Breaking

January 16, 2020

ICJ မြန်မာအမှု တရားရုံးကြားဖြတ် ဆုံးဖြတ်ချက်အမိန့် ICJ ဥက္ကဌ အဗ္ဗဒုလ်ကာဝီ ဖတ်ကြားမည်ဟုဆို


သည်ဟိဂ်၊ ဇန်နဝါရီ ၁၅
လူမျိုးတုံးသတ်ဖြတ်မှု၏ရာဇ၀တ်မှုကာကွယ်တားဆီးရေးနှင့်ပြစ်ဒဏ်များကွန်ဗင်းရှင်းအရ ဂမ်ဘီယာနှင့် မြန်မာအမှုတွင် ယာယီအစီအမံများချမှတ်ပေးရန်တောင်းဆိုခြင်းအပေါ်၂၀၂၀၊ ဇန်နဝါရီ ၂၃ ရက် ကြာသပတေး နေ့ မနက်၁၀ နာရီတွင် တရားရုံးအမိန့်ထုတ်ပြန်မည်ဖြစ်သည်။

ကုလသမဂ္ဂ၏အဓိကတရားစီရင်ရေးအဖွဲ့ဖြစ်သောအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သည်ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၃ ရက်၊ လူမျိုးတုံးသတ်ဖြတ်မှုကိုရာဇ ၀ တ်မှုတားဆီးရေးနှင့်အပြစ်ပေးအရေးယူခြင်းဆိုင်ရာပြဋ္ဌာန်းချက်နှင့်စပ်လျဉ်း၍ ဂမ်ဘီယာမှ တောင်းဆိုထားသည့် ယာယီဆောင်ရွက်ချက်များဆိုင်ရာ တရားရုံးအမိန့်ထုတ်ပြန်သည့် တ ရားခွင်ကို မနက် ၁၀ နာရီတွင် သည်ဟိဂ်ဂ်ရှိငြိမ်းချမ်းရေးနန်းတော် အများပြည်သူရှေ့မှောက် ကျင်းပမည်ဖြစ်ရာ တရားရုံး၏ဥက္ကဋ္ဌ တရားသူကြီးအဗ္ဗဒူလာကာဝီအာမက်ယူဆွတ် တရားရုံး၏ အမိန့်ကို ဖတ်ကြားမည်ဖြစ်သည်ဟု ICJ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂတရားရုံးချုပ်ဖြစ်သောအပြည်ပြည်ဆိုင်ရာတရားရုံးသည်မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲထားသောအမှု၌ ဇန်နဝါရီလ ၂၃ ရက်နေ့တွင်အရေးပေါ် ကြားဖြတ်စီမံဆောင်ရွက်မှု ချမှတ်ပေးရန် ဂမ်ဘီယာ၏ တောင်းဆိုချက်ကို ဆုံးဖြတ်ချက်ထုတ်ပြန်မည်ဟု ဂမ်ဘီ ယာ တရားရေးဝန်ကြီးဌာန၏ Twitter တွင် တနင်္လာနေ့က ရေးသားထားသည်။
အနောက်အာဖရိကရှိ ဂမ်ဘီယာက နိုဝ င်ဘာလက တရားစွဲဆိုမှုတွင် မြန်မာနိုင်ငံသည်လူနည်းစုရိုဟင်ဂျာလူနည်းစုအပေါ်ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုကိုကျူးလွန်နေသည်ဟု စွပ်စွဲထားသည်ဟု ရိုက်တာသတင်းတွင် ရေးသားသည်။
ရိုက်တာသတင်းဋ္ဌာနက အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုချက်ကို ICJ ကချက်ချင်းတုံ့ပြန်ခြင်းမရှိသေးပေ။
မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော်ကို နှင်ထုတ်ခဲ့သော စစ်ဆင်ရေးများတွင် ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင်းရှင်း Genocide Convention ကိုဖောက်ဖျက်သည်ဟု ဂမ်ဘီယာကစွပ်စွဲခဲ့သည်။
နှစ်ပေါင်းများစွာ ဆက်လက်ရင်ဆိုင်ရမည့်အမှု၏ ပထ မအဆင့်အနေဖြင့် အန္တရာယ်များကာကွယ်ရန်အတွက် "ယာယီအစီအမံများ"အတွက် အရေးပေါ်ကြားဖြတ်အမိန့် ချမှတ်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ဂမ်ဘီယာကလျောက်ထားတင်ပြခဲ့သည်။
