Breaking

January 20, 2020

ရခိုင်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု အထောက်အထား မတွေ့လို့ ICOE ထုတ်ပြန်


ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်များနဲ့ အခြားလူမှုအသိုင်းအဝန်းတွေ ရွှေ့ပြောင်းခံရမှုနဲ့ သတ်ဖြတ်ခံရ မှုတွေက ဖျက်ဆီးလိုတဲ့ ရယ်ရွယ်ချက်မျိုးနဲ့ ကျူးလွန်းခဲ့တဲ့ သက်သေမျိုးကိုမတွေ့ခဲ့ရဘူးဓာတ်ပုံ မူပိုင်BBC BURMESE
Image captionရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်များနဲ့ အခြားလူမှုအသိုင်းအဝန်းတွေ ရွှေ့ပြောင်းခံရမှုနဲ့ သတ်ဖြတ်ခံရ မှုတွေက ဖျက်ဆီးလိုတဲ့ ရယ်ရွယ်ချက်မျိုးနဲ့ ကျူးလွန်းခဲ့တဲ့ သက်သေမျိုးကိုမတွေ့ခဲ့ရဘူး

လူမျိုးသုဉ်းသတ်ဖြတ်ခြင်းနဲ့ ကိုက်ညီတဲ့ ကျူးလွန်မှုမျိုးအတွက် ကျိုးကြောင်းဆီလျော် တဲ့ ကောက်ချက်ချနိုင်မှု တစုံတရာသက်သေ အထောက် အထားမျိုးကို အထောက် အထား စုဆောင်းခြင်းနဲ့ အတည်ပြုခြင်းကော်မတီအနေနဲ့မတွေ့ရဘူးလို့ ရခိုင်အရေး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်တာ၊ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ တွေကို တော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်များနဲ့ အခြားလူမှုအသိုင်းအဝန်းတွေ ရွှေ့ပြောင်းခံရမှုနဲ့ သတ်ဖြတ်ခံရ မှုတွေက လူမျိုးတခု၊ ဘာသာတခုအပေါ်ဖျက်ဆီးလိုတဲ့ ရယ်ရွယ်ချက်မျိုးနဲ့ ကျူးလွန်းခဲ့တဲ့ သက်သေမျိုးကိုမတွေ့ခဲ့ရဘူးလို့ လည်းဖော်ပြပါတယ်။
ဒါကလည်း လက်နက်ကိုင် အဖွဲ့နှစ်ခု တိုက်ခိုက်မှုတွေအကြားမှာ ဖြစ်ခဲ့တာမျိုးဖြစ်တယ် လို့ ထုတ်ပြန် ပါတယ်။
ICOE က ရခိုင်ပြည်နယ်၊ ရန်ကုန်အပြင် နေပြည်တော်တို့မှရရှိတဲ့ အချက်အလက်တွေ ကိုစုဆောင်းတာ အပြင်၊ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သက်သေပေါင်း ၁၅၀၀ ကို အဖွဲ့စည်းပေါင်းစုံကနေ ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းသာမက မူဆလင်၊ ရခိုင်၊ မြို၊ ဒိုင်းနက်အပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ စတဲ့အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။
အခုထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အဓိကအချက်တွေကို အကျဉ်းချုပ် ထုတ်ပြန်တာဖြစ်ပြီး၊ အစီရင်ခံစာအပြည့်အစုံမှာတော့ ရခိုင်အရေးနဲ့ပတ်သက်ပြီး အကြံပြုချက် ၂၂အပါအဝင်၊ တာဝန်ယူ တာဝန်ခံ လုပ်ဆောင်ရမယ့်အရာတွေ၊ တွေ့ရှိချက် တွေကို ဖော်ပြထားပါတယ်။
စာမျက်နှာ ၄၆၁မျက်နှာ ပါရှိတဲ့ အစီရင်ခံစာအပြည့်အစုံမှာတော့ ၁၉၇၁ ကနေ ၁၉၉၂ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ လူတွေအကြောင်းအရာအပါအဝင် ၂၀၁၂ခုနှစ်ကတည်းက ဖြစ်ခဲ့တဲ့အကြောင်းအရာတွေ ကိုးကားချက်တွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။
ICOE ရဲ့ အစီရင်ခံစာဟာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ဝင်တစားစောင့်ကြည့် နေကြတယ်လို့် ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်တက္က သိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာနမှာ ပြုလုပ်တဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်လို့ အထူးဟောပြောချက် မှာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး စကော့မာစီရယ် က သောစုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြောထားပါတယ်။

လူမျိုးသုဉ်း သတ်ဖြတ်မှုစွပ်စွဲချက်နဲ့ပဲ နိုင်ငံတကာခုံရုံးမှာလည်း မြန်မာနိုင်ငံက သွားရောက်ခုခံချေပနေရပါတယ်။ဓာတ်ပုံ မူပိုင်BBC BURMESE
Image captionလူမျိုးသုဉ်း သတ်ဖြတ်မှုစွပ်စွဲချက်နဲ့ပဲ နိုင်ငံတကာခုံရုံးမှာလည်း မြန်မာနိုင်ငံက သွားရောက်ခုခံချေပနေရပါတယ်။

ကော်မရှင်က လူမျိုးသုဉ်း သတ်ဖြတ်မှုမရှိဘူးလို့ထုတ်ပြန်ပေမယ့် နိုင်ငံတကာမီဒီယာနဲ့ အဖွဲ့အစည်းတွေကတော့ ရခိုင်ပြည်နယ်အတွင်းမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုမျိုးကို ကျူးလွန်တယ်လို့ စွပ်စွဲထားသလို၊ အဲဒီစွပ်စွဲချက်နဲ့ပဲ နိုင်ငံတကာခုံရုံးမှာလည်း မြန်မာနိုင်ငံက သွားရောက်ခုခံချေပနေရပါတယ်။
အခုကော်မရှင်ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လက သက်တမ်းတစ်နှစ်ပြည့်ခဲ့ပေမယ့် နိုင်ငံတော် သမ္မတရုံးက နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးထားပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလ၊ ၂၀ရက်နေ့ ကော်မရှင် သက်တမ်း ၁ နှစ်ခွဲအချိန်မှ တွေ့ရှိချက်အစီရင်ခံစာကို တင်ပြနိုင်တာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်နာလို ဦးဆောင်ပြီး၊ လူသား ချင်းစာနာထောက် ထားမှုနဲ့ အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဂျပန်နိုင်ငံသား သံတမန်ဟောင်းဖြစ်သူ Kenzo Oshima (ကန်ဇို အိုရှီမ) အပါ အဝင် မြန်မာနိုင်ငံဘက်က ဒေါက်တာအောင်ထွန်းသက်၊ ဦးမြသိမ်းတို့နဲ့ ကော်မရှင်ကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက ဖွဲ့စည်းပေးခဲ့ တာပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.