Breaking

March 9, 2020

ရခိုင်မြောက်ပိုင်းကို ကျော်ပြီး တိုက်ပွဲများ ဖြစ်လာမည်ဟု AA သတိပေး

ဧရာဝတီ


9 February 2019

 ရက္ခိုင့်တပ်မေတော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် / AA Information Page / Facebook

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အခြေအနေ ဆက်လက်ဆိုးရွာနေပါက ပြည် နယ်အတွင်း အခြားနေရာများသို့ပါ ပျံ့နှံ့သွားစေနိုင်ကြောင်း ရက္ခိုင့်တပ်မေတော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ဖေဖော်ဝါရီလ ၆ ရက်နေ့က ဗီဒီယိုတခုတွင် သတိပေးပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တပ်မတော်တပ်ဖွဲ့များ ထပ်မံစေလွှတ်နေသည်ဟု ယူဆရသော လုပ်ရပ်များ နောက်ပိုင်းတွင် သူ၏ သတင်းစကား ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခန့်အပ်ထားသော ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်း တပ်မေ တာ်နှင့် ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် မြို့နယ် ၇ ခုတွင် AA တပ်ဖွဲ့ဝင်များကို တားဆီးနိုင်ရန် ဒေသခံများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခွင့်ကို မကြာသေးမီက ပေးခဲ့သည်။

ထိုဗီဒီယိုကို ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ လိုင်ဇာရှိ AA ဌာန ချုပ်တွင် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ရခိုင်ဘာသာစကားဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။

တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ကြိုတင်သတိပေးခြင်းမရှိဘဲ သံသယရှိသော နေအိမ်များကို ညသန်းခေါင်အချိန်တွင် အတင်းအကျပ်ဝင်ရောက်ရှာဖွေသည်ဟု ကျောက်တော်မြို့နယ် ပန်ဖဲချောင်း ကျေး ရွာတွင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို ဗိုလ်မှူးချုပ် ညိုထွန်းအောင် ရည်ညွှန်းပြော ကြားသည်။

စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၀ ဦး ခန့်သည် ဒေါ်တင်ရွှေ တဦးတည်းရှိနေသောအိမ်ကို အတင်းအဓမ္မ ဝင်ရောက်စီးနင်းကြသည်။

ဒေါ်တင်ရွှေ၏ ခင်ပွန်း ဦးကျော်ဝင်းမှာ အနီးရှိကျေးရွာတခုတွင် သစ်ဝယ်ရန် သွားရောက်နေချိန်ဖြစ်သည်။ ထိုကျေးရွာသည် ကန်ဆောက် စစ်တပ်ရင်းနှင့် နီးကပ်သော ရွာဖြစ်သည်။

ဗိုလ်မှူးချုပ် ညိုထွန်းအောင်၏ သတင်းစကားတွင် ရွာသားများအတွက် လုံခြုံရေး အကြံပြုချက်များနှင့် ပဋိပ က္ခဒေသများတွင် ခရီးသွားစဉ် ရှောင်ရန်၊ ဆောင်ရန်များကိုလည်း ဖော်ပြထားသည်။ သူက ရခိုင်ပြည်နယ် အတွက် သတိပေးကြေညာချက် ၄ ခုကိုထုတ်ပြန်ပြီး ပဋိပက္ခဒေသသည် ကျယ်ပြန့်လာနေသည်ဟု ပြော သည်။

“အမျိုးသမီးနဲ့ ကလေးတွေချည်း အိမ်မှာမနေသင့်ဘူး။ တခြားဆွေမျိုးတွေနဲ့ သွားရောက်နေထိုင်ဖို့ လိုတယ်” ဟု သူပြောသည်။

ထိုကဲ့သို့သော အလေ့အထများကို အကောင်အထည်ဖော်ရန် ကျေးရွာသားများကို အကြိမ်ကြိမ်တိုက် တွန်း ပြီး သူ၏သတင်းစကားကိုလည်း ရွာသားများအကြား ဆက်လက်ဖြန့်ချိရန် သူတိုက်တွန်းထားသည်ကို တွေ့ ရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြန်မာ့တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု မြင့်မား ပုံ ရကြောင်း လည်း သူက သုံးသပ်သည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ အစောပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်မှ စစ်သား ရာနှင့် ချီကျဆုံးခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်ပြောသည်။

