ဇကာသ် ဟူသည်
မိမိတွင်ရှိသောပစ္စည်းဥစ္စာများအနက်မှ ရှရီအသ်တရားတော်က သတ်မှတ် ထားသော
အစိတ်အပိုင်းကိုအလ္လာဟ်အရှင်မြတ်၏အမိန့်ပညာတ် တော်အတိုင်း ဆင်းရဲသား
များအားအပိုင်ပေးအပ် လှုဒါန်းခြင်းဖြစ်သည်။
ဆွလာသ်နှင့် ရိုဇာသည်
ကိုယ်ကာယအားဖြင့် လုပ်ကိုင်ရသော အိဗါဒသ်ဖြစ်ပြီး ဇကာသ်သည်
ဥစ္စာပစ္စည်းဖြင့် ပြုလုပ်အပ်သော အိဗါဒသ်ဖြစ် သည်။
ဇကာသ်ပေးခြင်းနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ( ၂း၂၇၇၊ ၆း၁၄၁၊ ၉း၅၊
၄၁း၇၊ ၇၀း၂၄-၂၅၊ ၇၃း၂၀၊၉၈း၅) တွင်လာရှိပါသည်။
ဇကာသ်ပေးခြင်းသည်
အစ္စလာမ်မဏ္ဍိုင်ကြီး၅ခုတွင်တစ်ခုအပါအဝင်ဖြစ်ပြီး နိဆာဗ် ရှိသူတို့အဖို့
မဖြစ်မနေလုပ်ရမည် ဖရဖ် တာဝန်ဖြစ် သည်။ ဇကာသ်ပေးခြင်းကို
ငြင်းဆန်သူသည်ကာဖိရ်ဖြစ်သည်။
ဇကာသ်ပေးဆောင်ရန်တာဝန်
ရှိသောသူတို့မှာ- – (၁) မွတ်စ်လင်မ်ဖြစ်ခြင်း၊ (၂) လွတ်လပ်သူဖြစ်ခြင်း (၃)
အသိဥါဏ်ရှိသူဖြစ်ခြင်း၊ (၄) အရွယ်ရောက်သူဖြစ်ခြင်း၊ (၅) နိဆာဗ်ပစ္စည်းထက်
ပိုမိုသော ပစ္စည်းဥစ္စာကိုပိုင်ဆိုင်ပြီးကြွေးမြီကင်းသူဖြစ်ခြင်း၊
(၆) နိဆာဗ်ထက် ပိုသော ငွေကြေးများကို တနှစ်အနည်းဆုံး ပိုင်ဆိုင်သူဖြစ်ခြင်း။ ။
(၆) နိဆာဗ်ထက် ပိုသော ငွေကြေးများကို တနှစ်အနည်းဆုံး ပိုင်ဆိုင်သူဖြစ်ခြင်း။ ။
နိဆာဗ် —
နိဆာဗ်ဆိုသည်မှာ ရှရီအသ်တရားတော်က သတ်မှတ်ထားသည့် ဇကာသ်ပေးသင့်သည့်
လူတစ်ဦးပိုင်ဆိုင်သော ငွေကြေးပစ္စည်း၏ ပိုင်ဆိုင်မှုသတ်မှတ်ချက်ဖြစ်သည်။
ဥပမာ လူတစ်ဦးထံတွင် ချောင်လည်စွာ စားသောက်ဝတ်စား နေထိုင်နိုင်သည့်
အနေအထားသည် နိဆာဗ်ပမာဏ ပင်ဖြစ်သည်။ လူတစ်ဦးတွင်၎င်းပမာဏထက်ပိုသောငွေရှိပြီး
အကြွေးလည်းကင်းသူ ဖြစ်က ထိုသူသည်ဇကာသ်ပေးဆောင်ရမည်။
ငွေကြေးပမာဏအနေဖြင့် လူတစ်ဦးတွင် ငွေသား ၅၄ ကျပ်ခွဲသားခန့် သို့ ရွှေ ၅ကျပ်၃ပဲ၄ရွေးေ်ခန့် သည်နိဆာဗ်၏ ပမာဏပင်ဖြစ်သည်။
(#မှတ်ချက်… လက်ရှိ
ငွေဘော် ပေါက်ဈေးအရတွက်ချက်ပြိး လူတစ်ဦးလျှင် ငွေ ငါးသိန်းကျော်
ခြောက်သိန်း နီးပါး ပိုင်ဆိုင်လျှင် ဇကာသ်ထုတ်ရန် ဝါဂျိဗ်
တာဝန်ထိုက်ကြောင်း ၂၀၁၆ အိုလမာ
