Breaking

March 9, 2020

ကိုရိုနာဗိုင်းရပ်စ် သည် တရုတ်နှင့် အီရန် အတွက် အမေရိကန် ၏ ဇီဝလက်နက် ဖြစ် ဟု အီရန် ဗိုလ်ချုပ်ဆို

ကိုရိုနာ ဗိုင်းရပ်စ်ဖြင့် ထိပ်တန်း အီရန်အစိုးရ အဖွဲ့ဝင် တစ်ဦး ထပ်မံသေဆုံးပြန်။ တရုတ်ပြီးလျှင် အီရန် ကို ထိုးနှက်သည့် အမေရိကန် ၏ ဇီဝလက်နက်ဖြစ်နိုင်ဟု အီရန်တပ်မတော် သံသယရှိ။ ဇီဝလက်နက် ကောလဟလအမျိုးမျိုး ထွက်ပေါ်…

ကိုရိုနာ ဗိုင်းရပ်စ် Covid-2019 ရောဂါကူးစက်ပျံ့နှံ့ရခြင်း၏ နောက်ကွယ်တွင် အမေရိကန်က လက်သည် တရားခံဖြစ်နိုင်ပြီး ၎င်းတို့ ခြိမ်းခြောက်လျှက်ရှိသော တရုတ်ပြီးလျှင် အီရန်၌ အကြီး အကျယ်ဖြစ်ပွားနေခြင်း က ပြသလျှက် ရှိကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်မတော် မြို့ပြကာကွယ်ရေးအထူးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ဂိုလမ်ရီဇာဂျလာလီက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသား သည်။

ဖြစ်နိုင်သည်မှာ ၎င်းဗိုင်းရပ်စ်သစ်ကို အမေရိကန်က ထုတ်လုပ်၍ ကနဦး တရုတ် ၌ ပျံ့နှံ့စေပြီးနောက် အီရန်သို့ ရောက်လာစေခဲ့ကြောင်း၊ ၎င်းနောက် ကမ္ဘာအရပ်ရပ်သို့ကူးစက်သွားခြင်းဖြစ်နိုင်ကြောင်း၊ အီရန်သည် ဗိုင်းရပ်စ်ကို ကောင်းစွာတိုက်ဖျက်၍ ဖျားနာမှုအရပ်ရပ်တို့ကို အမေရိကန်ကိုအရောက် ပြန်ပို့မည်ဖြစ်ကြောင်း မြို့ပြကာကွယ်ရေးအထူးတပ်ဖွဲ့ ဗိုလ်ချုပ်က ကြိမ်းဝါးလိုက်သည်ဆို၏။

အီရန်၏ ပြောဆိုချက်ကို အမေရိကန် Fox က ထပ်ဆင့် ဖော်ပြကာ အချွန်နှင့် “မ” ကြောင်း တွေ့ရှိရသည်။

ဗိုင်းရပ်စ်သစ်မှာ အလွန်ရန်လိုသော အမေရိကန်၏ ဇီဝလက်နက်ဖြစ်နိုင်သည် ဆိုသော်လည်း မှန်ကန်ကြောင်း သက်သေပြရန် ဓါတ်ခွဲခန်းဆိုင်ရာစူးစမ်းမှုများနှင့်၊ ဗိုင်းရပ်စ်၏ သက်ရှိဗီဇနှင့်ဆိုင်သော ဂျီနုမ်း Genome တို့ကို ဆက်လက်လေ့လာရန် လိုအပ်ကြောင်း ဂိုလမ်ရီဇာဂျလာလီက ဆက်လက်ပြောဆိုသည်။
၁၁
အီရန်သည် ဗိုင်းရပ်စ်စတင်ကူးစက်ပျံ့နှံ့ရာ၌ တရုတ်ပြီးလျှင် Covid-19 နှိပ်စက်ခံရဆုံး နိုင်ငံဖြစ်နေသည်။ ယမန်နေ့တွင် ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုခံရသူ ၃,၅၀၀ ကျော်နှင့် သေဆုံးသူ စုစုပေါင်း ၁၀၈ ဦးရှိခဲ့ရာ ၂၄ နာရီအတွင်း သေဆုံးသူ ၁၅ ဦး ရှိနေသည်။