အောက်ခြေတပ်သားများအကြားတွင် စိတ်ဓာတ်ကျဆင်းမည်ကို ကာကွယ်ရန်အတွက် တပ်မတော်သည် စစ်သားများ ထိခိုက်သေဆုံးမှု နှုန်းကို မည်သည့်အခါကမျှ လူသိရှင်ကြားကြေညာခြင်းမရှိကြောင်းလည်း သူပြောသည်။

တပ်မတော်သည် တိုက်ပွဲများအတွင်းတွင် အကြီးအကျယ်ချေမှုန်းခံရသောကြောင့် ရခိုင်အရပ်သားများကို ရန်လိုလာကြောင်းလည်း သူပြောသည်။

တပ်မတော်သည် ရခိုင်အရပ်သားများကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုများကို ဆက်လက်ကျူးလွန်မည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ရခိုင်ပြည်သူများကို အာဏာပိုင်များက မတရားပြုလုပ်ပါက ထိုအာဏာပိုင်များကို လက်စားချေမည်ဟု ရွာ သားများကို ကတိပေးခဲ့ပြီး မဝေးကွာသော အနာဂတ်တွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်ပြီး နှစ်ဖက် အသေအပျောက် မြင့်မားမည်ဟု AA မျှော်လင့်ထားသည်။

“နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေရတဲ့သူတွေအတွက် ကျနော့်သတင်းစကားကတော့ ကိုယ့် မိသား စုတွေကို ကာကွယ်ဖို့ ကျေးဇူးပြုပြီး အိမ်ပြန်ကြပါဆိုတာပါပဲ။ အသက်ထက် ပိုပြီးတန်ဖိုးရှိတာမရှိပါဘူး။ ငွေ ဆိုတာ အသက်ရှင်နေသရွေ့ ရှာလို့ရတယ်။ ငွေနဲ့တော့ အသက်ကို ဝယ်လို့မရဘူး” ဟုလည်း သူပြော သည်။

AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA/AA) ၏ အန္တိမရည်မှန်းချက်မှာ AA သည် ရခိုင်ပြည်နယ်၏ တခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်လာရေးဖြစ်ကြောင်းလည်း ဗိုလ်မှူး ချုပ် ညိုထွန်းအောင်ပြောသည်။

တပ်မတော်တပ်ဖွဲ့များသည် ရခိုင်ပြည်နယ်တွင် အလုံးအရင်းနှင့် ရှိနေသော်လည်း ၎င်းတို့ကို AA က ရခိုင် ပြည်နယ်မှ မောင်းထုတ်မည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်း လက်နက် ကိုင်ခုခံမှု ကာ လကို အသွင်ကူးပြောင်းရေးကာလအဖြစ် AA က သတ်မှတ်ထားကြောင်းလည်း သိရသည်။

“ကျနော်တို့ရဲ့ ရည်မှန်းချက်ကို ဘယ်လို အခြေအနေမှာမှ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး” ဟုလည်း သူပြောသည်။

တပ်မတော်စစ်သားများသည် ဒေသတွင်း ခရီးသွားများကို ၎င်းတို့သွားလိုရာသို့ အခမဲ့လိုက်ပါစေခြင်းဖြင့် အမြတ်ထုတ်နေကြောင်းလည်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ရွာသားများကို တိုက်ရိုက်ထုတ်လွှင့်သော အထက်ပါ ဗီဒီယိုမှပြောသည်။ AA တပ်များက ထိုစစ်ကားများကို တိုက်ခိုက်ပါက AA သည် အရပ်သားများ ကို တိုက်ခိုက်သည်ဟု ပြစ်တင်ရှုတ်ချမည်ဟု သူပြောသည်။ စစ်ကားများ သို့မဟုတ် စစ်သားများ တင် ဆောင် လာသော အရပ်ဖက်ကားများကို မစီးရန် ရွာသားများကို သူအကြံပေးသည်။

