Breaking

January 22, 2020

ICJ ကုိ ျမန္မာကုိယ္စားလွယ္အဖဲြ႔ ထြက္ခ

ဗြီအိုေအ (ျမန္မာပုိင္း)

၂၀၁၉ ဒီဇင္ဘာ ၁၁ ရက္ေန႔က ICJ မွာ ျမန္မာကိုယ္စားလွယ္မ်ား တက္ေရာက္စဥ္
၂၀၁၉ ဒီဇင္ဘာ ၁၁ ရက္ေန႔က ICJ မွာ ျမန္မာကိုယ္စားလွယ္မ်ား တက္ေရာက္စဥ္
(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ လူမ်ဳိးတုံးသတ္ျဖတ္မႈ လုပ္ရပ္ေတြ ဆက္ၿပီး မျဖစ္ေအာင္ တားဆီးေရး ၾကားျဖတ္လိုက္နာ လုပ္ေဆာင္ရမယ့္ အခ်က္ေတြ ခ်မွတ္ဖို႔ ဂမ္ဘီယာႏိုင္ငံရဲ႕ ေလွ်ာက္ထားခ်က္အေပၚ လာမယ့္ ၾကာသာပေတးေန႔မွာ ICJ အျပည္ျပည္ ဆိုင္ရာ တရား႐ုံးက ဆုံးျဖတ္ခ်က္ခ်မွာျဖစ္တဲ့အတြက္ ျမန္မာကိုယ္စားလွယ္ အဖြဲ႔ နယ္သာလန္ႏိုင္ငံကို ထြက္ခြာသြားပါတယ္။
ဒီခရီးစဥ္နဲ႔ပတ္သက္လို႔ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ဒုတိယ ညႊန္ၾကားေရးမႈးခ်ဳပ္ ဦး၀ဏၰဟန္က VOA ကို ခုလို အတည္ျပဳေျပာဆိုပါတယ္။
“သြားတာကေတာ့ က်ေနာ္တို႔ ႏုိ္င္ငံေတာ္အတိုင္ပင္ခံ႐ုံး ၀န္ႀကီး ဦးေက်ာ္တင့္ေဆြ ဦးေဆာင္ၿပီးသြားတယ္လို႔ေတာ့ က်ေနာ္တို႔သိရပါတယ္”
ICJ ဘက္ကဆုံးျဖတ္ခ်က္မခ်ခင္ ရက္ပိုင္းအတြင္းမွာပဲ မေန႔က ရခိုင္အေရးနဲ႔ပတ္သက္လုိ႔ ျမန္မာအစိုးရ ဖဲြ႔စည္းထားတဲ့ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရးေကာ္မ႐ွင္က အၿပီးသတ္အစီရင္ခံစာ အက်ဥ္းခ်ဳပ္ ထုတ္ျပန္ပါတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ သတ္ျဖတ္မႈေတြ၊ အိုးအိမ္စြန္႔ခြာရတဲ့ အေျခအေနျဖစ္ေအာင္ လုပ္ခဲ့တာေတြဟာ မြတ္ဆလင္၊ ဒါမွမဟုတ္ တျခားလူမႈအသိုင္းအဝိုင္းတခုကို ဖ်က္ဆီးဖုိ႔ ရည္႐ြယ္ခ်က္နဲ႔ လုပ္ခဲ့တယ္ဆိုတဲ့ အေထာက္အထား တစံုတရာ မေတြ႔ရဘူးလို႔ အဖဲြ႔ဝင္ ၄ ဦးပါတဲ့ ေကာ္မ႐ွင္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ARSA အဖြဲ႔နဲ႔ တိုက္ခိုက္ခဲ့တဲ့ ေဒသအတြင္း လက္နက္ကိုင္တိုက္ပြဲ ကာလတေလွ်ာက္မွာ ျမန္မာ့တပ္မေတာ္နဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က တပ္ဖြဲ႔၀င္တခ်ဳိ႕အေနနဲ႔ အင္အားအလြန္အကြ်ံ သုံးခဲ့တဲ့အတြက္ ဆိုးဝါးတဲ့ စစ္ရာဇ၀တ္မႈနဲ႔ လူ႔အခြင့္အေရးခ်ဳိး ေဖါက္မႈေတြ ေပၚေပါက္လာခဲ့ဖြယ္ ရွိတဲ့အေၾကာင္းကိုေတာ့ အစီရင္ခံစာမွာ ေဖၚျပထား ပါတယ္။
ICJ ကို မြန်မာကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
(Unicode)
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေ ဆက်ပြီး မဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေ ချမှတ်ဖို့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်အပေါ် လာမယ့် ကြာသာပတေးနေ့မှာ ICJ အပြည်ပြည် ဆိုင်ရာ တရားရုံးက ဆုံးဖြတ်ချက်ချမှာဖြစ်တဲ့အတွက် မြန်မာကိုယ်စားလှယ် အဖွဲ့ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဝဏ္ဏဟန်က VOA ကို ခုလို အတည်ပြုပြောဆိုပါတယ်။
“သွားတာကတော့ ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်ပြီးသွား တယ်လို့တော့ ကျနော်တို့သိရပါတယ်”
ICJ ဘက်ကဆုံးဖြတ်ချက်မချခင် ရက်ပိုင်းအတွင်းမှာပဲ မနေ့က ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က အပြီးသတ်အစီရင်ခံစာ အကျဉ်းချုပ် ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သတ်ဖြတ်မှုတွေ၊ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေဖြစ်အောင် လုပ်ခဲ့တာတွေဟာ မွတ်ဆလင်၊ ဒါမှမဟုတ် တခြားလူမှုအသိုင်းအဝိုင်းတခုကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထား တစုံတရာ မတွေ့ရဘူးလို့ အဖွဲ့ဝင် ၄ ဦးပါတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ARSA အဖွဲ့နဲ့ တိုက်ခိုက်ခဲ့တဲ့ ဒေသအတွင်း လက်နက်ကိုင်တိုက်ပွဲ ကာလတလျှောက်မှာ မြန်မာ့တပ်မတော် နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တချို့အနေနဲ့ အင်အားအလွန်အကျွံ သုံးခဲ့တဲ့အတွက် ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုး ဖေါက်မှုတွေ ပေါ်ပေါက်လာခဲ့ဖွယ် ရှိတဲ့အကြောင်းကိုတော့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
https://burmese.voanews.com/a/icj-myanmar-deligation-went-/5253893.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.