Breaking

April 18, 2020

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ထဲ နိုင်/ကျဉ်း ဦးရေနည်းတဲ့အပေါ် ဝေဖန်မှုတွေရှိ

18 ဧၿပီ၊ 2020
ေမခ
သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္ လြတ္လာသူမ်ား
သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္ လြတ္လာသူမ်ား


(Unicode)
မြန်မာနှစ်သစ်ကူးရက်မှာ သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသားအချို့ လွတ်မြောက်လာတဲ့ သတင်းကို ဗွီအိုအေ သတင်းထောက်မေခက တင်ပြပေးမှာပါ။
မြန်မာ့နှစ်သစ်ကူးအချိန်မှာ လူထုစိတ်နှလုံးအေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအရဆိုပြီး အကျဉ်းသူ၊ အကျဉ်းသား ၂သောင်းခွဲလောက် ကို သမ္မတက လွတ်ငြိမ်းခွင့်ပေးတာမှာ၊ အခုအချိန်လွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပဲ ပါဝင်တာမို့ ဝေဖန်မှုတွေရှိနေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ မြန်မာနှစ်သစ်ကူး မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ အကျဉ်းသားအကျဉ်းသူစုစုပေါင်း ၂သောင်းခွဲကို စည်းကမ်း သတ်မှတ် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုပေးတဲ့ အထဲမှာ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၈၇ ဦးလည်း ပါဝင်ပါတယ်။
နောက်ပြီး သေဒဏ်ကျခံနေရသူတွေကို လွတ်ရက်မရှိထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိနဲ့ ထောင်တစ်သက်ကျခံနေရသူတွေကို ထောင်အနှစ် ၄၀၊ ထောင်အနှစ် ၄၀ အထက် ကျခံနေရသူတွေကို နှစ်၄၀၊ ထောင် အနှစ် ၄၀ နဲ့ အောက် ကျခံနေရသူတွေကို တော့သူတို့ကျတဲ့ ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံ ပဲကျခံဖို့လည်း လျော့ပေး လိုက်ပါတယ်
ဒီလို လျော့ပေါ့ပေးတာမှာ စစ်ကိုင်းတိုင်းက အကျဉ်းထောင်ကနေ နာဂတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ NSCN-K ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်‌ဟောင်းတွေ၊ အိန္ဒိယနိုင်ငံသား‌‌တွေလည်း ပါဝင်ပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက ထိပ်ပိုင်းခေါင်းဆောင် ၁၁ ဦးကို မတရားအသင်းပုဒ်မနဲ့ ပြီးခဲ့တဲ့ နှစ်အကုန်ပိုင်းက ဖမ်းဆီးအရေးယူခံခဲ့ရတာပါ။ ဒါ့အပြင် ကလေးအကျဉ်းထောင်ကနေ အိန္ဒိယနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၄ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦးတို့ကိုလည်း ပြည်နှင်ဒဏ်နဲ့ လွတ်ငြိမ်ချမ်းသာခွင့် ပေးခဲ့ကြောင်းသိရပါတယ်။
လက်ရှိလွတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပဲ ပါဝင်သေးတယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှုး ဦးတိတ်နိုင်က ပြောပါတယ်။