အီရန်ပါလီမန်အတွင်း အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုကောင်စီအကြီးအကဲအပါဝင် အမတ် ၂၃ ဦးတွင် ဗိုင်းရပ်စ်ကူးစက်လျှက်ရှိနေပြီး ယမန်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် ဟိုစိန်ရှိတ်ခိုလာမ် သေဆုံးသဖြင့် အီရန်အစိုးရအဖွဲ့တွင် ဗိုင်းရပ်ကြောင့် သေဆုံးသူ ၃ ဦးရှိပြီ ဖြစ်သည်။

အီရန်ပါလီမန်အား နောက်ထပ်ညွှန်ကြားချက် မထုတ်မပြန်မချင်း ယခုလကုန်ထိ ဆိုင်းငံ့ထားသည်။ ကျောင်းနှင့် တက္ကသိုလ်အားလုံး မတ်လ ၂ မှစတင်၍ နှစ်ကုန်အထိ ပိတ်ထားရသည်။

လတ်တလောတွင် ကောလဟလနှင့် ယခုကဲ့သို့ ပါးစပ်သီအိုရီအမျိုးမျိုးတို့ ပျံနှံ့နေလင့်ကစား ဇီဝလက်နက် အမှန်ဖြစ်ကြောင်း တရားဝင်သက်သေပြနိုင်ခြင်း မရှိသေးကြောင်း ရုရှားအစိုးရ၏ နိုင်ငံတကာတွင် ဘာသာစကား ၆ မျိုးဖြင့် သတင်းဖြန့်ချီလျှက်ရှိသော Russia Today က ဆက်လက်ဖော်ပြသည်။

ယခုကဲ့သို့ ဇီဝလက်နက်မှန်းဆသီအိုရီများမှာ ရှေးယခင်ကလည်း အကြိမ်ကြိမ်ဖြစ်ဖူးသည်။ ပါးစပ်သီအိုရီ မျှသာဖြစ်သည်လည်းရှိ သက်သေပြနိုင်သော်လည်း ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့သည်လည်း ရှိခဲ့ပါသည်။ လက်ရှိနိုင်ငံတကာအား ခြိမ်းခြောက်လျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ဇီဝလက်နက်ဖြစ်ကြောင်း မှန်းဆသီအိုရီ ၅ မျိုးရှိနေသည်ဟု Daily Express က စုဆောင်းဖော်ပြပါသည်။

၎င်းတို့အနက် ၁-မျိုးမှာ Covid-19 ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်သည် တရုတ် ဟန်မျိုးနွယ် မျိုးရိုးဗီဇပါသူများအား ပစ်မှတ်ထားကူးစက်စေသော အမေရိကန်၏ ဇီဝလက်နက်ဖြစ်သည်ဟူ၏။

ထိုသို့ဆိုလျှင် ယခုနောက်ဆုံးပေါ် ဇီဝလက်နက် ဗိုင်းရပ်စ်ဆိုသည်မှာ ယနေ့ခေတ်မီ ပုခုံးထမ်းဒုံးကျည်နှင့်မခြား အလိုရှိရာကို ချိန်ရွယ်သော့ချ ပစ်လွှတ်သည်နှင့် ပစ်မှတ်အား ထပ်ချပ်မကွာ မထိမချင်းလိုက်လံသည့် မစ်ဆိုင်းလ်နှင့် အတူတူဟု အံသြဖွယ် အဓိပ္ပါယ်ထွက်နေပါသည်။ ကမ္ဘာကြီးပေါ်ရှိ မျက်မှောက်လူသားအားလုံးတို့၏ မျိုးရိုးဗီဇတို့သည် ကောင်းကင်ယံခွေးချင်းကိုက်ပွဲလို ရှုတ်ရှုတ်ထွေးထွေး စီးချင်းထိုးနေသည့် တိုက်လေယာဉ်အုပ်ကြီးထက် များစွာရှုတ်ထွေးပါသည်။

“လူသည် မျောက်မှ ဆင်းသက်သည်” ဟု အများပြောဆိုနေကြရာ ကျွန်တော်တို့လူသားများသည် ယနေ့မြင် တွေ့နေရသော မျောက်များမှ လူအဖြစ်ရရှိလာကြခြင်း လုံးဝမဟုတ်ပါ။

