Breaking

January 23, 2020

ရိုဟင်ဂျာအရေး နိုင်ငံတကာခုံရုံးဖွဲ့ဖို့ ကုလလူ့အခွင့် အရေး ကိုယ်စားလှယ် တိုက်တွန်း





ရိုဟင်ဂျာအရေးနဲ့ နိုင်ငံတကာ အရေးပေါ်ခုံရုံးဖွဲ့ဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ ပဋိညာဉ်အရ လုံခြုံရေးကောင်စီက လိုက်နာဆောင်ရွက်ရမယ့် တာဝန်တွေကို ပျက်ကွက်နေတဲ့အတွက် တခြားနည်းလမ်းနဲ့ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ ဒီအတွက်လည်း မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ အာရုံစိုက်ဆောင်ရွက်မယ့် နိုင်ငံတကာ အရေးပေါ် ခုံရုံးဖွဲ့ဖို့ သူ့အနေနဲ့ အလေးထား တိုက်တွန်းနေတာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကပြောဆိုလိုက်တာပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကို တာဝန်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်းနဲ့ အထူးသဖြင့် တရုတ်နဲ့ ရုရှားနိုင်ငံတို့က မြန်မာနိုင်ငံကို ကာကွယ်နေတဲ့အပေါ်မှာလည်း ဝေဖန်ခဲ့တာပါ။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေဟာ ဘက်လိုက်မှုရှိတယ်ဆိုပြီး ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆန်ထားတာပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.