Breaking

April 22, 2020

ရာမောင်တံတားအနီး နောက်ထပ်ပစ်ခတ်မှု ယာဉ်မောင်းသေဆုံး

ဧၿပီလ ၂၁ ရက္ေန႔က ရခိုင္ေျမာက္ပိုင္း မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး ပစ္ခတ္ခံရမႈေၾကာင့္ ေသဆံုးသြားတဲ့ ယာဥ္ေမာင္းကို သယ္ေဆာင္ေနၾကတဲ့ ၾကက္ေျခနီ အဖဲြ႔၀င္တခ်ိဳ႕

[Unicode Version]
ရာမောင်တံတားအနီး နောက်ထပ်ပစ်ခတ်မှု ယာဉ်မောင်းသေဆုံး
ရခိုင်မြောက်ပိုင်းမှာ WHO ကားပစ်ခံရလို့ ကုလကားမောင်းသမား သေဆုံးတဲ့အပေါ် စုံစမ်းမှုတွေလုပ်ဖို့နဲ့ နောင်မဖြစ်အောင် ကာကွယ်တားဆီးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး နောက်တရက်မှာပဲ ပိုးသတ်ဆေးတင်ကား တစင်း အဲဒီနေရာမှာပဲ ထပ်မံပစ်ခတ်ခံရတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ CPS ပိုးသတ်ဆေး ကုမ္ပဏီက ဆေပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီးကို မနေ့က နေ့လည်ပိုင်းက ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယာဉ်မောင်းသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။
အဲဒီကားဟာ အမ်းကနေ စစ်တွေမြို့ကို လာတာဖြစ်ပြီး WHO ကားပစ်ခတ်ခံရတဲ့ မင်းပြားမြို့နယ် ရာမောင်တံတားအနီးအရောက်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ယာဉ်မောင်းသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့ကပေါ့ ဆေးလာပို့တဲ့ အဖွဲ့လို့ ပြောတယ်။ ကျောက်ဖြူဘက်က လာတာပေါ့။ အဲဒီမှာ တစ်ယောက်သေတယ်၊ တစ်ယောက်ဒဏ်ရာရတယ်လို့ ကြားတယ်။ မင်းပြားဆေးရုံမှာပေါ့။ WHO ကားပစ်ခတ်ခံရတဲ့နေရာနဲ့ သိပ်မဝေးဘူးဗျာ။ ရာမောင်တံတားရဲ့ ထပ်နားမှာပဲဗျာ။ တပ်မတော်ဘက်က တံတားထိပ်မှာတော့ ဂိတ်တွေ ရှိတာတော့ တွေ့ရတယ်။ အဲဒီအနားမှာ အမြောက်တပ်တွေလည်း ရှိတယ်ဗျာ အဲတာတော့ကြာပြီဗျာ။"
အဲဒီကားကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပေမဲ့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ငြင်းဆိုထားပါတယ်။
"မနေ့ကနေပြီးတော့ ဒီ မြန်မာစစ်တပ်က အဲဒီကားကို သူတို့အယင် ပစ်ခတ်နေတဲ့ နေရာမှာပဲ WHO ကားကို ပစ်တဲ့နေရာမှာပဲ အဲဒီကားကို သူတို့ပစ်တာ အဲဒီနေရာက မြန်မာစစ်တပ်တွေ နေရာယူထားတဲ့ သူတို့ရဲ့ လုံခြုံရေးဧရိယာထဲမှာ ဖြစ်တဲ့ ကိစ္စ။ အဓိကတော့ မြန်မာစစ်တပ်ဘက်က လာသမျှ ကားရော၊ ဆိုင်ကယ်ရောကို ပစ်ခတ်နေတာက အတော်လေး ကြာပြီဗျာ။"
ပြီးခဲ့ ဧပြီလ ၂၀ ရက်နေ့ကလည်း အဲဒီရာမောင်တံတားအနီးမှာ WHO ကားတစ်စီး ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သတ်ပြီး တပ်နဲ့ AA ကတော့ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန်စွပ်စွဲနေကြတာပါ။
အခုလို WHO ကားပစ်ခတ်ခံရတာနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂက ကလည်း စုံစမ်းနေသလို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရအနေနဲ့ စုံးစမ်းစစ်ဆေးမှုတွေနဲ့ နောက်ထပ် အဲဒီလို ပစ်ခတ်မှုတွေ ထပ်မံမဖြစ်ပွားဖို့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ မနေ့က ထုတ်ပြန်ထားပါတယ်။