ထုတ်ပြန်စာတွင်ဖော်ပြထားသည်။ဤအတိုင်းကျင့်သုံးပါလေ။ )
သို့ဖြစ်၍ ထိုလူသည်
၎င်းငွေသား သို့ ရွှေသား၏ တန်ဖိုးကို တွက်ချက်ယူပြီး စုစုပေါင်းငွေသား ၏ ၄၀
ပုံ တစ်ပုံကို ဇကာသ်အဖြစ်ပေးရမည်။ တနည်းအားဖြင့် ၁၀၀ကျပ်လျှင် ၂ကျပ် ၅၀
ပြား ပေးရမည်ကို ဆိုလိုသည်။
ဇကာသ်ပေးရန်မလိုသည့်
ပစ္စည်းများ — နိဆာဗ် အထက်ရှိသော မိမိပိုင်ဆိုင်သည့် ပစ္စည်းများ
တွင်မိမိနေထိုင်သည့် အိမ်၊ အသုံးအ ဆောင်ပစ္စည်းများမပါဝင်ပါ။ ဥပမာ (၁)
မိမိနေသည့်အိမ်၊(၂) မိမိ ငှားရမ်းထားသည့်အိမ်များ၊ (၃)
မည်မျှများသည်ဖြစ်စေ၊ (အဝတ်အစား၊ အိုး၊ ခွက်ယောက်၊ ပုကန်၊ ဆိုင်၊ ကား၊
စက်ဘီး၊ ဆိုင်ကယ်) (၄) အရောင်းအဝယ်အတွက်မဟုတ်သည့် ေ
ကျာက်မျက်ရတနာများ၊
ကျာက်မျက်ရတနာများ၊
(၅) လူတစ်ဦးထံတွင်
ရွှေ ၃ (သို့) ၄ (သို့) ၅ ကျပ်သားခန့် သာရှိလျှင် နိဆာဗ် ပမာဏဖြစ်သည့် ၅ဋ
ကျပ်၃ပဲလေးရွေးဲ သားခန့် မရှိသဖြင့် ဇကာသ်ပေးရန်မလိုပါ။ (၆) လူတစ်ဦးတွင်
ရွှေ နှင့် ငွေသား ပမာဏနှစ်ခုပေါင်းလျှင် ရွှေ ၅ကျပ်၃ပဲလေးရွးသား
တန်ဖိုးနှင့်ညီမျှသွားလျှင်မူ ဇကာသ်ပေးရမည်။
ဇကာသ်ပေးအပ်ရမည့်
ပစ္စည်းများ — (၁) မိမိထံရှိ နိဆာဗ်ပမာဏ ပြည့်နေပြီဖြစ်သော ရွှေနှင့်
ငွေများ၊ ရွှေခွက် ငွေခွက်များ၊ (၂) ရောင်းဝယ်ရန် ရည်ရွယ်ချက်ဖြင့်
ဝယ်ထားသောပစ္စည်းများ၊ဥပမာ- ( – အသီးအနှံ၊ ကောက်ပဲသီးနှံများ၊ ပဲ၊ ပြောင်း၊
စပါး၊မုယော၊ ဂျုံ၊ (- အဝတ်အထည်၊စားသောက်ဖွယ်ရာများ၊
(-အိမ်သုံးပစ္စည်းများ၊ – အိမ်ထောင်ပရိဘောဂများ၊ (- အိမ်၊ (- ဆိုင်၊ (-ကား၊
(-ဆိုင်ကယ်၊ (- တိရိစ္ဆာန်များ၊ နွား၊ ကျွဲ၊ ကုလားအုပ်၊ ဆိတ်၊
သိုးနှင့်အခြားပစ္စည်းများ။
ဇကာသ်ပေးနည်း — (၁)
ဇကာသ်ပေးဆောင်ရန် တာဝန်ရှိသူသည် ဇကာသ်စားထိုင်သူတစ်ဦးကို အလ္လာဟ် အရှင်မြတ်
အဖို့ရည်စူးလျှက် အပိုင်ပေး အပ်လိုက်ရမည်။ ဇကာသ်ရသူသည် ၎င်းပစ္စည်း (သို့)
ငွေကြေးကိုမိမိ နှစ်သက်သလို အသုံးပြု နိုင်သည်။
(၂) ဇကာသ်ငွေကို
လုပ်ခအဖြစ်၎င်း၊ အလုပ်တစ်ခုခုခိုင်းသည့် အတွက် အသုံးမပြုနိုင်ပါ။သို့သော်
ဇကာသ်ငွေမှ ပစ္စည်းဝယ်ပြီးဆင်းရဲသားတို့အား ဝေငှခြင်းသည် ပြုပိုင်ခွင့်
