Breaking

January 22, 2020

တ႐ုတ္သမၼတခရီး သုံးသပ္ခ်က္

ဦးေက်ာ္ဇံသာ

Kyaw Zan Tha interview Priscilla Clapp
Kyaw Zan Tha interview Priscilla Clapp
တ႐ုတ္အစိုးရဟာ ျမန္မာႏိုင္ငံ ျပည္တြင္းစစ္မွာ အသြားႏွစ္ဘက္ရိွတဲ့ဒါးလို က်င့္သုံးေနၿပီး အခုသမၼတ Xi Jingpin ရဲ႕ခရီးစဥ္အတြင္းမွာ ဒီကိစၥေျပလည္ေရးအတြက္ ထိထိေရာက္ေရာက္ လုပ္ေဆာင္လိမ့္မယ္ မဟုတ္ဘူးလို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအဖြဲ႔အႀကီးအကဲေဟာင္း Priscilla Clapp က ဆိုပါတယ္။ အေသးစိတ္ကို Priscilla Clapp နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။ သမၼတ Xi Jingpin ဟာ ျမန္မာႏိုင္ငံကို ဘာေၾကာင့္ ဒီအခ်ိန္လာသလဲဆိုတာနဲ႔ ပတ္သက္ၿပီး သူ႔အျမင္ကို Priscilla က အခုလို စေျပာပါတယ္။
ေျဖ ။ ။ သူတုိ႔အေၾကာင္းျပတာကေတာ့ ျမန္မာ-တရုတ္ သံတမန္ဆက္ဆံေရး ႏွစ္ပတ္လည္လို႔ ဆိုပါတယ္။ ႏွစ္ (၇၀) ျပည့္လို႔ ထင္ပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္အထိ ေစာင့္ေနတယ္ဆိုပါတယ္။ ႏွစ္အေတာ္ၾကာ ေဆြးေႏြးမႈေတြကေတာ့ ရိွခဲ့ၾကၿပီ ထင္ပါတယ္။ ၿပီးေတာ့ သူဟာ ဒုသမၼတအေနနဲ႔လဲ ျမန္မာႏုိင္ငံကို သြားခဲ့ၿပီ ျဖစ္ပါတယ္။ ဆုိေတာ့ အခုဟာ ပထမအႀကိမ္ မဟုတ္ပါဘူး။ ေနာက္ၿပီးေတာ့ Xi Jingpin အတြက္ အခြင့္အခါေကာင္းကို ေရြးတယ္ဆိုတာကေတာ့ မဆန္းပါဘူး။ အခုဟာ အခ်ိန္ေကာင္းပါ။ ေျမာက္ကိုရီးယားကိုလည္း ဒီလုိပါပဲ။ ႏွစ္ေပါင္းအေတာ္ၾကာၿပီးမွ သြားေရာက္ခဲ့တာပါ။ ေျမာက္ကိုရီးယားဟာ အမ်ားႀကီးအေရးပါတဲ့ မဟာမိတ္ပါ။
ေမး ။ ။ မၾကာခင္က တရုတ္အေရးကၽြမ္းက်င္သူေတြ၊ ျမန္မာ့အေရးကၽြမ္းက်င္သူေတြ ေဆြးေႏြးပြဲ လုပ္ပါတယ္။ အဲဒီမွာ တရုတ္ဘက္က ဘာေျပာသလဲဆိုေတာ့ အခုအခ်ိန္ ျမန္မာႏုိင္ငံဟာ ႏုိင္ငံတကာဖိအားေတြကို အႀကီးအက်ယ္ ရင္ဆိုင္ေနရတဲ့အခ်ိန္ ျဖစ္တဲ့အတြက္ တရုတ္သမၼတ လာေရာက္ျခင္းဟာ ျမန္မာအတြက္ အခြင့္အခါေကာင္း ျဖစ္တယ္လို႔ ဆုိပါတယ္။ သေဘာတူပါသလား။
ေျဖ ။ ။ အဲဒါမွန္ပါတယ္။ က်မ ေစာဒက မတတ္လိုပါဘူး။ တရုတ္ဟာ ျမန္မာကို ျပင္းထန္တဲ့ေဝဖန္မႈေတြက ကာကြယ္ေပးေနတာပါ။ အလားတူပဲ ကုလသမဂၢ၊ ႏုိုင္ငံတကာတရားရံုးတို႔မွာ ဒီလိုပဲ တက္တက္ၾကြၾကြ ကာကြယ္ေပးပါတယ္။
ေမး ။ ။ ကုလသမဂၢမွာေတာ့ တရုတ္က ဗီတိုအာဏာ ရိွတယ္။ ICJ မွာေတာ့ တရုတ္က ဘယ္လိုကာကြယ္ေပးႏုိင္မလဲ။ တရားရံုးက ဆံုးျဖတ္ခ်က္ တစံုတရာထြက္လာၿပီးေတာ့ ျမန္မာကို ဆန္႔က်င္ၿပီးေတာ့ ဆံုးျဖတ္ခဲ့တယ္ဆိုရင္ တရုတ္က ဘာလုပ္ေပးႏိုင္မလဲ။
ေျဖ ။ ။ ဆံုးျဖတ္ခ်က္ကို ေစာင့္ၾကည့္ရမွာပါ။ ICJ က ဘာလုပ္ႏိုင္မလဲဆိုတာ က်မ မသိႏိုင္ပါဘူး။ ဆံုးျဖတ္ခ်က္၊ ဒါမွမဟုတ္ သေဘာထားမွတ္ခ်က္ေပးႏုိင္ပါတယ္။ သူတုိ႔မွာ လုပ္ပိုင္ခြင့္အာဏာကို ရိွရဲ ႔လား က်မ မေသခ်ာပါဘူး။ ယာယီလုပ္ေဆာင္ခ်က္ Provisional Measures က ဘာေတြပါလာမလဲ။ ဒဏ္ခတ္အေရးယူဖို႔ ေထာက္ခံတင္ျပခ်က္ တခ်ဳိ ႔ပါေကာင္းပါလာပါလိမ့္မယ္။ အဲဒီၾကရင္ တရုတ္က လိုက္နာမွာ မဟုတ္ပါဘူး။ တရုတ္က ျမန္မာကို ဒဏ္ခတ္ပိတ္ဆို႔မွာ မဟုတ္ပါဘူး။ ဒီေနရာမွာ ဒဏ္ခတ္အေရးယူမယ့္ကိစၥကို အေနာက္ႏုိင္ငံေတြက လိုက္နာက်င့္သံုးတယ္ဆိုရင္ ဒါဟာ တရုတ္အဖုိ႔ ျမန္မာႏုိင္ငံဟာ လြတ္လပ္စြာ လုပ္ေဆာင္ႏုိင္ဖို႔ အခြင့္အေရးပါပဲ။ ဒါဟာ ျမန္မာအတြက္ ကံမေကာင္းတဲ့အခ်က္ပါပဲ။
ေမး ။ ။ ဆိုေတာ့ ျမန္မာကို တရုတ္ဘက္ကို ပိုၿပီးေရြ ႔သြားေအာင္ တြန္းပို႔ၾကမယ့္သေဘာ ျဖစ္ေနတာေပါ့။