(Zawgyi/Unicode)
ရခိုင္ေျမာက္ပိုင္းမွာ WHO ကားပစ္ခံရလို႔ ကုလကားေမာင္းသမား ေသဆံုးတဲ့အေပၚ စံုစမ္းမႈေတြလုပ္ဖို႔နဲ႔ ေနာင္မျဖစ္ေအာင္ ကာကြယ္တားဆီးမယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ၿပီး ေနာက္တရက္မွာပဲ ပိုးသတ္ေဆးတင္ကား တစင္း အဲဒီေနရာမွာပဲ ထပ္မံပစ္ခတ္ခံရတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ဆက္ေပးပါမယ္။
ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီးမွာ CPS ပိုးသတ္ေဆး ကုမၸဏီက ေဆပစၥည္းေတြ တင္ေဆာင္ လာတဲ့ ကားတစ္စီးကို မေန႔က ေန႔လည္ပိုင္းက ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္က လက္နက္ငယ္ေတြ နဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ ယာဥ္ေမာင္းေသဆံုးၿပီး တစ္ဦးဒဏ္ရာ ရရွိခဲ့တယ္လို႔ တပ္မေတာ္ဘက္က ထုတ္ျပန္ထားပါတယ္။
အဲဒီကားဟာ အမ္းကေန စစ္ေတြၿမိဳ႕ကို လာတာျဖစ္ၿပီး WHO ကားပစ္ခတ္ခံရတဲ့ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီးအေရာက္မွာ ပစ္ခတ္ခံရတာျဖစ္ၿပီး ယာဥ္ေမာင္းေသဆံုးၿပီး တစ္ဦး ဒဏ္ရာ ရရွိခဲ့တယ္လို႔ မင္းျပားေဒသခံတစ္ဦးက ေျပာပါတယ္။
 