မြန်မာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်လအတွင်း သူမနိုင်ငံကို စွပ်စွဲချက်များမှ ခုခံချေပရန် သည်ဟိဂ် တရားရုံးသို့ သွားရောက်ခဲ့သည်။ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပွားနေကြောင်း စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့ပြီး တရားရုံးက အမှုကိုစစ်ဆေးရန် စီရင်ပိုင်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်ကမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးအတွက် ဆယ်စုနှစ်များစွာကြာတိုက်ပွဲဝင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က စစ်သားများနှင့်ရာဇ၀တ်မှုကျူးလွန်သော အရာရှိများကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။ ထိုအခြေအနေမျိုးတွင် တရားရုံးသည် ၀င်ရောက်စွက်ဖက်ခြင်းမပြုသင့်ကြောင်း သူမကပြောကြားခဲ့သည်။
အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သည့်အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ထောက်ခံမှုကိုရရှိပြီးနောက် ဂမ်ဘီ ယာက မြန်မာကို တရားစွဲဆိုသည့် အမှုတွဲ တင်သွင်းခဲ့သည်။ နိုင်ငံတစ်ခုတည်းကသာ အခြားနိုင်ငံတစ်ခုကို ICJ တွင် အမှုဖွင့်နိုင်သည်။
ရိုဟင်ဂျာများအပေါ် ရာဇ၀တ်မှုကျူးလွန်သည်ဟု စွပ်စွဲထားသော စစ်တပ်အရာရှိများကို မြန်မာက တရားဥပဒေအရ အ ရေးယူမည်ဆိုသည်ကို မယုံကြည်နိုင်ကြောင်း ဂမ်ဘီယာက ပြောကြားသည်။
ရိုဟင်ဂျာများအား သတ်ဖြတ်ခြင်း၊ မုဒိမ်းပြုကျင့်ခြင်းနှင့်အိမ်များနှင့်ကျေးရွာများအပါအဝင် လူမျိုးတုံးသတ်ဖြတ်မှုမြောက်နိုင်သော အပြူအမူများ ရာဇ၀တ်မှုကျူးလွန်မှုအားလုံးအား ရပ်တန့်စေမည့်ယာယီဆောင်ရွက်မှုအစ်ီအမံဆုံးဖြတ်ချက်ချပေးရန် တရားရုံးကို တောင်းဆိုခဲ့သည်။
ထို့အပြင် ရက်စက်စွာကျူးလွန်ထားသည့် ဖြစ်ရပ်များ နှင့် ပတ်သက်၍ သက်သေအထောက်အထားများကို မြန်မာထိန်းသိမ်းရန် အမိန့်ချမှတ်ပေးရေး ဂမ်ဘီ ယာ နိုင်ငံကတရားသူကြီးများကို လျှောက်ထားခဲ့သည်။
ICJ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်များသည် အယူခံဝင်နိုင်ခြင်းမရှိ အပြီးအပြတ်ဖြစ်သော်လည်း တရားရုံးက အတင်းအကျပ် လိုက်နာစေသော နည်းလမ်းမရှိသောကြောင့် အချို့နိုင်ငံများသည် ရံဖန်ရံခါ ICJ အမိန့်များကို လျစ်လျူရှုထားခြင်းသို့မဟုတ် အပြည့်အဝလိုက်နာရန် ပျက်ကွက်ခြင်းများ ရှိကြသည်။
Ref ; Reuters & ICJ Twitter
-KSM. ဘာသာပြန်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.