ဗိုလ်မှူးချုပ် ညိုထွန်းအောင်၏ အဆိုအရ AA သည် ရခိုင်ပြည်သူလူထုအတွက် ကြေညာချက်များဆက် လက် ထုတ်ပြန်ပြီး ရပ်ရွာအသိုင်းအဝန်းခေါင်းဆောင်များအနေဖြင့် အခြေအနေကို သိရှိနေအောင် လုပ် ဆောင်ရန် စီစဉ်ထားကြောင်း၊ သစ္စာဖေါက်များကို သတိပေးစာများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သူပြောသည်။

အစိုးရ တပ်ကို ထောက်ခံသူများက ကြေညာချက် အတုများကို ယခင်က ထုတ်ခဲ့ဖူးသောကြောင့် ရွာသား များအနေဖြင့် ၎င်းတို့ဖတ်ရှုရသော ထုတ်ပြန်ချက်များ၏ စစ်မှန်မှုကိုလည်း ဂရုစိုက်ရန်လိုကြောင်း သူပြော သည်။

“သင်မသိရင် သိတဲ့ တတ်တဲ့သူတွေ ဒါမှမဟုတ် ကြေညာချက်အစစ် ဟုတ်၊ မဟုတ် ဆုံးဖြတ်နိုင်တဲ့သူနဲ့တိုင် ပင်ပါ” ဟု ဆိုသည်။

AA ခေါင်းဆောင်များသည် ထိုကဲ့သို့သော အင်တာနက်မှ ဗီဒီယို ကွန်ဖရင့်မျာ ယခင်ကလည်း လုပ်လေ့ရှိ သည်။ AA အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒုတိယ အကြီးအကဲ ဗိုလ်မှူးချုပ် ညိုထွန်းအောင်တို့သည် ရခိုင်ပညာရှင်များ၊ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများနှင့် ထိုသို့သော ဗီဒီယို ကွန်ဖရင့်များကို မကြာသေးမီလများအတွင်းက ပြုလုပ်မှုများ ရှိခဲ့သည်။

ဇန်နဝါရီလမှ စတင်ပြီး AA တပ်ဖွဲ့ဝင်များသည် မြန်မာ့တပ်မတော်ကို ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ် ၅ ခုနှင့် ချင်းပြည်နယ် ပလက်၀ မြို့နယ်တခုတို့တွင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ၎င်းတို့သည် ရက်ပေါင်း ၄၀ အတွင်း တပ်မတော်နှင့် တိုက်ပွဲ အကြိမ် ၁၀၀ ကျော်ဖြစ်ပွားသည်။ ရာနှင့်ချီသော ရွာသားများသည် အကူအညီများ လိုအပ်နေသော်လည်း ရခိုင်ပြည်နယ်ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အ ထက်ပိုင်းသို့ နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီများ၏ အကူအညီများပေးပို့မှုက ပိတ်ပင်ခံထားရ သည်။

တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိသည်ဟု ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။

ရခိုင်နှင့် ချင်းတိုင်းရင်းသား ၂၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်များမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန် ခရိုင်သို့ လွန်ခဲ့သော ရက်သတ္တပတ် က ထွက်ပြေးခဲ့ကြရသည်။ မကြာသေးမီရက်များက ဒုက္ခသည်များထပ်မံရောက် ရှိ လာခြင်းကို ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့သည်ဟု သိရ သည်။

(Moe Myint ၏ AA Deputy Leader Says Fighting Could Spread Beyond N. Rakhine ကို ဆီလျော် အောင် ဘာသာပြန်သည်။)ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ား အေျခအေန ဆက္လက္ဆိုးရြာေနပါက ျပည္ နယ္အတြင္း အျခားေနရာမ်ားသို႔ပါ ပ်ံ႕ႏွံ့သြားေစနိုင္ေၾကာင္း ရကၡိဳင့္တပ္ေမေတာ္ (AA) ဒုတိယ စစ္ဦးစီးခ်ဳပ္ ဗိုလ္မႉးခ်ဳပ္ ညိဳထြန္းေအာင္က ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က ဗီဒီယိုတခုတြင္ သတိေပးေျပာၾကားလိုက္သည္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းသို႔ တပ္မေတာ္တပ္ဖြဲ႕မ်ား ထပ္မံေစလႊတ္ေနသည္ဟု ယူဆရေသာ လုပ္ရပ္မ်ား ေနာက္ပိုင္းတြင္ သူ၏ သတင္းစကား ထြက္ေပၚလာျခင္းျဖစ္သည္။

