Breaking

April 28, 2020

ဗီယက်နမ်မှာ COVID-19 နဲ့ သေဆုံးသူမရှိအောင် ဘယ်လို လုပ်ဆောင်ခဲ့သလဲ





(Unicode)
အရှေ့တောင်အာရှဒေသထဲက နိုင်ငံတော်တော်များများ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကို ထိန်းချုပ်နိုင်ရေး အသွားအလာတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားချိန်မှာ ဗီယက်နမ်နိုင်ငံက အသွားအလာ ပိတ်ပင်ထားတာကို ဖြေလျှော့ပေးတော့မှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၃၀၀ အောက်မှာသာ ရှိပြီး သေဆုံးသူ မရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ ဘယ်ပြည်နယ်မှ အခုအခါ ဗိုင်းရပ်စ် ကူးစက်ခံရဖို့ အထူးစိုးရမ်ရတဲ့ အခြေအနေမရှိတော့ဘူးလို့ ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc က ဗုဒ္ဓဟူးနေ့ကကြေညာခဲ့ ပါတယ်။ အရေးတကြီး မလိုအပ်တဲ့ စီးပွားရေး လုပ်ငန်းတွေကိုတော့ ဆက်လက် ပိတ်ထားဦးမှာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားချိန်မှာ ဗီယက်နမ်နိုင်ငံဟာ လူထောင် သောင်းချီပြီး သီးသန့်ခွဲထားသလို၊ ထိတွေ့ခဲ့သူတွေရဲ့ နောက်ကြောင်းကို လိုက်ပြီး ရောဂါ စမ်းသပ်တာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တာကြောင့် ရောဂါ ထိန်းချုပ်ရေးမှာ ချီးကျူးခံထားရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီလို လုပ်နိုင်တာဟာ ဗီယက်နမ်တို့ အနေနဲ့ ရောဂါအကြောင်း စောစော စီးစီး သတင်းရခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့လည်း ရိုက်တာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
COVID-19 ရောဂါအကြောင်း နိုင်ငံတကာက မသိရမီ ရက်တော်တော်များများကတည်းက ဗီယက်နမ်နိုင်ငံ အစိုးရ ကျောထောက် နောက်ခံပြုထားတဲ့ Hacker တွေက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးမှာ အဓိကကျတဲ့ တရုတ်နိုင်ငံရဲ့ အဖွဲ့အစည်းတွေ ထဲက ကွန်ပြူတာစနစ်ထဲ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ အမေရိကန် ဆိုင်ဘာ လုံခြုံရေး ကုမ္ပဏီ FireEye က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံထဲ ရောဂါ ကူးစက်မှု ၂ ခု တွေ့တာနက် တပြိုင်နက် ပထမဆုံး တရုတ်နိုင်ငံ ဝူဟန်မြို့နဲ့ လေယာဉ်ခရီးစဉ်တွေကို ဗီယက်နမ်တို့ ရပ်ဆိုင်းခဲ့ပါတယ်။ နောက် ရက်ပိုင်းအတွင်းမှာပဲ မိုင် ၈၇၀ ရှည်လျားတဲ့ တရုတ်နယ်စပ်ကို ပိတ်ပစ်ခဲ့တာပါ။ မတ်လ ရောက်တဲ့အခါမှာတော့ တစ်နိုင်ငံလုံး နှာခေါင်းစည်း မတပ်မနေရ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံဟာ ရောဂါ စမ်းသပ် စစ်ဆေးမှုပေါင်း ၁ သိန်း ၈ သောင်းကျော် လုပ်ခဲ့ပြီး ကူးစက်သူ ၂၇၀ နီးပါးရှိ တာကြောင့် ကူးစက်မှု ၁ ခုအတွက် စမ်းသပ်စစ်ဆေးမှု ၆၇၀ ကျော် လုပ်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ စမ်းသပ် စစ်ဆေးမှုနဲ့ ရောဂါ ကူးစက်မှု အချိုးအစားအရ ကမ္ဘာမှာ ထိုင်ဝမ်နိုင်ငံပြီးရင် အများဆုံး လုပ် ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။



(Zawgyi/Unicode)
ဗီယက္နမ္မွာ COVID-19 နဲ႔ ေသဆုံးသူမရွိေအာင္ ဘယ္လုိ လုပ္ေဆာင္ခဲ့သလဲ  