လွန်ခဲ့သော နှစ်ပေါင်း ၁.၉ – ဝ.၄ သန်းခန့်တွင် ဤကမ္ဘာမြေပြင်ပေါ်၌ “အဖွား” ၌ “သမီးများ” ရှိသည်။ အဖွားနှင့် သူ၏ သမီးများသည် မည်သူနှင့်အိမ်ထောင်ကျသည်ကို မည်သူမှ အတိအကျနမပြောနိုင်သော်လည်း သမီး ၄ ယောက် (၅-ယောက်လည်းဖြစ်နိုင်) မှ မွေးဖွားလာသူများသည် ယနေ့ ကျွန်တော်တို့၏ ကနဦးအစ အပင်ဖြစ်သည်။

စင်စစ် နောင်တချိန်လူဖြစ်လာမည့် ထိုစဉ်ကာလသတ္တဝါဆိုသည်မှာ သစ်ပင်ပေါ်တွင်နေပြီး မြေကြီးပေါ်တွင် ဒယိမ်းဒယိုင်လမ်းလျှောက်သူများသာဖြစ်သည်။ အဖွား၏ ကျန်သမီးများမှ မွေးဖွားသူတို့သည် ယနေ့ “ မျောက်“ များဖြစ်ကြသည်။ ထို့ကြောင့် “ လူနှင့် မျောက်သည် အဖွားထိတူသော အမေညီအမရင်းများမှ ဆင်းသက်သူ ဝမ်းကွဲ ညီအကိုရင်းများ “ ဖြစ်ကြသည်။ အဖွား၏ သမီး ၄-ယောက်ခန့်မှ ဆင်းသက်သူအချင်းချင်း နှစ်ပေါင်း သိန်းချီကာလအတွင်း အကြိမ်ကြိမ် အထပ်ထပ် ရောနှောစဉ် ” ဆင့်ကဲပြောင်းလဲခြင်း” ဖြင့် ယနေ့ ၆.၇ ဘီလျှံရှိသော ကျွန်တော်တို့ လူသားများဖြစ်လာသည်။
၃၃
သက်ရှိတည်းဟူသော ဇီဝရုပ်အစုအဝေးသည် အဏုဇီဝနှင့် မျိုးရိုးဗီဇပညာအခေါ် သက်ရှိဗီဇနှင့်ဆိုင်သော Genome ဂျီနုမ်းတို့ဖြင့်တည်ဆောက်ထားသည်။ ဂျီနုမ်းတွင် သတင်းသင်္ကေတပါ-မပါ DNA, RNA, Virus အချို့ဖြင့်ဖွဲစည်းထားသည်။ ထို့ကြောင့် ဤကမ္ဘာမြေပေါ်ရှိလူသားအချင်းချင်း၏ အခြေခံဂျီနုမ်းတွင် ပျမ်းမျှ ဝ.၁ ရာခိုင်နှုန်းသာခြားနားသည်။ လူနှင့်ဆွေမျိုးအနီးဆုံး ချင်ပန်ဇီမျောက်တွင် အများဆုံး ၁.၂ ရာနှုန်း ကွာခြားသည်။

ထိုသီအိုရီကို ယုံခြင်း မယုံခြင်းသည် သင်၏ သဘောအတိုင်းသာဖြစ်သည်။ သို့သော် ယနေ့ ကျွန်တော်တို့ ခံယူလျှက်ရှိသော ဆေးသိပ္ပံပညာ၏ ရောဂါကုထုံးနှင့် ဆေးဝါးဆိုသည်မှာ အဆိုပါ လူသားတို့၏ မျိုးရိုးဗီဇ အဆင့်ဆင့်တို့ဖြစ်တည်မှုအပေါ် လက်တွေ့စမ်းသပ် တွေ့ရှိချက်များမှ ထုတ်နှုတ်ထားခြင်း အမှန်ဖြစ်သည်။

ယခုထိဖော်ပြပါ ဇီဝလက်နက်ကိုရိုနာဗိုင်းရပ်စ်သီအိုရီအမျိုးမျိုးနှင့်ပတ်သက်၍ မဖြစ်နိုင်-မဟုတ်ကြောင်း ငြင်းဆိုထားခြင်းများသာတွေ့ရပါသည်။ ထောက်ခံချက်များတွေ့ရှိလျှင် တတ်နိုင်သရွေ့အမြန်ဆုံးတင်ပြရန် ဝန်မလေးပါကြောင်း။ ။ (သတင်းဘာသာပြန်သူ)

Ref – Russia Today

ဘာသာပြန်သူ – Htay Oung (Oung Marine)

No comments:

Post a Comment

Note: Only a member of this blog may post a comment.