ေျဖ ။ ။ အဲဒီလိုေျပာႏုိင္ပါတယ္။ အေနာက္ႏုိင္ငံေတြကေတာ့ အဲဒီလို မျမင္ၾကပါဘူး ဒါေပမဲ့ အဲဒီသေဘာသက္ေရာက္ပါတယ္။ ေနာက္ဆံုးတေန႔မွာေတာ့ သူတုိ႔ဘာလိုခ်င္သလဲဆိုတာ ျမန္မာျပည္သူေတြရဲ ႔ သေဘာသာ ျဖစ္ပါတယ္။
ေမး ။ ။ ဒီခရီးစဥ္အတြင္းမွာ တရုတ္သမၼတက ျမန္မာႏိုင္ငံက ႏုိင္ငံေရးပါတီေတြနဲ႔လည္း ေတြ႔မယ္လို႔ ဆုိပါတယ္။ ဒီလိုေတြ႔တာဟာ ႏိုင္ငံေခါင္းေဆာင္ေတြ ျပည္ပခရီးသြားတဲ့အခါမွာ လုပ္ရိုးလုပ္စဥ္တရပ္ ျဖစ္ပါ့ရဲလား၊ ဟုတ္ပါရဲ ႔လား။
ေျဖ ။ ။ သမၼတအိုဘားမား ျမန္မာျပည္ကိုသြားတုန္းက NGO ေတြ၊ အရပ္ဖက္အဖြဲ႔အစည္းေတြ၊ ႏိုင္ငံေရးပါတီေတြလည္းပါေကာင္းပါမယ္ ေတြ႔ခဲ့တာကို မွတ္မိမွာပါ။ ဒါဟာ ဒီမိုကေရစီႏိုင္ငံေတြအတြက္ လုပ္ရိုးလုပ္စဥ္ပါ။ သူတုိ႔ကေတာ့ ဘက္မလုိက္ဘူးဆိုတာကို ျပသတာပါ။ ဒါဟာ တရုတ္အတြက္ေတာ့ အသစ္အဆန္းပါ။ ဒါေပမဲ့ တရုတ္-ျမန္မာ ဆက္ဆံေရးမွာေတာ့ ဒါက မဆန္းပါဘူး။ NLD အႏုိင္ရကတည္းက တရုတ္က ႏုိင္ငံေရးပါတီေတြကို အထူးအာရံုစိုက္ခဲ့ပါတယ္။ အဲဒီပါတီေတြ အမ်ားအျပားကိုလည္း တရုတ္ကို ဖိတ္ေခၚခဲ့ပါတယ္။ ဆိုေတာ့ သူ႔ခရီးစဥ္မွာ ဒီပါတီေတြနဲ႔ေတြ႔တာ သူ႔အတြက္ အဓိပၸါယ္ရိွပါလိမ့္မယ္။ ဒါေပမဲ့ တရုတ္ျပည္အတြက္ေတာ့ ဒါဟာပံုစံသစ္တမ်ဳိး ျဖစ္ေနပါတယ္။
ေမး ။ ။ တကယ္ေတာ့ ျမန္မာႏုိင္ငံရဲ ႔ ျပႆနာဟာ ႏုိင္ငံေရးပါတီေတြ မဟုတ္ပါဘူး။ နယ္စပ္ေဒသမွာရိွတဲ့ တိုင္းရင္းသားသူပုန္အဖြဲ႔ေတြသာ ျဖစ္ပါတယ္။ ဆိုေတာ့ သူပုန္အဖြဲ႔ေတြနဲ႔ ျဖစ္ေနတဲ့ကိစၥကို တရုတ္သမၼတက သူ႔ခရီးစဥ္အတြင္းမွာ တစံုတရာ ေျပေပ်ာက္သြားေအာင္ စြမ္းေဆာင္လိမ့္မယ္လို႔ ထင္ပါသလား။
ေျဖ ။ ။ အခုအခ်ိန္မွာ ဒီကိစၥကို ထဲထဲဝင္ဝင္ ကိုင္တြယ္လို႔ အက်ဳိးရိွႏိုင္မယ္ မထင္ပါဘူး။ ဒီျပႆနာမွာ တရုတ္က ႏွစ္ဘက္စလံုးနဲ႔ ပတ္သက္ေနပါတယ္။ တစိတ္တေဒသအားျဖင့္ ဒီသူပုန္ေတြကို ေထာက္ခံေနၿပီးေတာ့ တဘက္မွာလဲ ေဘဂ်င္းႏုိင္ငံေရးရံုးက သံတမန္တခ်ဳိ ႔က ၿငိမ္းခ်မ္းေရးေစ့စပ္ပြဲေတြမွာ ပါဝင္ေနပါတယ္။ တရုတ္ဟာ အသြားႏွစ္ဘက္ပါတဲ့ဒါးကို သံုးေနတာ ျဖစ္ပါတယ္။ ဆိုေတာ့ Xi Jingpin ဟာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ Lip service အေျပာသာရိွၿပီးေတာ့ တကယ္ေျဖရွင္းေပးမွာ မဟုတ္ပါဘူး။
ေမး ။ ။ အဲဒါဘာျဖစ္လို႔လဲ။ တခ်ဳိ ႔ကေျပာၾကတယ္။ တရုတ္ဟာ အထူးသျဖင့္ AA ဆိုပါေတာ့ တရုတ္ရဲ ႔ ရင္းႏီွးျမဳပ္ႏံွမႈေတြကို မေႏွာင့္ယွက္သမွ် သူတုိ႔ႀကိဳက္တာလုပ္လို႔ လႊတ္ေပးထားတယ္လို႔ ေျပာပါတယ္။ AA ကလည္း တရုတ္ရဲ ႔ ရင္းႏီွးျမဳပ္ႏံွမႈေတြကို ႀကိဳဆိုတယ္လို႔ ေၾကညာခ်က္ ထုတ္ထားပါတယ္။
ေျဖ ။ ။ ပဋိပကၡ ရိွေနသေရြ ႔ ရင္းႏီွးျမဳပ္ႏံွမႈေတြအတြက္ အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ TNLA ဟာ တရုတ္နဲ႔ ကုန္သြယ္ေရးလမ္းေၾကာင္းတခ်ဳိ ႔ကို တုိက္ခိုက္ခဲ့ပါတယ္။ ဆိုေတာ့ ရွင္ေျပာတဲ့ကိစၥ မခိုင္မာပါဘူး။ ရင္းႏီွးျမဳပ္ႏံွမႈေတြကလည္း ပဋိပကၡသစ္ေတြကို ျဖစ္ေစႏုိင္ပါတယ္။ ဒီိရင္းႏီွးျမဳပ္ႏံွမႈက ဘယ္သူေတြ အျမတ္ထြက္မလဲဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့ ပဋိပကၡ ျဖစ္ႏိုင္ပါတယ္။ တခ်ဳိ ႔တရုတ္ကုမၸဏီေတြ အထူးသျဖင့္ ယူနန္က ကုမၸဏီေတြက လက္နက္ကိုင္အဖြဲ႔၊ ေဒသခံစစ္ေခါင္းေဆာင္ေတြနဲ႔ အေပးအယူလုပ္ၿပီးေတာ့ လက္နက္ရိွသူေတြကို ႀကီးစိုးကြင္းျပဳထားတာပါ။ ဒါဟာ မမွန္ကန္တဲ့ လုပ္ရပ္ပါ။ အရပ္သားေတြ၊ စီးပြားေရးအသိုင္းအဝိုင္းေတြကသာ ဆံုးျဖတ္သင့္ပါတယ္။