ရှိသည်။
(၃)နိဆာဗ်ပစ္စည်းပိုင်ဆိုင်ခြင်း
တစ်နှစ်ပြည့်လျှင်ပေးသင့်သောဇကာသ်ပစ္စည်းကို ချက်ချင်းပေးသင့်သည်။ဇကာသ်ကို
ကြိုတင်ပေးထားခြင်း သည်လည်းပြုပိုင်သည်။
(၄) ရမ်ဇာမ်လမရောက်
ခင် ရှာဘာန်လကတည်းက ကြိုတင်ပေးကကောင်းသည်။အကြောင်းအမျိုးမျိုးကြောင့်
လူတစ်ဦး အား (အလှုငွေဖြစ်စေ) ငွေပေးပြီးနောက်၎င်းငွေကို ဇကာသ် အဖြစ်
ပြောင်းလဲပိုင်ခွင့်မရှိပေ။
(၅)မိမိသိသူတစ်ဦးအား
ဇကာသ်ပေးချိန်တွင် ဇကာသ်ဟုမပြောဘဲ ချီးမြှင့်ငွေအဖြစ်၎င်း၊
အီဒ်လက်ဆောင်အဖြစ်ပြောပေးပိုင်ခွင့်ရှိသည်။
မသိသူများကိုမူဇကာသ်အဖြစ်ပြောရမည်။
(၆)
နိဆာဗ်ပစ္စည်းပိုင်ဆင်ပြီး တစ်နှစ်ပြည့်ပြီးနောက် ဇကာသ်မပေးမီ ၎င်းပစ္စများ
မီးလောင် ပျက်ဆီးဆုံးရှုံး သွားလျှင်ထိုသူအပေါ်ဇကာသ်တာဝန်မရှိတော့ပါ။
(၇)
တစ်နှစ်ပြည့်သည့်အချိန် မိမိပစ္စည်းများအားလုံးကို အလ္လာဟ်လမ်းတွင်
ပေးလှူလိုက် လျှင် ဇကာသ်အတွက်ခွင့်လွှတ်ချက်ရရှိသွားပြီဖြစ်သည်။
ဇကာသ်မယူထိုင်သူများ —
နိဆာဗ် ပမာဏပစ္စည်းပိုင်ဆိုင်သူ။ ဆိုင်ယဒ်နှင့် ဗနီဟာရှင်အမျိုးအနွယ်များ။
ဇကာသ်ပေးသူ၏ အမိ၊ အဖ၊ အဖိုး၊ အဖွား၊အထက်နှင့် အောက် အဆက်
အနွယ်များ။သားသမီး မြေး မြစ် နှင့် ၎င်းတို့မှဆင်းသက်လာသောသူများ။ဇနိး
(သို့) ခင်ပွန်း ကာဖိရ်ကြွယ်ဝချမ်းသာသူတို့၏ အရွယ်မရောက်သေးသော
သားသမီးများ။
ဇကာသ်ယူထိုက်သူများ —
နိဆာဗ် ပမာဏမျှ ပစ္စည်းမရှိသူများ။ သူဆင်းရဲများ။ပစ္စည်းရှိသော်လည်း
အကြွေးပေးလိုက်လျှင် နိဆာဗ်ပမာဏမျှ တန်ဖိုပင် မရှိတော့သူများ။
လမ်းခရီးတွင်
ငွေကြေးပြတ်လတ်နေသော ခရီးသည်များ။ ဆင်းရဲသော
ဆွေမျိုးသားချင်းများ။ဆင်းရဲသော အိမ်နီးနာချင်း၊ မြို့ရွာရှိ
လူများ။မိဘမဲ့များ၊ အစောင့်အရှောက်ကင်းသော
အဖိုးအိုများဆေးကုသခံနေရသည့် သူဆင်းရဲများ။
အဖိုးအိုများဆေးကုသခံနေရသည့် သူဆင်းရဲများ။
ဇကာသ်ငွေမသုံးစွဲသင့်သည့်အခြေအနေ
— ဗလီတည်ဆောက်ခြင်း။ ဗလီအသုံးအဆောင်ပစ္စည်များ ဝယ်ပေးခြင်း။
သေသူအတွက်ကဖန်ပိတ်ဝယ်ပေးခြင်း။ နာရေးအတွက်သုံးခြင်း။သေသူ၏အကြွေးကို
ပေးဆပ်ခြင်း။