အေရွ႕ေတာင္အာရွေဒသထဲက နိုင္ငံေတာ္ေတာ္မ်ားမ်ား ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနတာကို ထိန္းခ်ဳပ္နိုင္ေရး အသြားအလာေတြကို တင္းတင္းက်ပ္က်ပ္ ပိတ္ပင္ထားခ်ိန္မွာ ဗီယက္နမ္နိုင္ငံက အသြားအလာ ပိတ္ပင္ထားတာကို ေျဖေလၽွာ့ေပးေတာ့မွာ ျဖစ္ပါတယ္။
ဗိုင္းရပ္စ္ ကူးစက္မႈေပါင္း ၃၀၀ ေအာက္မွာသာ ရွိၿပီး ေသဆုံးသူ မရွိတဲ့ ဗီယက္နမ္နိုင္ငံမွာ ဘယ္ျပည္နယ္မွ အခုအခါ ဗိုင္းရပ္စ္ ကူးစက္ခံရဖို႔ အထူးစိုးရမ္ရတဲ့ အေျခအေနမရွိေတာ့ဘူးလို႔ ဗီယက္နမ္ ဝန္ႀကီးခ်ဳပ္ Nguyen Xuan Phuc က ဗုဒၶဟူးေန႔ကေၾကညာခဲ့ ပါတယ္။ အေရးတႀကီး မလိုအပ္တဲ့ စီးပြားေရး လုပ္ငန္းေတြကိုေတာ့ ဆက္လက္ ပိတ္ထားဦးမွာ ျဖစ္ပါတယ္။
ဗိုင္းရပ္စ္ ကူးစက္မႈ ျဖစ္ပြားခ်ိန္မွာ ဗီယက္နမ္နိုင္ငံဟာ လူေထာင္ ေသာင္းခ်ီၿပီး သီးသန္႔ခြဲထားသလို၊ ထိေတြ႕ခဲ့သူေတြရဲ့ ေနာက္ေၾကာင္းကို လိုက္ၿပီး ေရာဂါ စမ္းသပ္တာေတြလည္း က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ခဲ့တာေၾကာင့္ ေရာဂါ ထိန္းခ်ဳပ္ေရးမွာ ခ်ီးက်ဴးခံထားရတဲ့နိုင္ငံလည္း ျဖစ္ပါတယ္။
ဒီလို လုပ္နိုင္တာဟာ ဗီယက္နမ္တို႔ အေနနဲ႔ ေရာဂါအေၾကာင္း ေစာေစာ စီးစီး သတင္းရခဲ့တာေၾကာင့္ ျဖစ္နိုင္တယ္လို႔လည္း ရိုက္တာ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။
COVID-19 ေရာဂါအေၾကာင္း နိုင္ငံတကာက မသိရမီ ရက္ေတာ္ေတာ္မ်ားမ်ားကတည္းက ဗီယက္နမ္နိုင္ငံ အစိုးရ ေက်ာေထာက္ ေနာက္ခံျပဳထားတဲ့ Hacker ေတြက ကိုရိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရးမွာ အဓိကက်တဲ့ တ႐ုတ္နိုင္ငံရဲ့ အဖြဲ႕အစည္းေတြ ထဲက ကြန္ျပဴတာစနစ္ထဲ ထုိးေဖာက္ဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ အေမရိကန္ ဆိုင္ဘာ လုံျခဳံေရး ကုမၸဏီ FireEye က ဗုဒၶဟူးေန႔က ေျပာပါတယ္။
ဗီယက္နမ္နိုင္ငံထဲ ေရာဂါ ကူးစက္မႈ ၂ ခု ေတြ႕တာနက္ တၿပိဳင္နက္ ပထမဆုံး တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕နဲ႔ ေလယာဥ္ခရီးစဥ္ေတြကို ဗီယက္နမ္တို႔ ရပ္ဆိုင္းခဲ့ပါတယ္။ ေနာက္ ရက္ပိုင္းအတြင္းမွာပဲ မိုင္ ၈၇၀ ရွည္လ်ားတဲ့ တ႐ုတ္နယ္စပ္ကို ပိတ္ပစ္ခဲ့တာပါ။ မတ္လ ေရာက္တဲ့အခါမွာေတာ့ တစ္နိုင္ငံလုံး ႏွာေခါင္းစည္း မတပ္မေနရ အမိန္႔ကို ထုတ္ျပန္ခဲ့ပါတယ္။
ဗုဒၶဟူးေန႔က ဗီယက္နမ္ က်န္းမာေရး ဝန္ႀကီးဌာနရဲ့ ထုတ္ျပန္ခ်က္အရ ဗီယက္နမ္နိုင္ငံဟာ ေရာဂါ စမ္းသပ္ စစ္ေဆးမႈေပါင္း ၁ သိန္း ၈ ေသာင္းေက်ာ္ လုပ္ခဲ့ၿပီး ကူးစက္သူ ၂၇၀ နီးပါးရွိ တာေၾကာင့္ ကူးစက္မႈ ၁ ခုအတြက္ စမ္းသပ္စစ္ေဆးမႈ ၆၇၀ ေက်ာ္ လုပ္ခဲ့တဲ့ သေဘာလည္း ျဖစ္ပါတယ္။ စမ္းသပ္ စစ္ေဆးမႈနဲ႔ ေရာဂါ ကူးစက္မႈ အခ်ိဳးအစားအရ ကမၻာမွာ ထိုင္ဝမ္နိုင္ငံၿပီးရင္ အမ်ားဆုံး လုပ္ ေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။


https://burmese.voanews.com/a/vietnam-covid-19-/5386852.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.