ထို႔အျပင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ခန႔္အပ္ထားေသာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုကလည္း တပ္မေ တာ္ႏွင့္ ျပည္နယ္ ရဲတပ္ဖြဲ႕အေနျဖင့္ ၿမိဳ႕နယ္ ၇ ခုတြင္ AA တပ္ဖြဲ႕ဝင္မ်ားကို တားဆီးနိုင္ရန္ ေဒသခံမ်ား၏ ေနအိမ္မ်ားကို ဝင္ေရာက္ရွာေဖြခြင့္ကို မၾကာေသးမီက ေပးခဲ့သည္။

ထိုဗီဒီယိုကို ကခ်င္ျပည္နယ္ရွိ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) ထိန္းခ်ဳပ္နယ္ေၿမ လိုင္ဇာရွိ AA ဌာန ခ်ဳပ္တြင္ ဗိုလ္မႉးခ်ဳပ္ ညိဳထြန္းေအာင္က ရခိုင္ဘာသာစကားျဖင့္ ရိုက္ကူးထားျခင္းျဖစ္သည္။

တပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ႀကိဳတင္သတိေပးျခင္းမရွိဘဲ သံသယရွိေသာ ေနအိမ္မ်ားကို ညသန္းေခါင္အခ်ိန္တြင္ အတင္းအက်ပ္ဝင္ေရာက္ရွာေဖြသည္ဟု ေက်ာက္ေတာ္ၿမိဳ႕နယ္ ပန္ဖဲေခ်ာင္း ေက်း ရြာတြင္ ေဖေဖၚဝါရီလ ၅ ရက္ေန႔ကျဖစ္ပြားခဲ့ေသာ ျဖစ္ရပ္ကို ဗိုလ္မႉးခ်ဳပ္ ညိဳထြန္းေအာင္ ရည္ညႊန္းေျပာ ၾကားသည္။

စစ္သားႏွင့္ရဲတပ္ဖြဲ႕ဝင္ေပါင္း ၄၀ ဦး ခန႔္သည္ ေဒၚတင္ေရႊ တဦးတည္းရွိေနေသာအိမ္ကို အတင္းအဓမၼ ဝင္ေရာက္စီးနင္းၾကသည္။

ေဒၚတင္ေရႊ၏ ခင္ပြန္း ဦးေက်ာ္ဝင္းမွာ အနီးရွိေက်းရြာတခုတြင္ သစ္ဝယ္ရန္ သြားေရာက္ေနခ်ိန္ျဖစ္သည္။ ထိုေက်းရြာသည္ ကန္ေဆာက္ စစ္တပ္ရင္းႏွင့္ နီးကပ္ေသာ ရြာျဖစ္သည္။

ဗိုလ္မႉးခ်ဳပ္ ညိဳထြန္းေအာင္၏ သတင္းစကားတြင္ ရြာသားမ်ားအတြက္ လုံျခဳံေရး အႀကံျပဳခ်က္မ်ားႏွင့္ ပဋိပ ကၡေဒသမ်ားတြင္ ခရီးသြားစဥ္ ေရွာင္ရန္၊ ေဆာင္ရန္မ်ားကိုလည္း ေဖာ္ျပထားသည္။ သူက ရခိုင္ျပည္နယ္ အတြက္ သတိေပးေၾကညာခ်က္ ၄ ခုကိုထုတ္ျပန္ၿပီး ပဋိပကၡေဒသသည္ က်ယ္ျပန႔္လာေနသည္ဟု ေျပာ သည္။

“အမ်ိဳးသမီးနဲ႔ ကေလးေတြခ်ည္း အိမ္မွာမေနသင့္ဘူး။ တျခားေဆြမ်ိဳးေတြနဲ႔ သြားေရာက္ေနထိုင္ဖို႔ လိုတယ္” ဟု သူေျပာသည္။