“အဓိကကတော့ နိုင်ငံရေး အကျဉ်းသားရယ်လို့ သတ်မှတ်တာမရှိတော့ နိုင်ငံရေး အကျဉ်းသားလွတ်တယ်လို့ ပြောဖို့အတွက် အကျဉ်းဦးစီးကလည်း သတ်မှတ်ပေးဖို့ ခက်ပါလိမ့်မယ်။ နောက်ထပ် ကြေညာပြီးတော့ လွှတ်မလားတော့မသိပါဘူး။ ဒီပုံတိုင်းကတော့ မျှော်လင့်လို့မရတဲ့ ပုံ အတိုင်းရှိပါတယ်။ နိုင်ငံရေးအရ ဆက်စပ်ပြီး အကျဉ်းကျရတာ၊ လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ တောင်းဆိုလို့ ထောင်ကျတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလို့ အကျဉ်းကျခံရတာရှိတယ်။ နောက်မတရားအသင်းဆက်သွယ်လို့ ဆိုပြီး အမှုတွေ အများကြီးရှိပါတယ်။ ဒီလူတွေဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အမှုတွေပါ။”
ညီမျှခြင်းမြန်မာအဖွဲ့မှ ဦးအောင်မျိုးမင်းကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
“ မြန်မာနိုင်ငံမှာ ကိုယ့်ယုံကြည်ချက်ကြောင့် ၊ မွေးရာပါလူ့အခွင့်အရေးကျင့်သုံးမှုကြောင့် အကျဉ်းကျနေသူတွေရှိပါတယ်။ အမှန်ကတော့ သူတို့တွေက ထောင်ထဲကိုမရောက်သင့်ပါဘူး။ ငြိမ်းချမ်းစွာ သူတို့ အခွင့်အရေးကို ကျင့်သုံးပေမယ့် မြန်မာနိုင်ငံက ဖိနှိပ်တဲ့ ဥပဒေတွေကြောင့်ထောင်ထဲရောက်နေတယ်။ ပထမဆုံး မရောက်သင့်တဲ့သူတွေ ရောက်တာကိုက မှားယွင်းမှုပါ။ ခုလွှတ်တာမှာလည်း နိုင်ငံရေး အကျဉ်းသား ဆိုပြီး သတ်မှတ်လွှတ်တာမရှိဘူး။ တခြားအကျဉ်းသားတွေနဲ့ ရောပြီး လွတ်ရက်နီးသူတွေဘဲပါလာ တယ်။ ဒါက သူတို့အတွက် ထိခိုက်နစ်နာမှုဖြစ်စေပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူဆိုတာ ရှိကိုမရှိသင့်ပါဘူး။ ရှိရင်လည်း အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။ အခုက ကျနော်တို့လိုချင်နေတဲ့ နိုင်ငံရေး အကျဉ်းသားကင်းစင်တဲ့ နိုင်ငံဖြစ်ဖို့ အဟန့်အတားဖြစ်စေပါတယ်။”
လက်ရှိမှာ အကျဉ်းထောင်များမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ဆက်နွယ်ပြီး ပြစ်ဒဏ်ကျခံနေသူ ၇၇ဦး၊ အကျဉ်းထောင်အတွင်းမှ အမှုရင်ဆိုင်နေရသူ အယောက် ၂၀၀နီးပါးရှိနေကာ အကျဉ်ထောင်ပြင်ပကနေ အမှုရင်ဆိုင်နေရသူ အယောက် ၄၀၀ ဦးခန့် ၊ စုစုပေါင်း အယောက် ၆၀၀နီးပါးရှိ တယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။ အခုလွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း လွတ်ရက်နီးသူတွေဖြစ်ကြတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။
ဒီနေ့ လွတ်မြောက်လာတဲ့ အကျဉ်းသား ၊ အကျဉ်းသူတွေကို အစိုးရက ဆန်ငါးပြည်အပါအဝင် အခြေခံစား သောက် ကုန်တွေ ပါပေးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အခု လွတ်လာတဲ့အထဲမှာ တပ်မတော်အက်ဥပဒေနဲ့ ပြစ်ဒဏ်စီရင်ခံသူတွေ ရဲစည်းကမ်းဖောက်မှုနဲ့ ပြစ်ဒဏ်ချခံခဲ့ရသူတွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ် မြန်မာနှစ်သစ်ကူးတုန်းကလည်း အကျဉ်းသားနှစ်သောင်းကျော်ကို သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေ ပေးခဲ့ဖူးပါတယ်။