ေမး ။ ။ ရင္းႏီွးျမဳပ္ႏံွမႈနဲ႔ ဆက္စပ္ေျပာရင္ ေက်ာက္ျဖဴမွာလုပ္ေနတဲ့ ရင္းႏီွးျမဳပ္ႏံွမႈကို ဘယ္လိုျမင္ပါသလဲ။ တခ်ဳိ ႔က ဒီလုပ္ငန္းေတြက ေရွ ႔မတုိးႏုိင္ ျဖစ္ေနတယ္လို႔ သံုးသပ္ၾကပါတယ္။ အခုေကာ ဘယ္လုိေျပာင္းလဲသြားႏုိင္ပါသလဲ။ တရုတ္သမၼတ ေရာက္လာတဲ့အခါ ဒီကိစၥ။
ေျဖ ။ ။ ဒီေနရာမွာ အေၾကာင္းအရာႏွစ္ခု ရိွပါတယ္။ ေက်ာက္ျဖဴဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုန္တုိ႔ ျဖစ္ပါတယ္။ အထူးစီးပြားေရးဇုန္ကေတာ့ အဆင္သင့္ ျဖစ္ေနပါၿပီ။ သေဘာတူညီမႈလက္မွတ္ ထုိးၿပီးပါၿပီ။ ကုမၸဏီေတြကလည္း သဘာဝပတ္ဝန္းက်င္၊ လူမႈေရး၊ စီးပြားေရး သံုးသပ္ေလ့လာမႈေတြ၊ အစိုးရက သတ္မွတ္ထားတဲ့အတိုင္း လုပ္ေနၾကပါၿပီ။ ဒီကိစၥ သေဘာတူညီခ်က္ကို Xi Jingpin က တရားဝင္လက္မွတ္ထိုးလိမ့္မယ္ ထင္တယ္။ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ကိစၥကို ေျပာတာပါ။ ဆိပ္ကမ္းကိစၥ မဟုတ္ပါဘူး။ ဆိပ္ကမ္းကိစၥက ဦးသိန္းစိန္လက္မွတ္ထိုးခဲ့တာနဲ႔ လံုးဝေျပာင္းလဲသြားခဲ့ပါၿပီ။
ေမး ။ ။ အဲဒီဆိပ္ကမ္းကိစၥက အိႏိၵယသမုဒၵရာကို လႊမ္းမိုးေရး မဟာဗ်ဴဟာကိစၥေတြနဲ႔ ဆက္စပ္ေနတာေၾကာင့္ ဒီလိုျဖစ္သြားခဲ့တာလား။
ေျဖ ။ ။ အဲဒီလိုေျပာလို႔ ရပါတယ္။ အခုအခါ တရုတ္အတြက္ ဆိပ္ကမ္းေတြ အမ်ားႀကီးရိွေနၿပီေတာ့ ဒါဟာ တရုတ္အတြက္ ေနာက္ဆိပ္ကမ္းတခု ျဖစ္လာမွာပါ။ မူလက စီစဥ္ခဲ့တဲ့အတိုင္း မဟာဗ်ဴဟာဆိပ္ကမ္းတခုလုိ႔ က်မ မထင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အခုမူသစ္ကို အဆင့္ (၄) ဆင့္နဲ႔ လုပ္ေနတာ ျဖစ္ပါတယ္။ ပထမအဆင့္က သိပ္ေသးပါတယ္။ ေၾကြးၿမီးကိစၥကိုလည္း ရင္းႏီွးျမဳပ္ႏံွသူေတြက ကိုင္တြယ္ရတာ ျဖစ္ပါတယ္။ ၿပီးေတာ့ အဆင့္တဆင့္ဆီဟာ ေရရွည္တည္တန္႔ၿပီးမွ အက်ဳိးရိွမွ ေနာက္တဆင့္ကို တက္ႏုိင္မွာ ျဖစ္ပါတယ္။ အထူးစီးပြားေရးဇုန္ကေတာ့ စီးပြားေရး၊ ကုန္သြယ္ေရး စတာေတြ ဖြံ႔ၿဖိဳးေရးအတြက္ ျဖစ္ၿပီးေတာ့ ျမန္မာျပည္ျဖတ္ အေဝးေျပးလမ္းနဲ႔အတူလာမယ့္ ရထားလမ္းအတြက္ အေၾကာင္းျပစရာလည္း ျဖစ္ပါတယ္။
ေမး ။ ။ ရွင္းရွင္းေျပာရရင္ ျမန္မာျပည္သူေတြဟာ တရုတ္ကို မႀကိဳက္ၾကဘူး။ အေမရိကန္ကို တရုတ္ထက္စာရင္ ပိုႏွစ္သက္ၾကပါတယ္။ ဆိုေတာ့ ဒီေနရာမွာ ျမန္မာႏုိင္ငံ တရုတ္ဘက္ကို သိပ္ေရာက္မသြားေအာင္ အေမရိကန္က ဘာေၾကာင့္ ဝင္မကယ္တာလဲ။ ဘာေၾကာင့္ ဒီေနရာမွာ ျမန္မာကို ဝင္မကူသလဲလို႔ လူေတြက စဥ္းစားၾကပါလိမ့္မယ္။ ဘာေျပာခ်င္ပါလဲ။
ေျဖ ။ ။ ပထမဦးဆံုး ပထဝီအေနအထားကို ၾကည့္ရမွာပါ။ ေျပာင္းလဲလို႔ မရႏိုင္ပါဘူး။ က်မတို႔ အေမရိကန္က ကမာၻႀကီးရဲ ႔ တျခားတဘက္မွာ ရိွေနတာပါ။ ျမန္မာႏုိင္ငံနဲ႔ က်မတုိ႔ဟာ နယ္စပ္ခ်င္းရွည္ရွည္လ်ားလ်ား ထိဆက္ေနတာ မဟုတ္ပါဘူး။ တရုတ္နဲ႔ ရာစုႏွစ္မ်ားစြာ အျပန္အလွန္ ဆက္ဆံမႈ၊ ယဥ္ေက်းမႈခ်င္း ဆက္ႏႊယ္မႈေတြ ရိွခဲ့ပါတယ္။ က်မတို႔နဲ႔က အဲဒီလို မဟုတ္ပါဘူး။
ေမး ။ ။ ဆိုရင္ ေတာင္တရုတ္ပင္လယ္ၾကေတာ့ေကာ။ ေတာင္တရုတ္ပင္လယ္နဲ႔ အေမရိကန္နဲ႔ အေဝးႀကီးပဲ။ အဲဒီမွာၾကေတာ့ အေမရိကန္က ေတာ္ေတာ္ေလး ထဲထဲဝင္ဝင္ ပါဝင္ေနပါလား။
ေျဖ ။ ။ က်မတို႔ အက်ဳိးစီးပြား အဲဒီမွာ ရိွေနပါတယ္။ ဒါကို က်မ မျငင္းပါဘူး။ ျမန္မာနဲ႔ က်မတို႔က တရုတ္နဲ႔လို ဆက္ဆံေရးမရိွပါဘူး။ ပထဝီအေနအထားေၾကာင့္ ေနာင္လဲ မရိွႏုိင္ပါဘူး။ ဒါ့အျပင္ အေမရိကန္ရဲ ႔ ရင္းႏီွးျမဳပ္ႏံွမႈေတြက စီးပြားေရးရႈေထာင့္ကေန စဥ္းစားတဲ့ ရင္းႏီွးျမဳပ္ႏံွမႈပါ။ အခုဟာ ျမန္မာစီးပြားေရးဝန္းက်င္ဟာ အေမရိကန္ကုမၸဏီေတြ လိုအပ္တဲ့အဆင့္မွာ မရိွပါဘူး။ ဒါေပမဲ့ အခုအခါ ျမန္မာႏုိင္ငံမွာ အေမရိကန္ရင္းႏီွးျမဳပ္ႏံွမႈေတြ အမ်ားႀကီး ရိွလာေနပါတယ္။ ဥပမာ Cellphone towers ေတြ၊ ေနစြမ္းအင္ကုမၸဏီေတြ စတာေတြရိွပါတယ္။ ဒါေပမဲ့လဲ လြယ္ကူတဲ့စီးပြားေရးဝန္းက်င္ေတာ့ မဟုတ္ပါဘူး။ NLD လက္ထက္မွာ တိုးတက္လာေပမယ့္လဲ ႏုိင္ငံတကာအဆင့္ မမီွေသးပါဘူး။ ဒါ့အျပင္ တရုတ္ရင္းႏီွးျမဳပ္ႏံွမႈေတြ မ်ားလာေလေလ၊ အေနာက္ႏုိင္ငံေတြ စီးပြားေရးေလာက ဝင္ေရာက္ဖို႔ ခက္ခဲလာေလေလ ျဖစ္မွာပါ။