ဗလီအတွက်ရေဝယ်ပေးခြင်း။ ဇကာသ်မပေးထိုက်သူတစ်ဦးကို ဇကာသ်ပေး အပ်ပြီးမှထိုသူမယူ ထိုက်မှန်းသိရလျှင်လည်း မိမိဇကာသ်အထမြောက် သွားပါမည်။
မြေထွက်သီးနှံများ၏ဇကာသ်
— မြေထွက်သီးနှံများနှင့် ပတ်သက်လျှင် သီးနှံထွက်သည့်နေ့တွင်ပေးရမည်။
ရေသွင်းခြင်းမပြုရဘဲ အလေ့ကြပေါက်သော သီးနှံများအတွက် ၁၀ ပုံ ၁ ပုံ။
ရေသွင်းခြင်းဖြစ်ပေါက်သော သီးနှံများအတွက် ၂၀ ပုံ ၁ ပုံ။လယ်ယာတစ်ခုတွင်
တစ်နှစ် ၂ ကြိမ်၊ (သို့) ၃ကြိမ်သီး လျှင် သီးတိုင်း ဇကာသ်ပေးရမည်။
လယ်ယာတစ်ကွက်ကို
လူတစ်ဦးက ငှားရမ်းသီးနှံစိုက်ပျိုး၏။ ငှားသူကသာ
ဇကာသ်ပေးရမည်။လယ်ရှင်ပေးရန်မလိုပါ။ မိမိအိမ်ဝန်းအတွင်း စိုက်ပျိုးထားသော
စားသောက်ပင်များအတွက် ပေးရန် မလိုပါ။
ကျွဲနွားအတွက်
ဇကာသ်ပေးနည်း — ပျမ်းမျှခြင်းအားဖြင့် ကျွဲနွားကောင်းရေ ၅၀ ရှိလျှင်
ဇကာသ်ပေးဆောင်ရမည်။ ကောင်ရေ ၄၀ တွင် ၂ နှစ်သား ၁ ကောင်။ ကောင်ရေ ၆၀ တွင် ၁
နှစ်သား ၂ ကောင်။ ကောင်ရေ ၈၀ တွင် ၂ နှစ်သား ၂ ကောင်။ ကောင်ရေ ၉၀ တွင် ၁
နှစ်သား ၃ ကောင်။ ကောင်ရေ ၁၀၀တွင် ၁ နှစ်သား ၂ ကောင်နှင့် ၂ နှစ်သား၁
ကောင်။
သိုးဆိတ်အတွက်
ဇကာသ်ပေးနည်း — ဆိတ်ကောင်ရေ ၄၀ တွင် ၁ ကောင်။ ဆိတ်ကောင်ရေ ၁၂၀ တွင် ၂
ကောင်။ ဆိတ်ကောင်ရေ ၂၀၀ တွင် ၃ ကောင်။ ဆိတ်ကောင်ရေ ၄၀၀ တွင် ၄ ကာင်။
၄၀ အထက်ကောင်ရေ ၁၀၀ မပြည့်မချင်း၁ ကောင်သာပေးရမည်။ ၄၀၀ အထက် ၁၀၀ ပြည့်တိုင်း ၁ ကောင်ပေးရမည်။
၄၀ အထက်ကောင်ရေ ၁၀၀ မပြည့်မချင်း၁ ကောင်သာပေးရမည်။ ၄၀၀ အထက် ၁၀၀ ပြည့်တိုင်း ၁ ကောင်ပေးရမည်။
ဤတွင် ဇကာသ်
အကြောင်းစုံသွားသ လောက် ရှိပြိဖြစ်သည် ။ဤအကြောင်းများကိုမူရင်း ရေးသားသော
ပညာရှင်အား creditပေးပါသည်။ တချိူ့အမှားတစ်ခု နှစ်ခုတွေ့လို့ ကျနော်ြ
ပင်ပြိးဖော်ပြထားသည်။
ဒီအထဲမရှင်းလင်းသည်များနှင့်တခြား
ဆက်နွယ်ပတ်သက်မှုများသိလိုပါက လွပ်လပ်စွာမေးမြန်းနိုင် သည်။ ဇကာသ်အကြောင်း
သေခြာသိအောင် ဒီစာအုပ်ကို ဒေါင်းပြိးဖတ်ပါ။
ဇကာသ်ဆိုင်ရာ ပညတ်ချက်များ မော်လာနာ ဟာရူးန် လူလာသ် #credit
No comments:
Post a Comment
Note: Only a member of this blog may post a comment.