Breaking

April 13, 2020

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဟာ ဒီကနေ့မှာ ဆေးရုံကနေ ဆင်း

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ေဆး႐ုံကဆင္း


ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson. (မတ္ ၂၆၊ ၂၀၂၀)

(Unicode)
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဗြိတိန်ဝန်ကြီးချုပ် ဆေးရုံကဆင်း
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဟာ ဒီကနေ့မှာ ဆေးရုံကနေ ဆင်းလာပါပြီ။
ဝန်ကြီးချုပ် Boris Johnson ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့အတွက် လန်ဒန်မြို့ ဆေးရုံတခုက အရေးပေါ်လူနာတွေကိုထားတဲ့ အထူးကြပ်မတ် ကုသဆောင်မှာ ကုသခဲ့ရတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ ဆေးရုံကနေ ပြန်ဆင်းလာပြီဖြစ်ပေမယ့် အလုပ်တော့ ချက်ချင်းပြန်လုပ်ဦးမှာမဟုတ်ဘဲ လန်ဒန်မြို့ပြင်မှာရှိတဲ့ ဝန်ကြီးချုပ်ရဲ့ Chequers House နေအိမ်မှာ ဆက်ပြီးတော့ အနားယူသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဝန်ကြီးချုပ် Johnson ဟာ ပြီးခဲ့တဲ့တပတ်က လန်ဒန်မြို့က St. Thomas ဆေးရုံကို တက်ခဲ့ရတာဖြစ်ပြီး ဒါဟာ ဗိုင်းရပ်စ်ကူးစက်ခံရတာကို သိရှိပြီး ၁၀ ရက်မြောက်နေ့မှာ တက်တာဖြစ်ပါတယ်။
ဆေးရုံမှာရှိတဲ့ NHS က ကျန်းမာရေးဌာန ဝန်ထမ်းတွေကို အလွန်ကျေးဇူးတင်ပြီး ဆေးရုံဝန်ထမ်းတွေက သူ့အသက်ကို ကယ်တင်ပေးခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ် Johnson က ဆေးရုံမှာ ဒီကနေ့ ပြောပါတယ်။ ဒါဟာ ဝန်ကြီးချုပ် Johnson ကို အထူးကြပ်မတ် ကုသဆောင်ကနေ ထုတ်ပြီးတဲ့နောက် လူထုကို ပထမဆုံး ပြောကြားတာဖြစ်ပါတယ်။
ဝန်ကြီးချုပ် Johnson အနားယူနေစဉ် အချိန်အတွင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ဝန်ကြီးချုပ်ရဲ့ တာဝန်တွေကို ယူသွားမှာဖြစ်ပါတယ်။
လူမှုကွန်ရက်တွေမှာတော့ ဝန်ကြီးချုပ်ရဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်းနေအိမ်ကနေ ဗြိတိန်ပြည်သူတွေကို အီစတာပွဲတော် ဆုတောင်းစကားတွေ ပြောထားပြီး ဗြိတိန်နိုင်ငံတဝှမ်းမှာ အပြင်မထွက်ရအမိန့် ထုတ်ထားတာကြောင့် ဘုရားကျောင်းတွေ ပိတ်ထားတယ် ဆိုတာကိုလည်း အသိပေးထားပါတယ်။
တချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံဟာ ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်လာနေပါတယ်။
ဗြိတိန်မှာ အခုသီတင်းပတ်ကုန်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၉၈၀၀ ကျော်ရှိပြီး စနေနေ့က ၉၀၀ ကျော် သေဆုံးခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၇ သောင်း ၉ ထောင်ကျော်လာနေပြီး သေဆုံးသူ အရေအတွက် ၉ ထောင်ကျော်ရှိပါတယ်။