ေမး ။ ။ ျမန္မာႏုိင္ငံအေနနဲ႔ တရုတ္နဲ႔ အေနာက္ႏုိင္ငံေတြ အထူးသျဖင့္ အေမရိကန္တို႔အၾကားမွာ ကိုယ့္ႏုိင္ငံရဲ ႔ အက်ဳိးစီးပြားကိုလည္း မထိခိုက္ေစရေအာင္ ဘယ္လိုထိန္းညိွသြားသင့္သလဲဆိုတာကို အႀကံေပးပါဆိုရင္ ဘယ္လုိမ်ား အႀကံေပးခ်င္ပါလဲ။
ေျဖ ။ ။ ဒါဟာ တကယ့္ေရရွည္ကိစၥတရပ္ပါ။ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီအေဆာက္အအံုေတြ မ်ားမ်ားတည္ေဆာက္ၿပီးေတာ့ ဒီမိုကေရစီဘက္ကို ေရြ ႔လ်ားေလေလ တရုတ္ထက္ပိုၿပီးေတာ့ အေနာက္ႏုိင္ငံေတြနဲ႔ ပိုၿပီးေတာ့ နီးစပ္လာေလေလ ျဖစ္လာပါလိမ့္မယ္။ ၿပီးေတာ့ စစ္တပ္ေနာက္ဆံုးသြားဖို႔လည္း လုိပါတယ္။ သူတို႔ႀကီးစိုးမိုးဟာ သိပ္ကိုမ်ားျပားထင္ရွားပါတယ္။ စီးပြားေရးအေပၚမွာလည္း ႀကီးစြာရိုက္ခတ္ပါတယ္။ ပဋိပကၡေတြကလည္း တိုင္းျပည္အႏံွ ျဖစ္ေနလို႔ ရင္းႏီွးျမဳပ္ႏံွဖို႔ အခက္အခဲ ျဖစ္ေစပါတယ္။ စစ္တပ္ကလည္း ပဋိပကၡကို မေျဖရွင္းဘဲနဲ႔ ပိုပိုၿပီးေတာ့ ႀကီးထြားေအာင္သာ လုပ္ေနပါတယ္။ သူတုိ႔ တကယ္ပဲ အေနာက္ႏုိင္ငံေတြနဲ႔ ဆက္ဆံေရးေကာင္းခ်င္တယ္။ ေရရွည္ဆက္ဆံခ်င္တယ္ဆိုရင္ ၿငိမ္းခ်မ္းေသာဒီမိုကေရစီလမ္းကို ေလွ်ာက္လွမ္းရပါလိမ့္မယ္။
ေမး ။ ။ ခပ္တိုတို ေမးခြန္းတခု ေမးခ်င္ပါတယ္။ ေဆာ္ဒီအာေရဗီယားနဲ႔ အေမရိကန္က အင္မတန္ ပုလဲနားပါးသင့္ေနပါလား။ တကယ္ေတာ့ ေဆာ္ဒီအာေရဗီယားကလည္း ဒီမိုကေရစီနဲ႔ အင္မတန္အလွမ္းေဝးၿပီးေတာ့ လူ႔အခြင့္အေရးေခါင္းပါးတဲ့ လူ႔အဖြဲ႔အစည္းတခုပါ။
ေျဖ ။ ။ ရွင္က ဒီိကိစၥကို နည္းနည္းပိုေျပာတယ္လို႔ က်မ ထင္ပါတယ္။ လူေတြလည္း အထူးအာရံုစိုက္တဲ့ကိစၥ ျဖစ္ပါတယ္။ ေဆာ္ဒီနဲ႔ အေမရိကန္ ဆက္ဆံေရး အေရးပါမႈကို လူေတြက ခ်ဲ ႔ထြင္ၿပီးေတာ့ ေျပာၾကပါတယ္။ ေဆာ္ဒီအာေရဗီယားဟာ ကမာၻႀကီးအတြက္ အဓိက ေရနံ ရရိွေစတဲ့ေဒသ ျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာလည္း မဟာဗ်ဴဟာအခ်က္အျခာအျဖစ္ အာရံုစိုက္ခံခဲ့ရတာပါ။ ဒါဟာ အဆန္းမဟုတ္ပါဘူး။ လက္ရိွ Trump အစိုးရက ေဆာ္ဒီအာေရဗီယားကို အာရံုပိုစူးစိုက္စရာ ျဖစ္ေနေအာင္ လုပ္ေနတယ္လို႔ က်မထင္ပါတယ္။ ဆက္ဆံေရးက ေျပာင္းလဲလာတာ မဟုတ္ပါဘူး။ ဒါေပမဲ့ ဒီဆက္ဆံေရးဟာ က်ယ္ျပန္႔တဲ့ႏုိင္ငံေရး ဆက္ဆံမႈမ်ဳိး မရိွပါဘူး။ သေဘာထားတုိက္ဆိုင္မႈမ်ဳိး မရိွပါဘူး။ သူတုိ႔ဟာ ဒီမိုကေရစီ မဟုတ္ပါဘူး။ ျပႆနာအခက္အခဲ ႀကီးမားတဲ့ ႏိုင္ငံပါ။ သိပ္ၿပီးေတာ့ ထိလြယ္ရွလြယ္တဲ့ လူ႔အဖြဲ႔အစည္းပါ။ အေျခမခိုင္ပါဘူး။ ေရနံနဲ႔ ဘုရင့္မိသားစုအေပၚမွာ အေျခခံထားတာပါ။ ဒါေၾကာင့္ အေမရိကန္နဲ႔ ေဆာ္ဒီ ဆက္ဆံေရးကို ပိုမတြက္သင့္ပါဘူး။
==Unicode —
တရုတ်အစိုးရဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ အသွားနှစ်ဘက်ရှိတဲ့ဒါးလို ကျင့်သုံးနေပြီး အခုသမ္မတ Xi Jingpin ရဲ့ခရီးစဉ်အတွင်းမှာ ဒီကိစ္စပြေလည်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မယ် မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအဖွဲ့အကြီးအကဲဟောင်း Priscilla Clapp က ဆိုပါတယ်။ အသေးစိတ်ကို Priscilla Clapp နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ သမ္မတ Xi Jingpin ဟာ မြန်မာနိုင်ငံကို ဘာကြောင့် ဒီအချိန်လာသလဲဆိုတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို Priscilla က အခုလို စပြောပါတယ်။