ထိုကဲ့သို႔ေသာ အေလ့အထမ်ားကို အေကာင္အထည္ေဖာ္ရန္ ေက်းရြာသားမ်ားကို အႀကိမ္ႀကိမ္တိုက္ တြန္း ၿပီး သူ၏သတင္းစကားကိုလည္း ရြာသားမ်ားအၾကား ဆက္လက္ျဖန႔္ခ်ိရန္ သူတိုက္တြန္းထားသည္ကို ေတြ႕ ရသည္။

ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားတြင္ ျမန္မာ့တပ္မေတာ္ဘက္မွ ထိခိုက္က်ဆုံးမႈ ျမင့္မား ပုံ ရေၾကာင္း လည္း သူက သုံးသပ္သည္။

ဇန္နဝါရီႏွင့္ ေဖေဖာ္ဝါရီလ အေစာပိုင္းက ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားအတြင္း တပ္မေတာ္မွ စစ္သား ရာႏွင့္ ခ်ီက်ဆုံးခဲ့ေၾကာင္းလည္း ဗိုလ္မႉးခ်ဳပ္ ညိဳထြန္းေအာင္ေျပာသည္။

ေအာက္ေျခတပ္သားမ်ားအၾကားတြင္ စိတ္ဓာတ္က်ဆင္းမည္ကို ကာကြယ္ရန္အတြက္ တပ္မေတာ္သည္ စစ္သားမ်ား ထိခိုက္ေသဆုံးမႈ ႏႈန္းကို မည္သည့္အခါကမၽွ လူသိရွင္ၾကားေၾကညာျခင္းမရွိေၾကာင္းလည္း သူေျပာသည္။

တပ္မေတာ္သည္ တိုက္ပြဲမ်ားအတြင္းတြင္ အႀကီးအက်ယ္ေခ်မႈန္းခံရေသာေၾကာင့္ ရခိုင္အရပ္သားမ်ားကို ရန္လိုလာေၾကာင္းလည္း သူေျပာသည္။

တပ္မေတာ္သည္ ရခိုင္အရပ္သားမ်ားကို အျငင္းပြားဖြယ္ရာ ဖမ္းဆီးျခင္းႏွင့္ ညႇင္းပမ္းႏွိပ္စက္ျခင္းအပါအဝင္ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈမ်ားကို ဆက္လက္က်ဴးလြန္မည္ျဖစ္ေၾကာင္းလည္း ေျပာဆိုထားသည္။

ရခိုင္ျပည္သူမ်ားကို အာဏာပိုင္မ်ားက မတရားျပဳလုပ္ပါက ထိုအာဏာပိုင္မ်ားကို လက္စားေခ်မည္ဟု ရြာ သားမ်ားကို ကတိေပးခဲ့ၿပီး မေဝးကြာေသာ အနာဂတ္တြင္ ျပင္းထန္ေသာ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ေပၚၿပီး ႏွစ္ဖက္ အေသအေပ်ာက္ ျမင့္မားမည္ဟု AA ေမၽွာ္လင့္ထားသည္။

“ေနအိမ္ေတြကေန စြန႔္ခြာထြက္ေျပးေနရတဲ့သူေတြအတြက္ က်ေနာ့္သတင္းစကားကေတာ့ ကိုယ့္ မိသား စုေတြကို ကာကြယ္ဖို႔ ေက်းဇူးျပဳၿပီး အိမ္ျပန္ၾကပါဆိုတာပါပဲ။ အသက္ထက္ ပိုၿပီးတန္ဖိုးရွိတာမရွိပါဘူး။ ေငြ ဆိုတာ အသက္ရွင္ေနသေရြ႕ ရွာလို႔ရတယ္။ ေငြနဲ႔ေတာ့ အသက္ကို ဝယ္လို႔မရဘူး” ဟုလည္း သူေျပာ သည္။

