Breaking

January 2, 2020

ရခိုင်အရေးကို လွဲမှားစွာပုံဖော်ထားသည့် တတိယ ကော်မတီ၏ အဆိုမူကြမ်း မြန်မာကန့်ကွက်



ဒေသတွင်း မတူညီသည့် အသိုက်အဝန်းများအကြား နိုင်လိုမင်းထက် ပြုမှုနှင့် ယုံကြည်မှု ပျက်ပြားမှုကိုသာ အားပေးအားမြှောက်ပြုမည့် အဆိုမူကြမ်းဖြစ်ကြောင်း၊ ရခိုင်ဒေသ၏ ထိရှလွယ်သည့် ငြိမ်းချမ်း ရေးနှင့် သဟဇာတဖြစ်ရေးအပြင် နေရပ်ပြန်ရေး လုပ်ငန်းစဉ်ကိုလည်း ဆုတ်ယုတ်ပျက်ပြားစေမည့်အပြင် နိုင်ငံတကာ အသိုက်အဝန်းနှင့် မြန်မာနိုင်ငံပြည်သူများအကြား သဘောထား ပိုမိုကွဲလွဲစေမည့် အဆိုမူကြမ်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြောသည်။
အဆိုပါ မူကြမ်းတွင် ပါရှိသော Independent Investigative Mechanism for Myanmar-IIMM အတွက် ကုလသမဂ္ဂ၏နှစ်နှစ်စာ ဘဏ္ဍာငွေခွဲဝေမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၇ သန်းနီးပါးရှိ ကြောင်း၊ ကုလသမဂ္ဂ၏ အရင်းအမြစ်များကို ဘေးအန္တရာယ်ကယ် ဆယ်ရေး၊ လူသားချင်းစာနာမှု အထောက်အပံ့များနှင့် ကမ္ဘာတစ်ဝန်းမှ ဆာလောင်မွတ်သိပ်နေသည့် ကလေးသူငယ်များကို ကူညီထောက်ပံ့ခြင်းကဲ့သို့ အဓိပ္ပာယ်ရှိသည့်နေရာများတွင် သုံးစွဲသင့်ကြောင်း၊ သို့ရာတွင် ဒီမိုကရေစီ သက်တမ်းနုနယ်ပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရ သည့် နိုင်ငံတစ်နိုင်ငံအပေါ် အင်အားကြီးနိုင်ငံအချို့က ၎င်းတို့၏ နိုင်ငံရေးလိုအင်အတွက် လက်နက်သဖွယ် အသုံးချ၍ သန်းနှင့်ချီသော ဒေါ်လာများကို ဖြုန်းတီးခြင်းမှာ သူတော်ကောင်းယောင်ဆောင်နေခြင်းသက်သက်သာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် ဆောင်ရွက်လျက်ရှိသည့် တရား မျှတမှုရှိရေးဆိုင်ရာ ပြည်တွင်းလုပ်ငန်းစဉ်များအပေါ် ထိခိုက်နိုင်မည့် လုပ်ရပ်မှန်သမျှကို ရှောင်ရှားရန်အရေးကြီးကြောင်း၊ ရခိုင်ဒေသရှိ အသိုက်အဝန်းများအကြား ဆင်းရဲမွဲတေမှုနှင့် မလုံခြုံမှု၊ မလိုမုန်းတီးမှု၊ ယုံကြည်မှုကင်းမဲ့ခြင်းနှင့် အကြောက်တရားလွှမ်းမိုးနေမှုတို့ကို ကုစားဖြေရှင်းနိုင်ရေး အစိုးရအနေဖြင့် ဆက်လက်ကြိုးပမ်း မည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
အဆိုမူကြမ်းကို ကန့်ကွက်ခြင်းဖြင့် လူ့အခွင့်အရေးကို နိုင်ငံရေးလိုအင်အတွက် အသုံးချနေခြင်းကို ဆန့်ကျင်ကြောင်း ပြသနိုင်ရန် အတွက် အတူတကွရပ်တည်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များ၏ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟုဆိုကာ မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တွင် တရားစွဲထားသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.