ဂျပန်ခေတ်တစ်လျောက်
မိဘများနှင့်အတူ အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော ဦးရာရှစ်အား
ဗိုလ်ချုပ်အောင်ဆန်းက အိန္ဒိယနိုင်ငံခေါင်းဆောင် ဂျဝါဟလာလ်နေရူးထံမှ တစ်ဆင့်
ဆက်သွယ်စေကာ တိုင်းပြည်တည်ထောင်ရေးအတွက် မရမကပြန်လည်ခေါ်ယူခဲ့ပြီး
လေဆိပ်သို့ပင် ဗိုလ်ချုပ်ကိုယ်တိုင် သွားရောက်ကြိုဆိုခဲ့စဉ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲ့
ပထမဦးဆုံး ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့် အထိမ်းအမှတ် ကျင်းပရေးအတွက် ပြီးခဲ့တဲ့
သောကြာနေ့ က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို RFA
ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
Source: RFA

ရန်ကုန်တက္ကသိုလ်
ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊
ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ
ဦးရာရှစ်။တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သားသပိတ် ပေါပေါက်ရေးအတွက်
အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊
ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော
ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။

တက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များဖြစ်သည့် သခင်နု နှင့် ကိုရာရှစ်တို့နှစ်ဦးအား
ခင်မင်ရင်းနှီးစွာ အတူတကွတွေ့ရစဉ် (၁၉၃၆ ခုနှစ်)

From M.A.
San To M.A. Rashid but No M.A. after our names This is one point of
resemblance between us – but many others too which you know of
course.We two have been together on the Uni E.C and perhaps will have
to do so till our death.)
ဗိုလ်ချုပ်အောင်ဆန်းက My dear Bhai Shid (ချစ်ခင်လေးစားရပါသော ကျနော့်ရဲ့ နောင်တော်ကြီး Shid) ဟု ခေါ်လေ့ရှိသော ဦးရာရှစ်ထံ
၁၁.၃.၁၉၃၆ နေ့က အမှတ်တရရေးပေါ်ခဲ့သောစာ
No comments:
Post a Comment
Note: Only a member of this blog may post a comment.