(Zawgyi/Unicode)


သမၼတ လြတ္ၿငိမ္း ခ်မ္းသာခြင့္ ထဲ ႏုိင္/က်ဥ္း ဦးေရနည္းတဲ့ အေပၚ ေ၀ဖန္မႈေတြရွိ

ျမန္မာႏွစ္သစ္ကူးရက္မွာ သမၼတရဲ႕ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္နဲ႔ အက်ဥ္းသားအခ်ိဳ႕ လြတ္ေျမာက္လာတဲ့ သတင္းကို ဗြီအိုေအ သတင္းေထာက္ေမခက တင္ျပေပးမွာပါ။
ျမန္မာ့ႏွစ္သစ္ကူးအခ်ိန္မွာ လူထုစိတ္ႏွလုံးေအးခ်မ္းေစဖို႔နဲ႔ လူသားခ်င္းစာနာေထာက္ထားမႈအရဆိုၿပီး အက်ဥ္းသူ၊ အက်ဥ္းသား ၂ေသာင္းခြဲေလာက္ ကို သမၼတက လြတ္ၿငိမ္းခြင့္ေပးတာမွာ၊ အခုအခ်ိန္လြတ္လာတဲ့ အထဲ ႏိုင္ငံေရးအက်ဥ္းသား ၂၀ ေလာက္ပဲ ပါဝင္တာမို႔ ေဝဖန္မႈေတြရွိေနပါတယ္။
ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၀၄၊ ပုဒ္မခြဲ (က) အရ ျမန္မာႏွစ္သစ္ကူး ျမန္မာႏွစ္ဆန္း ၁ရက္ေန႔မွာ အက်ဥ္းသားအက်ဥ္းသူစုစုေပါင္း ၂ေသာင္းခြဲကို စည္းကမ္း သတ္မွတ္ မထားဘဲ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ ေပးလိုက္တယ္လို႔ သမၼတ႐ုံးက ဒီကေန႔ ထုတ္ျပန္လိုက္ပါတယ္။ ဒီလိုေပးတဲ့ အထဲမွာ ႏိုင္ငံျခားသား အက်ဥ္းသား၊ အက်ဥ္းသူ ၈၇ ဦးလည္း ပါဝင္ပါတယ္။
ေနာက္ၿပီး ေသဒဏ္က်ခံေနရသူေတြကို လြတ္ရက္မရွိေထာင္ဒဏ္တစ္သက္၊ ႏွစ္အကန႔္အသတ္မရွိနဲ႔ ေထာင္တစ္သက္က်ခံေနရသူေတြကို ေထာင္အႏွစ္ ၄၀၊ ေထာင္အႏွစ္ ၄၀ အထက္ က်ခံေနရသူေတြကို ႏွစ္၄၀၊ ေထာင္ အႏွစ္ ၄၀ နဲ႔ ေအာက္ က်ခံေနရသူေတြကို ေတာ့သူတို႔က်တဲ့ ေထာင္ဒဏ္ရဲ႕ ေလးပုံတစ္ပုံ ပဲက်ခံဖို႔လည္း ေလ်ာ့ေပး လိုက္ပါတယ္
ဒီလို ေလ်ာ့ေပါ့ေပးတာမွာ စစ္ကိုင္းတိုင္းက အက်ဥ္းေထာင္ကေန နာဂတိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕ျဖစ္တဲ့ NSCN-K ရဲ႕ ထိပ္ပိုင္း ေခါင္းေဆာင္‌ေဟာင္းေတြ၊ အိႏၵိယႏိုင္ငံသား‌‌ေတြလည္း ပါဝင္ပါတယ္။ နာဂအမ်ိဳးသားဆိုရွယ္လစ္ေကာင္စီက ထိပ္ပိုင္းေခါင္းေဆာင္ ၁၁ ဦးကို မတရားအသင္းပုဒ္မနဲ႔ ၿပီးခဲ့တဲ့ ႏွစ္အကုန္ပိုင္းက ဖမ္းဆီးအေရးယူခံခဲ့ရတာပါ။ ဒါ့အျပင္ ကေလးအက်ဥ္းေထာင္ကေန အိႏၵိယႏိုင္ငံသား အမ်ိဳးသား ၂၆ ဦး၊ အမ်ိဳးသမီး ၄ ဦး၊ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၁ ဦးတို႔ကိုလည္း ျပည္ႏွင္ဒဏ္နဲ႔ လြတ္ၿငိမ္ခ်မ္းသာခြင့္ ေပးခဲ့ေၾကာင္းသိရပါတယ္။
လက္ရွိလြတ္ေပးတဲ့အထဲမွာ ႏိုင္ငံေရးအက်ဥ္းသား ၂၀ ေလာက္ပဲ ပါဝင္ေသးတယ္လို႔ AAPP ႏိုင္ငံေရး အက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း အတြင္းေရးမႈး ဦးတိတ္ႏိုင္က ေျပာပါတယ္။