AA ၏ နိုင္ငံေရးအဖြဲ႕အစည္းျဖစ္ေသာ ရကၡိဳင္ အမ်ိဳးသား အဖြဲ႕ခ်ဳပ္ (ULA/AA) ၏ အႏၲိမရည္မွန္းခ်က္မွာ AA သည္ ရခိုင္ျပည္နယ္၏ တခုတည္းေသာ လက္နက္ကိုင္တပ္ဖြဲ႕ျဖစ္လာေရးျဖစ္ေၾကာင္းလည္း ဗိုလ္မႉး ခ်ဳပ္ ညိဳထြန္းေအာင္ေျပာသည္။

တပ္မေတာ္တပ္ဖြဲ႕မ်ားသည္ ရခိုင္ျပည္နယ္တြင္ အလုံးအရင္းႏွင့္ ရွိေနေသာ္လည္း ၎တို႔ကို AA က ရခိုင္ ၿပည္နယ္မွ ေမာင္းထုတ္မည္ျဖစ္ေၾကာင္း၊ ၂၀၁၉ ခုႏွစ္ႏွင့္ ၂၀၂၀ ခုႏွစ္အတြင္း လက္နက္ ကိုင္ခုခံမႈ ကာ လကို အသြင္ကူးေျပာင္းေရးကာလအျဖစ္ AA က သတ္မွတ္ထားေၾကာင္းလည္း သိရသည္။

“က်ေနာ္တို႔ရဲ့ ရည္မွန္းခ်က္ကို ဘယ္လို အေျခအေနမွာမွ ဘယ္ေတာ့မွ စြန႔္လႊတ္မွာ မဟုတ္ဘူး” ဟုလည္း သူေျပာသည္။

တပ္မေတာ္စစ္သားမ်ားသည္ ေဒသတြင္း ခရီးသြားမ်ားကို ၎တို႔သြားလိုရာသို႔ အခမဲ့လိုက္ပါေစျခင္းျဖင့္ အျမတ္ထုတ္ေနေၾကာင္းလည္း ဗိုလ္မႉးခ်ဳပ္ ညိဳထြန္းေအာင္က ရြာသားမ်ားကို တိုက္ရိုက္ထုတ္လႊင့္ေသာ အထက္ပါ ဗီဒီယိုမွေျပာသည္။ AA တပ္မ်ားက ထိုစစ္ကားမ်ားကို တိုက္ခိုက္ပါက AA သည္ အရပ္သားမ်ား ကို တိုက္ခိုက္သည္ဟု ျပစ္တင္ရႈတ္ခ်မည္ဟု သူေျပာသည္။ စစ္ကားမ်ား သို႔မဟုတ္ စစ္သားမ်ား တင္ ေဆာင္ လာေသာ အရပ္ဖက္ကားမ်ားကို မစီးရန္ ရြာသားမ်ားကို သူအႀကံေပးသည္။

ဗိုလ္မႉးခ်ဳပ္ ညိဳထြန္းေအာင္၏ အဆိုအရ AA သည္ ရခိုင္ျပည္သူလူထုအတြက္ ေၾကညာခ်က္မ်ားဆက္ လက္ ထုတ္ျပန္ၿပီး ရပ္ရြာအသိုင္းအဝန္းေခါင္းေဆာင္မ်ားအေနျဖင့္ အေျခအေနကို သိရွိေနေအာင္ လုပ္ ေဆာင္ရန္ စီစဥ္ထားေၾကာင္း၊ သစၥာေဖါက္မ်ားကို သတိေပးစာမ်ား ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္းလည္း သူေျပာသည္။

အစိုးရ တပ္ကို ေထာက္ခံသူမ်ားက ေၾကညာခ်က္ အတုမ်ားကို ယခင္က ထုတ္ခဲ့ဖူးေသာေၾကာင့္ ရြာသား မ်ားအေနျဖင့္ ၎တို႔ဖတ္ရႈရေသာ ထုတ္ျပန္ခ်က္မ်ား၏ စစ္မွန္မႈကိုလည္း ဂ႐ုစိုက္ရန္လိုေၾကာင္း သူေျပာ သည္။

“သင္မသိရင္ သိတဲ့ တတ္တဲ့သူေတြ ဒါမွမဟုတ္ ေၾကညာခ်က္အစစ္ ဟုတ္၊ မဟုတ္ ဆုံးျဖတ္နိုင္တဲ့သူနဲ႔တိုင္ ပင္ပါ” ဟု ဆိုသည္။

