှုအောင်မှာ
လိုက်ပါဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာကိုလည်း သိအောင်
ဥပမာပေးပြီး ပြောဆိုဆောင်ရွက်သွားတယ်လို့ ကျနော်မြင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့ကျ ကျနော်တို့ တပ်မတော်အနေနဲ့ နိုင်ငံအတွက်၊
နိုင်ငံတော်ကို တရားစွဲဆိုထားတဲ့ နိုင်ငံတော်ကို တရားစွဲဆိုထားတဲ့ဟာမှာ
ထိရောက်နိုင်တဲ့ တုံပြန်မှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ပဲ မြင်ပါတယ်ဗျ။”
ICJ မှာ တရားရင်ဆိုင်ဖို့အတွက် လိုအပ်တဲ့
သတင်းအချက်အလက်တွေ တပ်မတော်ဘက်က ပံ့ပိုး ဆောင်ရွက်ပေးနေကြောင်းနဲ့ ဒီလို
ပူးပေါင်းဆောင်ရွက်တာကြောင့် မြန်မာနိုင်ငံအပေါ် အဆိုးမြင်နေတာတွေကို
ပြောင်းလဲနိုင်မယ်လို့ မြင်ကြောင်းလည်း ပြောဆိုထားပါတယ်။
တပ်မတော်က အခုလို အမြင်သဘောထားရှိတဲ့အတွက်
ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အဆင်ပြေချောမွေ့လာဖွယ်ရှိကြောင်း
နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
“လွှတ်တော်ထဲမှာ အခြေခံဥပဒေ
ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တစ်ဘက်နဲ့ တစ်ဘက်
အပြန်အလှန်ကန့်ကွက်နေကြတဲ့အချိန်မှာ အစိုးရခေါင်းဆောင်ဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြားထဲမှာ နားလည်မှုရတယ်ဆိုတာတော့
ကောင်းတဲ့ကိစ္စလို့ ပြောရမှာပဲ။ ကောင်းတဲ့ကိစ္စဆိုတာ တစ်ခြားအတွက် ဆိုလိုတာ
မဟုတ်ဘူး။ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ နှစ်ဘက် စေ့စပ်ညှိနှိုင်းနိုင်မလား။
အပြန်အလှန် လိုက်လျောမှုတွေ လုပ်နိုင်မလား ဆိုတဲ့ဘက်ကနေ ကျနော်တို့
စဉ်းစားပြီး ပြောတာပါ။ နို့မိုဆိုရင်တော့ လွှတ်တော်ထဲမှာ အပြန်အလှန်
ကန့်ကွက်ပြီးတော့ အခြေခံဥပဒေပြင်ဆင်ရေးဟာ ထိရောက်မှာ မဟုတ်ဘူး။ တကယ်လို့သာ
တဘက်နဲ့ တဘက် အကောင်းမြင်ကြတယ်ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးကို
ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။”
ဒါအပြင် ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ
အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ နှစ်ဘက်နားလည်မှုရှိရှိနဲ့
လက်တွဲရင်ဆိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်မယ်လို့ ယူဆကြောင်းလည်း
ဆက်ပြောပါတယ်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက
တရားစွဲဆိုထားတဲ့အမှုကို နိုင်ငံတကာတရားရုံး ICJ က နှစ်ဘက်
လျှောက်လဲချက်တွေကိုကြားနာပြီးတဲ့နောက် နောက်ထပ် ရက်သတ္တပတ် အနည်းဆုံး
၂ပတ်အကြာမှာ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။
https://burmese.voanews.com/a/icj-react/5204532.html?fbclid=IwAR14wXYQUHeNKKqMFkh7dzyt2SOvmEVvRDLXJ3Qn7IyDz5XNyldowZlgLXc
No comments:
Post a Comment
Note: Only a member of this blog may post a comment.