“အဓိကကေတာ့ ႏိုင္ငံေရး အက်ဥ္းသားရယ္လို႔ သတ္မွတ္တာမရွိေတာ့ ႏိုင္ငံေရး အက်ဥ္းသားလြတ္တယ္လို႔ ေျပာဖို႔အတြက္ အက်ဥ္းဦးစီးကလည္း သတ္မွတ္ေပးဖို႔ ခက္ပါလိမ့္မယ္။ ေနာက္ထပ္ ေၾကညာၿပီးေတာ့ လႊတ္မလားေတာ့မသိပါဘူး။ ဒီပုံတိုင္းကေတာ့ ေမွ်ာ္လင့္လို႔မရတဲ့ ပုံ အတိုင္းရွိပါတယ္။ ႏိုင္ငံေရးအရ ဆက္စပ္ၿပီး အက်ဥ္းက်ရတာ၊ လူ႔အခြင့္အေရးနဲ႔ ပတ္သတ္လို႔ ေတာင္းဆိုလို႔ ေထာင္က်တာ၊ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုလို႔ အက်ဥ္းက်ခံရတာရွိတယ္။ ေနာက္မတရားအသင္းဆက္သြယ္လို႔ ဆိုၿပီး အမႈေတြ အမ်ားႀကီးရွိပါတယ္။ ဒီလူေတြဟာ ႏိုင္ငံေရးနဲ႔ တိုက္ရိုက္သက္ဆိုင္ေနတဲ့ အမႈေတြပါ။”
ညီမွ်ျခင္းျမန္မာအဖြဲ႕မွ ဦးေအာင္မ်ိဳးမင္းကေတာ့ ယုံၾကည္ခ်က္ေၾကာင့္ အက်ဥ္းက်ခံသူေတြကို အျမန္ဆုံး လႊတ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။
“ ျမန္မာႏိုင္ငံမွာ ကိုယ့္ယုံၾကည္ခ်က္ေၾကာင့္ ၊ ေမြးရာပါလူ႔အခြင့္အေရးက်င့္သုံးမႈေၾကာင့္ အက်ဥ္းက်ေနသူေတြရွိပါတယ္။ အမွန္ကေတာ့ သူတို႔ေတြက ေထာင္ထဲကိုမေရာက္သင့္ပါဘူး။ ၿငိမ္းခ်မ္းစြာ သူတို႔ အခြင့္အေရးကို က်င့္သုံးေပမယ့္ ျမန္မာႏိုင္ငံက ဖိႏွိပ္တဲ့ ဥပေဒေတြေၾကာင့္ေထာင္ထဲေရာက္ေနတယ္။ ပထမဆုံး မေရာက္သင့္တဲ့သူေတြ ေရာက္တာကိုက မွားယြင္းမႈပါ။ ခုလႊတ္တာမွာလည္း ႏိုင္ငံေရး အက်ဥ္းသား ဆိုၿပီး သတ္မွတ္လႊတ္တာမရွိဘူး။ တျခားအက်ဥ္းသားေတြနဲ႔ ေရာၿပီး လြတ္ရက္နီးသူေတြဘဲပါလာ တယ္။ ဒါက သူတို႔အတြက္ ထိခိုက္နစ္နာမႈျဖစ္ေစပါတယ္။ ယုံၾကည္ခ်က္ေၾကာင့္ အက်ဥ္းက်ခံသူဆိုတာ ရွိကိုမရွိသင့္ပါဘူး။ ရွိရင္လည္း အျမန္ဆုံးလႊတ္ေပးသင့္ပါတယ္။ အခုက က်ေနာ္တို႔လိုခ်င္ေနတဲ့ ႏိုင္ငံေရး အက်ဥ္းသားကင္းစင္တဲ့ ႏိုင္ငံျဖစ္ဖို႔ အဟန႔္အတားျဖစ္ေစပါတယ္။”
လက္ရွိမွာ အက်ဥ္းေထာင္မ်ားမွာ ႏိုင္ငံေရးလႈပ္ရွားမႈေတြနဲ႔ဆက္ႏြယ္ၿပီး ျပစ္ဒဏ္က်ခံေနသူ ၇၇ဦး၊ အက်ဥ္းေထာင္အတြင္းမွ အမႈရင္ဆိုင္ေနရသူ အေယာက္ ၂၀၀နီးပါးရွိေနကာ အက်ဥ္ေထာင္ျပင္ပကေန အမႈရင္ဆိုင္ေနရသူ အေယာက္ ၄၀၀ ဦးခန႔္ ၊ စုစုေပါင္း အေယာက္ ၆၀၀နီးပါးရွိ တယ္လို႔ ဦးတိတ္ႏိုင္က ေျပာပါတယ္။ အခုလြတ္လာတဲ့အထဲ ႏိုင္ငံေရးအက်ဥ္းသားေတြဟာလည္း လြတ္ရက္နီးသူေတြျဖစ္ၾကတယ္လို႔ ဦးတိတ္ႏိုင္က ေျပာပါတယ္။
ဒီေန႔ လြတ္ေျမာက္လာတဲ့ အက်ဥ္းသား ၊ အက်ဥ္းသူေတြကို အစိုးရက ဆန္ငါးျပည္အပါအဝင္ အေျခခံစား ေသာက္ ကုန္ေတြ ပါေပးခဲ့တယ္လို႔ အစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။ အခု လြတ္လာတဲ့အထဲမွာ တပ္မေတာ္အက္ဥပေဒနဲ႔ ျပစ္ဒဏ္စီရင္ခံသူေတြ ရဲစည္းကမ္းေဖာက္မႈနဲ႔ ျပစ္ဒဏ္ခ်ခံခဲ့ရသူေတြလည္း ပါဝင္ ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ျမန္မာႏွစ္သစ္ကူးတုန္းကလည္း အက်ဥ္းသားႏွစ္ေသာင္းေက်ာ္ကို သမၼတက ျပစ္ဒဏ္ လြတ္ၿငိမ္းခြင့္ေတြ ေပးခဲ့ဖူးပါတယ္။


https://burmese.voanews.com/a/myanmar-political-prisoner-/5376957.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.