ဖြေ ။ ။ သူတို့အကြောင်းပြတာကတော့ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ်ပတ်လည်လို့ ဆိုပါတယ်။ နှစ် (၇၀) ပြည့်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီအချိန်အထိ စောင့်နေတယ်ဆိုပါတယ်။ နှစ်အတော်ကြာ ဆွေးနွေးမှုတွေကတော့ ရှိခဲ့ကြပြီ ထင်ပါတယ်။ ပြီးတော့ သူဟာ ဒုသမ္မတအနေနဲ့လဲ မြန်မာနိုင်ငံကို သွားခဲ့ပြီ ဖြစ်ပါတယ်။ ဆိုတော့ အခုဟာ ပထမအကြိမ် မဟုတ်ပါဘူး။ နောက်ပြီးတော့ Xi Jingpin အတွက် အခွင့်အခါကောင်းကို ရွေးတယ်ဆိုတာကတော့ မဆန်းပါဘူး။ အခုဟာ အချိန်ကောင်းပါ။ မြောက်ကိုရီးယားကိုလည်း ဒီလိုပါပဲ။ နှစ်ပေါင်းအတော်ကြာပြီးမှ သွားရောက်ခဲ့တာပါ။ မြောက်ကိုရီးယားဟာ အများကြီးအရေးပါတဲ့ မဟာမိတ်ပါ။
မေး ။ ။ မကြာခင်က တရုတ်အရေးကျွမ်းကျင်သူတွေ၊ မြန်မာ့အရေးကျွမ်းကျင်သူတွေ ဆွေးနွေးပွဲ လုပ်ပါတယ်။ အဲဒီမှာ တရုတ်ဘက်က ဘာပြောသလဲဆိုတော့ အခုအချိန် မြန်မာနိုင်ငံဟာ နိုင်ငံတကာဖိအားတွေကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့အချိန် ဖြစ်တဲ့အတွက် တရုတ်သမ္မတ လာရောက်ခြင်းဟာ မြန်မာအတွက် အခွင့်အခါကောင်း ဖြစ်တယ်လို့ ဆိုပါတယ်။ သဘောတူပါသလား။
ဖြေ ။ ။ အဲဒါမှန်ပါတယ်။ ကျမ စောဒက မတတ်လိုပါဘူး။ တရုတ်ဟာ မြန်မာကို ပြင်းထန်တဲ့ဝေဖန်မှုတွေက ကာကွယ်ပေးနေတာပါ။ အလားတူပဲ ကုလသမဂ္ဂ၊ နိုင်ငံတကာတရားရုံးတို့မှာ ဒီလိုပဲ တက်တက်ကြွကြွ ကာကွယ်ပေးပါတယ်။
မေး ။ ။ ကုလသမဂ္ဂမှာတော့ တရုတ်က ဗီတိုအာဏာ ရှိတယ်။ ICJ မှာတော့ တရုတ်က ဘယ်လိုကာကွယ်ပေးနိုင်မလဲ။ တရားရုံးက ဆုံးဖြတ်ချက် တစုံတရာထွက်လာပြီးတော့ မြန်မာကို ဆန့်ကျင်ပြီးတော့ ဆုံးဖြတ်ခဲ့တယ်ဆိုရင် တရုတ်က ဘာလုပ်ပေးနိုင်မလဲ။
ဖြေ ။ ။ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမှာပါ။ ICJ က ဘာလုပ်နိုင်မလဲဆိုတာ ကျမ မသိနိုင်ပါဘူး။ ဆုံးဖြတ်ချက်၊ ဒါမှမဟုတ် သဘောထားမှတ်ချက်ပေးနိုင်ပါတယ်။ သူတို့မှာ လုပ်ပိုင်ခွင့်အာဏာကို ရှိရဲ့လား ကျမ မသေချာပါဘူး။ ယာယီလုပ်ဆောင်ချက် Provisional Measures က ဘာတွေပါလာမလဲ။ ဒဏ်ခတ်အရေးယူဖို့ ထောက်ခံတင်ပြချက် တချို့ပါကောင်းပါလာပါလိမ့်မယ်။ အဲဒီကြရင် တရုတ်က လိုက်နာမှာ မဟုတ်ပါဘူး။ တရုတ်က မြန်မာကို ဒဏ်ခတ်ပိတ်ဆို့မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ဒဏ်ခတ်အရေးယူမယ့်ကိစ္စကို အနောက်နိုင်ငံတွေက လိုက်နာကျင့်သုံးတယ်ဆိုရင် ဒါဟာ တရုတ်အဖို့ မြန်မာနိုင်ငံဟာ လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးပါပဲ။ ဒါဟာ မြန်မာအတွက် ကံမကောင်းတဲ့အချက်ပါပဲ။
မေး ။ ။ ဆိုတော့ မြန်မာကို တရုတ်ဘက်ကို ပိုပြီးရွေ့သွားအောင် တွန်းပို့ကြမယ့်သဘော ဖြစ်နေတာပေါ့။
ဖြေ ။ ။ အဲဒီလိုပြောနိုင်ပါတယ်။ အနောက်နိုင်ငံတွေကတော့ အဲဒီလို မမြင်ကြပါဘူး ဒါပေမဲ့ အဲဒီသဘောသက်ရောက်ပါတယ်။ နောက်ဆုံးတနေ့မှာတော့ သူတို့ဘာလိုချင်သလဲဆိုတာ မြန်မာပြည်သူတွေရဲ့ သဘောသာ ဖြစ်ပါတယ်။
မေး ။ ။ ဒီခရီးစဉ်အတွင်းမှာ တရုတ်သမ္မတက မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့မယ်လို့ ဆိုပါတယ်။ ဒီလိုတွေ့တာဟာ နိုင်ငံခေါင်းဆောင်တွေ ပြည်ပခရီးသွားတဲ့အခါမှာ လုပ်ရိုးလုပ်စဉ်တရပ် ဖြစ်ပါ့ရဲလား၊ ဟုတ်ပါရဲ့လား။