(Zawygi / Unicode)
ၿဗိတိန္ႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံလိုက္ရတဲ့ ၿဗိတိိန္၀န္ႀကီးခ်ဳပ္ Boris Johnson ဟာ ဒီကေန႔မွာ ေဆး႐ုံကေန ဆင္းလာပါၿပီ။
၀န္ႀကီးခ်ဳပ္ Boris Johnson ဟာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့အတြက္ လန္ဒန္ၿမိဳ႕ ေဆး႐ုံတခုက အေရးေပၚလူနာေတြကိုထားတဲ့ အထူးၾကပ္မတ္ ကုသေဆာင္မွာ ကုသခဲ့ရတာ ျဖစ္ပါတယ္။
၀န္ႀကီးခ်ဳပ္အေနနဲ႔ ေဆး႐ုံကေန ျပန္ဆင္းလာၿပီျဖစ္ေပမယ့္ အလုပ္ေတာ့ ခ်က္ခ်င္းျပန္လုပ္ဦးမွာမဟုတ္ဘဲ လန္ဒန္ၿမိဳ႕ျပင္မွာရွိတဲ့ ၀န္ႀကီးခ်ဳပ္ရဲ႕ Chequers House ေနအိမ္မွာ ဆက္ၿပီးေတာ့ အနားယူသြားမွာျဖစ္တယ္လို႔ ၀န္ႀကီးခ်ဳပ္႐ုံးက ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။
၀န္ႀကီးခ်ဳပ္ Johnson ဟာ ၿပီးခဲ့တဲ့တပတ္က လန္ဒန္ၿမိဳ႕က St. Thomas ေဆး႐ုံကို တက္ခဲ့ရတာျဖစ္ၿပီး ဒါဟာ ဗုိင္းရပ္စ္ကူးစက္ခံရတာကို သိရွိၿပီး ၁၀ ရက္ေျမာက္ေန႔မွာ တက္တာျဖစ္ပါတယ္။
ေဆး႐ုံမွာရွိတဲ့ NHS က က်န္းမာေရးဌာန ၀န္ထမ္းေတြကို အလြန္ေက်းဇူးတင္ၿပီး ေဆး႐ုံ၀န္ထမ္းေတြက သူ႔အသက္ကို ကယ္တင္ေပးခဲ့တာျဖစ္တယ္လို႔ ၀န္ႀကီးခ်ဳပ္ Johnson က ေဆး႐ုံမွာ ဒီကေန႔ ေျပာပါတယ္။ ဒါဟာ ၀န္ႀကီးခ်ဳပ္ Johnson ကုိ အထူးၾကပ္မတ္ ကုသေဆာင္ကေန ထုတ္ၿပီးတဲ့ေနာက္ လူထုကို ပထမဆုံး ေျပာၾကားတာျဖစ္ပါတယ္။
၀န္ႀကီးခ်ဳပ္ Johnson အနားယူေနစဥ္ အခ်ိန္အတြင္းမွာေတာ့ ႏုိင္ငံျခားေရး၀န္ႀကီး Dominic Raab က ၀န္ႀကီးခ်ဳပ္ရဲ႕ တာ၀န္ေတြကို ယူသြားမွာျဖစ္ပါတယ္။
လူမႈကြန္ရက္ေတြမွာေတာ့ ၀န္ႀကီးခ်ဳပ္ရဲ႕ အမွတ္ ၁၀ ေဒါင္းနင္းလမ္းေနအိမ္ကေန ၿဗိတိန္ျပည္သူေတြကို အီစတာပဲြေတာ္ ဆုေတာင္းစကားေတြ ေျပာထားၿပီး ၿဗိတိန္ႏုိင္ငံတ၀ွမ္းမွာ အျပင္မထြက္ရအမိန္႔ ထုတ္ထားတာေၾကာင့္ ဘုရားေက်ာင္းေတြ ပိတ္ထားတယ္ ဆုိတာကိုလည္း အသိေပးထားပါတယ္။
တခ်ိန္တည္းမွာပဲ ၿဗိတိန္ႏုိင္ငံဟာ ဥေရာပတုိက္မွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရမႈ အဆုိးရြားဆုံးႏုိင္ငံ ျဖစ္လာႏုိင္တယ္ဆုိတဲ့ ခန္႔မွန္းခ်က္ေတြလည္း ထြက္ေပၚလာေနပါတယ္။
ၿဗိတိိန္မွာ အခုသီတင္းပတ္ကုန္အတြင္း ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရမႈ ၉၈၀၀ ေက်ာ္ရွိၿပီး စေနေန႔က ၉၀၀ ေက်ာ္ ေသဆုံးခဲ့တာေၾကာင့္ အခုဆုိရင္ ေရာဂါကူးစက္ခံရသူ အေရအတြက္ဟာ ၇ ေသာင္း ၉ ေထာင္ေက်ာ္လာေနၿပီး ေသဆုံးသူ အေရအတြက္ ၉ ေထာင္ေက်ာ္ရွိပါတယ္။

 https://burmese.voanews.com/a/covid19-uk-prime-minister/5369105.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.