WHO ၀န္ထမ္း အသတ္ခံရတဲ့အေပၚ အလြန္စုိးရိမ္ေၾကာင္း INGO ၁၆ ဖြဲ႔ေျပာ

“မေန႔ကေပါ့ ေဆးလာပို႔တဲ့ အဖြဲ႕လို႔ ေျပာတယ္။ ေက်ာက္ျဖဴဘက္က လာတာေပါ့။ အဲဒီမွာ တစ္ေယာက္ေသတယ္၊ တစ္ေယာက္ဒဏ္ရာရတယ္လို႔ ၾကားတယ္။ မင္းျပားေဆးရံုမွာေပါ့။ WHO ကားပစ္ခတ္ခံရတဲ့ေနရာနဲ႔ သိပ္မေဝးဘူးဗ်ာ။ ရာေမာင္တံတားရဲ႕ ထပ္နားမွာပဲဗ်ာ။ တပ္မေတာ္ဘက္က တံတားထိပ္မွာေတာ့ ဂိတ္ေတြ ရွိတာေတာ့ ေတြ႔ရတယ္။ အဲဒီအနားမွာ အေျမာက္တပ္ေတြလည္း ရွိတယ္ဗ်ာ အဲတာေတာ့ၾကာၿပီဗ်ာ။”
အဲဒီကားကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္က လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ တပ္မေတာ္ဘက္က ထုတ္ျပန္ထားေပမဲ့ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ျငင္းဆိုထားပါတယ္။
“မေန႔ကေနၿပီးေတာ့ ဒီ ျမန္မာစစ္တပ္က အဲဒီကားကို သူတို႔အယင္ ပစ္ခတ္ေနတဲ့ ေနရာမွာပဲ WHO ကားကို ပစ္တဲ့ေနရာမွာပဲ အဲဒီကားကို သူတို႔ပစ္တာ အဲဒီေနရာက ျမန္မာစစ္တပ္ေတြ ေနရာယူထားတဲ့ သူတို႔ရဲ႕ လံုၿခံဳေရးဧရိယာထဲမွာ ျဖစ္တဲ့ ကိစၥ။ အဓိကေတာ့ ျမန္မာစစ္တပ္ဘက္က လာသမ်ွ ကားေရာ၊ ဆိုင္ကယ္ေရာကို ပစ္ခတ္ေနတာက အေတာ္ေလး ၾကာၿပီဗ်ာ။”
ၿပီးခဲ့ ဧၿပီလ ၂၀ ရက္ေန႔ကလည္း အဲဒီရာေမာင္တံတားအနီးမွာ WHO ကားတစ္စီး ပစ္ခတ္ခံရတာေၾကာင့္ ယာဥ္ေမာင္ေသဆံုးၿပီး က်န္းမာေရးဝန္ထမ္းတစ္ဦး ဒဏ္ရာရရွိခဲ့တာနဲ႔ ပတ္သတ္ၿပီး တပ္နဲ႔ AA ကေတာ့ တစ္ဘက္နဲ႔ တစ္ဘက္ အျပန္အလွန္စြပ္စြဲေနၾကတာပါ။
အခုလို WHO ကားပစ္ခတ္ခံရတာနဲ႔ပတ္သတ္ၿပီး ကုလသမဂၢက ကလည္း စံုစမ္းေနသလို ျမန္မာနိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကလည္း အဲဒီကိစၥနဲ႔ ပတ္သတ္ၿပီး အစိုးရအေနနဲ႔ စံုးစမ္းစစ္ေဆးမႈေတြနဲ႔ ေနာက္ထပ္ အဲဒီလို ပစ္ခတ္မႈေတြ ထပ္မံမျဖစ္ပြားဖို႔ ကာကြယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ဖို႔ မေန႔က ထုတ္ျပန္ထားပါတယ္။
ရခိုင္ျပည္နယ္အတြင္းမွာ အခုလို ကမၻာ့က်န္းမာေရးအဖြဲ႔က ကားပစ္ခတ္ခံရတာအပါအဝင္ တစ္ျခားစစ္ေဘး စစ္ဒဏ္ေတြနဲ႔ ပတ္သတ္ၿပီး ကုလသမဂၢက လာေရာက္ၿပီး ႏိုင္ငံတကာပညာရွင္ေတြ သတင္းဌာနေတြကို ေခၚေဆာင္ၿပီး အျမန္ဆံုးလာေရာက္စံုစမ္းဖို႔ကို ေမွ်ာ္လင့္တယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွေစာကေျပာပါတယ္။
“ကုလသမဂၢက ညြန္ၾကားေရးမွဴးခ်ဳပ္ကိုယ္တိုင္က ေျပာၿပီဆိုေတာ့လည္း က်ေနာ္တို႔ကေတာ့ ႀကိဳဆိုပါတယ္။ သူတို႔ဆီက ကြ်မ္းက်င္တဲ့ ပညာခ်င္ေတြ လာၿပီ ဒီကိစၥဟာအမွန္တကယ္ ဘယ္သူက က်ဴးလြန္းတယ္ဆိုတာကို ပြင့္ပြင့္လင့္လင့္ ေဖာ္ထုတ္ႏိုင္မယ္ ဆိုရင္ေတာ့ အေကာင္းဆံုးေပါ့။ လာတဲ့ အခါမွာလည္း ႏိုင္ငံတကာက သတင္းေထာက္ေတြ အေတြ႔အႀကံဳရွိတဲ့ သတင္းဌာနေတြ ပါလာႏိုင္ရင္ေတာ့ အေကာင္းဆံုးပဲ။ ေဖာ္ထုတ္ ႏိုင္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးကို လည္း အေထာက္အကူျပဳႏိုင္ပါလိမ့္မယ္။ ရခိုင္ျပည္မွာ ျပည္သူေတြ ႀကံဳေတြေန ရတဲ့ စစ္ေဘးစစ္ဒဏ္ကို တစ္စုံတစ္ရာ ရွင္းသြားလိမ့္မယ္လို႔ ထင္တယ္။ အဲဒီအဖြဲ႔ အျမန္လာပါေစလို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ပါတယ္။ တစ္ဘက္နဲ႔ တစ္ဘက္ အျပန္အလွန္စြပ္စဲြေနတာကိုေတာ့ က်ေနာ္တို႔ စကားလုပ္ၿပီးလည္း ေျပာစရာအေၾကာင္းမရွိေတာ့ဘူး။”
https://burmese.voanews.com/a/rakhine-conflicts-aa-military/5385210.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.