ဖြေ ။ ။ သမ္မတအိုဘားမား မြန်မာပြည်ကိုသွားတုန်းက NGO တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေလည်းပါကောင်းပါမယ် တွေ့ခဲ့တာကို မှတ်မိမှာပါ။ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေအတွက် လုပ်ရိုးလုပ်စဉ်ပါ။ သူတို့ကတော့ ဘက်မလိုက်ဘူးဆိုတာကို ပြသတာပါ။ ဒါဟာ တရုတ်အတွက်တော့ အသစ်အဆန်းပါ။ ဒါပေမဲ့ တရုတ်-မြန်မာ ဆက်ဆံရေးမှာတော့ ဒါက မဆန်းပါဘူး။ NLD အနိုင်ရကတည်းက တရုတ်က နိုင်ငံရေးပါတီတွေကို အထူးအာရုံစိုက်ခဲ့ပါတယ်။ အဲဒီပါတီတွေ အများအပြားကိုလည်း တရုတ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဆိုတော့ သူ့ခရီးစဉ်မှာ ဒီပါတီတွေနဲ့တွေ့တာ သူ့အတွက် အဓိပ္ပါယ်ရှိပါလိမ့်မယ်။ ဒါပေမဲ့ တရုတ်ပြည်အတွက်တော့ ဒါဟာပုံစံသစ်တမျိုး ဖြစ်နေပါတယ်။
မေး ။ ။ တကယ်တော့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ နိုင်ငံရေးပါတီတွေ မဟုတ်ပါဘူး။ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားသူပုန်အဖွဲ့တွေသာ ဖြစ်ပါတယ်။ ဆိုတော့ သူပုန်အဖွဲ့တွေနဲ့ ဖြစ်နေတဲ့ကိစ္စကို တရုတ်သမ္မတက သူ့ခရီးစဉ်အတွင်းမှာ တစုံတရာ ပြေပျောက်သွားအောင် စွမ်းဆောင်လိမ့်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ အခုအချိန်မှာ ဒီကိစ္စကို ထဲထဲဝင်ဝင် ကိုင်တွယ်လို့ အကျိုးရှိနိုင်မယ် မထင်ပါဘူး။ ဒီပြဿနာမှာ တရုတ်က နှစ်ဘက်စလုံးနဲ့ ပတ်သက်နေပါတယ်။ တစိတ်တဒေသအားဖြင့် ဒီသူပုန်တွေကို ထောက်ခံနေပြီးတော့ တဘက်မှာလဲ ဘေဂျင်းနိုင်ငံရေးရုံးက သံတမန်တချို့က ငြိမ်းချမ်းရေးစေ့စပ်ပွဲတွေမှာ ပါဝင်နေပါတယ်။ တရုတ်ဟာ အသွားနှစ်ဘက်ပါတဲ့ဒါးကို သုံးနေတာ ဖြစ်ပါတယ်။ ဆိုတော့ Xi Jingpin ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် Lip service အပြောသာရှိပြီးတော့ တကယ်ဖြေရှင်းပေးမှာ မဟုတ်ပါဘူး။
မေး ။ ။ အဲဒါဘာဖြစ်လို့လဲ။ တချို့ကပြောကြတယ်။ တရုတ်ဟာ အထူးသဖြင့် AA ဆိုပါတော့ တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုတွေကို မနှောင့်ယှက်သမျှ သူတို့ကြိုက်တာလုပ်လို့ လွှတ်ပေးထားတယ်လို့ ပြောပါတယ်။ AA ကလည်း တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုတွေကို ကြိုဆိုတယ်လို့ ကြေညာချက် ထုတ်ထားပါတယ်။
ဖြေ ။ ။ ပဋိပက္ခ ရှိနေသရွေ့ ရင်းနှီးမြုပ်နံှမှုတွေအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ TNLA ဟာ တရုတ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတချို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ဆိုတော့ ရှင်ပြောတဲ့ကိစ္စ မခိုင်မာပါဘူး။ ရင်းနှီးမြုပ်နံှမှုတွေကလည်း ပဋိပက္ခသစ်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒီရင်းနှီးမြုပ်နံှမှုက ဘယ်သူတွေ အမြတ်ထွက်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခ ဖြစ်နိုင်ပါတယ်။ တချို့တရုတ်ကုမ္ပဏီတွေ အထူးသဖြင့် ယူနန်က ကုမ္ပဏီတွေက လက်နက်ကိုင်အဖွဲ့၊ ဒေသခံစစ်ခေါင်းဆောင်တွေနဲ့ အပေးအယူလုပ်ပြီးတော့ လက်နက်ရှိသူတွေကို ကြီးစိုးကွင်းပြုထားတာပါ။ ဒါဟာ မမှန်ကန်တဲ့ လုပ်ရပ်ပါ။ အရပ်သားတွေ၊ စီးပွားရေးအသိုင်းအဝိုင်းတွေကသာ ဆုံးဖြတ်သင့်ပါတယ်။