AA ေခါင္းေဆာင္မ်ားသည္ ထိုကဲ့သို႔ေသာ အင္တာနက္မွ ဗီဒီယို ကြန္ဖရင့္မ်ာ ယခင္ကလည္း လုပ္ေလ့ရွိ သည္။ AA အႀကီးအကဲ ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္ႏွင့္ ဒုတိယ အႀကီးအကဲ ဗိုလ္မႉးခ်ဳပ္ ညိဳထြန္းေအာင္တို႔သည္ ရခိုင္ပညာရွင္မ်ား၊ အေမရိကန္ျပည္ေထာင္စုတြင္ ေနထိုင္သူမ်ားႏွင့္ ထိုသို႔ေသာ ဗီဒီယို ကြန္ဖရင့္မ်ားကို မၾကာေသးမီလမ်ားအတြင္းက ျပဳလုပ္မႈမ်ား ရွိခဲ့သည္။

ဇန္နဝါရီလမွ စတင္ၿပီး AA တပ္ဖြဲ႕ဝင္မ်ားသည္ ျမန္မာ့တပ္မေတာ္ကို ရခိုင္ျပည္နယ္ ေျမာက္ပိုင္းၿမိဳ႕နယ္ ၅ ခုႏွင့္ ခ်င္းျပည္နယ္ ပလက္၀ ၿမိဳ႕နယ္တခုတို႔တြင္ တိုက္ခိုက္မႈမ်ား ျပဳလုပ္ေနသည္။ ၎တို႔သည္ ရက္ေပါင္း ၄၀ အတြင္း တပ္မေတာ္ႏွင့္ တိုက္ပြဲ အႀကိမ္ ၁၀၀ ေက်ာ္ျဖစ္ပြားသည္။ ရာႏွင့္ခ်ီေသာ ရြာသားမ်ားသည္ အကူအညီမ်ား လိုအပ္ေနေသာ္လည္း ရခိုင္ျပည္နယ္ေက်ာက္ေတာ္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အ ထက္ပိုင္းသို႔ နိုင္ငံတကာ အကူအညီေပးေရးေအဂ်င္စီမ်ား၏ အကူအညီမ်ားေပးပို႔မႈက ပိတ္ပင္ခံထားရ သည္။

တပ္မေတာ္ႏွင့္ AA တိုက္ပြဲမ်ားေၾကာင့္ ရခိုင္ျပည္နယ္တြင္ စစ္ေဘးေရွာင္ ၆၀၀၀ ေက်ာ္ရွိသည္ဟု ေဒသခံ ကယ္ဆယ္ေရးအဖြဲ႕မ်ားက ခန႔္မွန္းထားသည္။

ရခိုင္ႏွင့္ ခ်င္းတိုင္းရင္းသား ၂၀၀ ေက်ာ္သည္ ၎တို႔၏ ေနအိမ္မ်ားမွ ဘဂၤလားေဒ့ရွ္နိုင္ငံ ဘန္ဒါဘန္ ခရိုင္သို႔ လြန္ခဲ့ေသာ ရက္သတၱပတ္ က ထြက္ေျပးခဲ့ၾကရသည္။ မၾကာေသးမီရက္မ်ားက ဒုကၡသည္မ်ားထပ္မံေရာက္ ရွိ လာျခင္းကို ေဆြးေႏြးရန္ ဘဂၤလားေဒ့ရွ္ အာဏာပိုင္မ်ားက ျမန္မာသံအမတ္ကို ဆင့္ေခၚခဲ့သည္ဟု သိရ သည္။

(Moe Myint ၏ AA Deputy Leader Says Fighting Could Spread Beyond N. Rakhine ကို ဆီေလ်ာ္ ေအာင္ ဘာသာျပန္သည္။)

https://burma.irrawaddy.com/news/2019/02/09/182920.html?fbclid=IwAR0kOkHUgpm3InvkICobhINcWbajM9EerJlFOGNeyKFMTYJVzm
Ld7VZV2Z4

No comments:

Post a Comment

Note: Only a member of this blog may post a comment.