မေး ။ ။ ရင်းနှီးမြုပ်နံှမှုနဲ့ ဆက်စပ်ပြောရင် ကျောက်ဖြူမှာလုပ်နေတဲ့ ရင်းနှီးမြုပ်နံှမှုကို ဘယ်လိုမြင်ပါသလဲ။ တချို့က ဒီလုပ်ငန်းတွေက ရှေ့မတိုးနိုင် ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ အခုကော ဘယ်လိုပြောင်းလဲသွားနိုင်ပါသလဲ။ တရုတ်သမ္မတ ရောက်လာတဲ့အခါ ဒီကိစ္စ။
ဖြေ ။ ။ ဒီနေရာမှာ အကြောင်းအရာနှစ်ခု ရှိပါတယ်။ ကျောက်ဖြူဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တို့ ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန်ကတော့ အဆင်သင့် ဖြစ်နေပါပြီ။ သဘောတူညီမှုလက်မှတ် ထိုးပြီးပါပြီ။ ကုမ္ပဏီတွေကလည်း သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေး သုံးသပ်လေ့လာမှုတွေ၊ အစိုးရက သတ်မှတ်ထားတဲ့အတိုင်း လုပ်နေကြပါပြီ။ ဒီကိစ္စ သဘောတူညီချက်ကို Xi Jingpin က တရားဝင်လက်မှတ်ထိုးလိမ့်မယ် ထင်တယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စကို ပြောတာပါ။ ဆိပ်ကမ်းကိစ္စ မဟုတ်ပါဘူး။ ဆိပ်ကမ်းကိစ္စက ဦးသိန်းစိန်လက်မှတ်ထိုးခဲ့တာနဲ့ လုံးဝပြောင်းလဲသွားခဲ့ပါပြီ။
မေး ။ ။ အဲဒီဆိပ်ကမ်းကိစ္စက အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးရေး မဟာဗျူဟာကိစ္စတွေနဲ့ ဆက်စပ်နေတာကြောင့် ဒီလိုဖြစ်သွားခဲ့တာလား။
ဖြေ ။ ။ အဲဒီလိုပြောလို့ ရပါတယ်။ အခုအခါ တရုတ်အတွက် ဆိပ်ကမ်းတွေ အများကြီးရှိနေပြီတော့ ဒါဟာ တရုတ်အတွက် နောက်ဆိပ်ကမ်းတခု ဖြစ်လာမှာပါ။ မူလက စီစဉ်ခဲ့တဲ့အတိုင်း မဟာဗျူဟာဆိပ်ကမ်းတခုလို့ ကျမ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုမူသစ်ကို အဆင့် (၄) ဆင့်နဲ့ လုပ်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်က သိပ်သေးပါတယ်။ ကြွေးမြီးကိစ္စကိုလည်း ရင်းနှီးမြုပ်နံှသူတွေက ကိုင်တွယ်ရတာ ဖြစ်ပါတယ်။ ပြီးတော့ အဆင့်တဆင့်ဆီဟာ ရေရှည်တည်တန့်ပြီးမှ အကျိုးရှိမှ နောက်တဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန်ကတော့ စီးပွားရေး၊ ကုန်သွယ်ရေး စတာတွေ ဖွံ့ဖြိုးရေးအတွက် ဖြစ်ပြီးတော့ မြန်မာပြည်ဖြတ် အဝေးပြေးလမ်းနဲ့အတူလာမယ့် ရထားလမ်းအတွက် အကြောင်းပြစရာလည်း ဖြစ်ပါတယ်။
မေး ။ ။ ရှင်းရှင်းပြောရရင် မြန်မာပြည်သူတွေဟာ တရုတ်ကို မကြိုက်ကြဘူး။ အမေရိကန်ကို တရုတ်ထက်စာရင် ပိုနှစ်သက်ကြပါတယ်။ ဆိုတော့ ဒီနေရာမှာ မြန်မာနိုင်ငံ တရုတ်ဘက်ကို သိပ်ရောက်မသွားအောင် အမေရိကန်က ဘာကြောင့် ဝင်မကယ်တာလဲ။ ဘာကြောင့် ဒီနေရာမှာ မြန်မာကို ဝင်မကူသလဲလို့ လူတွေက စဉ်းစားကြပါလိမ့်မယ်။ ဘာပြောချင်ပါလဲ။
ဖြေ ။ ။ ပထမဦးဆုံး ပထဝီအနေအထားကို ကြည့်ရမှာပါ။ ပြောင်းလဲလို့ မရနိုင်ပါဘူး။ ကျမတို့ အမေရိကန်က ကမ္ဘာကြီးရဲ့ တခြားတဘက်မှာ ရှိနေတာပါ။ မြန်မာနိုင်ငံနဲ့ ကျမတို့ဟာ နယ်စပ်ချင်းရှည်ရှည်လျားလျား ထိဆက်နေတာ မဟုတ်ပါဘူး။ တရုတ်နဲ့ ရာစုနှစ်များစွာ အပြန်အလှန် ဆက်ဆံမှု၊ ယဉ်ကျေးမှုချင်း ဆက်နွှယ်မှုတွေ ရှိခဲ့ပါတယ်။ ကျမတို့နဲ့က အဲဒီလို မဟုတ်ပါဘူး။
မေး ။ ။ ဆိုရင် တောင်တရုတ်ပင်လယ်ကြတော့ကော။ တောင်တရုတ်ပင်လယ်နဲ့ အမေရိကန်နဲ့ အဝေးကြီးပဲ။ အဲဒီမှာကြတော့ အမေရိကန်က တော်တော်လေး ထဲထဲဝင်ဝင် ပါဝင်နေပါလား။
ဖြေ ။ ။ ကျမတို့ အကျိုးစီးပွား အဲဒီမှာ ရှိနေပါတယ်။ ဒါကို ကျမ မငြင်းပါဘူး။ မြန်မာနဲ့ ကျမတို့က တရုတ်နဲ့လို ဆက်ဆံရေးမရှိပါဘူး။ ပထဝီအနေအထားကြောင့် နောင်လဲ မရှိနိုင်ပါဘူး။ ဒါ့အပြင် အမေရိကန်ရဲ့ ရင်းနှီးမြုပ်နံှမှုတွေက စီးပွားရေးရှုထောင့်ကနေ စဉ်းစားတဲ့ ရင်းနှီးမြုပ်နံှမှုပါ။ အခုဟာ မြန်မာစီးပွားရေးဝန်းကျင်ဟာ အမေရိကန်ကုမ္ပဏီတွေ လိုအပ်တဲ့အဆင့်မှာ မရှိပါဘူး။ ဒါပေမဲ့ အခုအခါ မြန်မာနိုင်ငံမှာ အမေရိကန်ရင်းနှီးမြုပ်နံှမှုတွေ အများကြီး ရှိလာနေပါတယ်။ ဥပမာ Cellphone towers တွေ၊ နေစွမ်းအင်ကုမ္ပဏီတွေ စတာတွေရှိပါတယ်။ ဒါပေမဲ့လဲ လွယ်ကူတဲ့စီးပွားရေးဝန်းကျင်တော့ မဟုတ်ပါဘူး။ NLD လက်ထက်မှာ တိုးတက်လာပေမယ့်လဲ နိုင်ငံတကာအဆင့် မမှီသေးပါဘူး။ ဒါ့အပြင် တရုတ်ရင်းနှီးမြုပ်နံှမှုတွေ များလာလေလေ၊ အနောက်နိုင်ငံတွေ စီးပွားရေးလောက ဝင်ရောက်ဖို့ ခက်ခဲလာလေလေ ဖြစ်မှာပါ။
မေး ။ ။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်တို့အကြားမှာ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကိုလည်း မထိခိုက်စေရအောင် ဘယ်လိုထိန်းညှိသွားသင့်သလဲဆိုတာကို အကြံပေးပါဆိုရင် ဘယ်လိုများ အကြံပေးချင်ပါလဲ။
ဖြေ ။ ။ ဒါဟာ တကယ့်ရေရှည်ကိစ္စတရပ်ပါ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအဆောက်အအုံတွေ များများတည်ဆောက်ပြီးတော့ ဒီမိုကရေစီဘက်ကို ရွေ့လျားလေလေ တရုတ်ထက်ပိုပြီးတော့ အနောက်နိုင်ငံတွေနဲ့ ပိုပြီးတော့ နီးစပ်လာလေလေ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ စစ်တပ်နောက်ဆုံးသွားဖို့လည်း လိုပါတယ်။ သူတို့ကြီးစိုးမိုးဟာ သိပ်ကိုများပြားထင်ရှားပါတယ်။ စီးပွားရေးအပေါ်မှာလည်း ကြီးစွာရိုက်ခတ်ပါတယ်။ ပဋိပက္ခတွေကလည်း တိုင်းပြည်အနံှ ဖြစ်နေလို့ ရင်းနှီးမြုပ်နံှဖို့ အခက်အခဲ ဖြစ်စေပါတယ်။ စစ်တပ်ကလည်း ပဋိပက္ခကို မဖြေရှင်းဘဲနဲ့ ပိုပိုပြီးတော့ ကြီးထွားအောင်သာ လုပ်နေပါတယ်။ သူတို့ တကယ်ပဲ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းချင်တယ်။ ရေရှည်ဆက်ဆံချင်တယ်ဆိုရင် ငြိမ်းချမ်းသောဒီမိုကရေစီလမ်းကို လျှောက်လှမ်းရပါလိမ့်မယ်။
မေး ။ ။ ခပ်တိုတို မေးခွန်းတခု မေးချင်ပါတယ်။ ဆော်ဒီအာရေဗီယားနဲ့ အမေရိကန်က အင်မတန် ပုလဲနားပါးသင့်နေပါလား။ တကယ်တော့ ဆော်ဒီအာရေဗီယားကလည်း ဒီမိုကရေစီနဲ့ အင်မတန်အလှမ်းဝေးပြီးတော့ လူ့အခွင့်အရေးခေါင်းပါးတဲ့ လူ့အဖွဲ့အစည်းတခုပါ။
ဖြေ ။ ။ ရှင်က ဒီကိစ္စကို နည်းနည်းပိုပြောတယ်လို့ ကျမ ထင်ပါတယ်။ လူတွေလည်း အထူးအာရုံစိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဆော်ဒီနဲ့ အမေရိကန် ဆက်ဆံရေး အရေးပါမှုကို လူတွေက ချဲ့ထွင်ပြီးတော့ ပြောကြပါတယ်။ ဆော်ဒီအာရေဗီယားဟာ ကမ္ဘာကြီးအတွက် အဓိက ရေနံ ရရှိစေတဲ့ဒေသ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာလည်း မဟာဗျူဟာအချက်အခြာအဖြစ် အာရုံစိုက်ခံခဲ့ရတာပါ။ ဒါဟာ အဆန်းမဟုတ်ပါဘူး။ လက်ရှိ Trump အစိုးရက ဆော်ဒီအာရေဗီယားကို အာရုံပိုစူးစိုက်စရာ ဖြစ်နေအောင် လုပ်နေတယ်လို့ ကျမထင်ပါတယ်။ ဆက်ဆံရေးက ပြောင်းလဲလာတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆက်ဆံရေးဟာ ကျယ်ပြန့်တဲ့နိုင်ငံရေး ဆက်ဆံမှုမျိုး မရှိပါဘူး။ သဘောထားတိုက်ဆိုင်မှုမျိုး မရှိပါဘူး။ သူတို့ဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ ပြဿနာအခက်အခဲ ကြီးမားတဲ့ နိုင်ငံပါ။ သိပ်ပြီးတော့ ထိလွယ်ရှလွယ်တဲ့ လူ့အဖွဲ့အစည်းပါ။ အခြေမခိုင်ပါဘူး။ ရေနံနဲ့ ဘုရင့်မိသားစုအပေါ်မှာ အခြေခံထားတာပါ။ ဒါကြောင့် အမေရိကန်နဲ့ ဆော်ဒီ ဆက်ဆံရေးကို ပိုမတွက်သင့်ပါဘူး။




No comments:

Post a Comment

Note: Only a member of this blog may post a comment.