Breaking

April 14, 2020

ဘဂၤလားေဒ့ရွ္ ၀န္ႀကီးခ်ဳပ္ ရွိတ္ဟာဆီနာက ေနာက္ထပ္ အေမရိကန္ ေဒၚလာ သန္း ၁၀၀ package တစ္ခု ေၾကညာ လုိက္ၿပီ

Image may contain: 1 person, outdoor

ကုိဗစ္-၁၉ ကာကြယ္ေရး/ေဆးကုသေရးအတြက္ တာ၀န္ထမ္းေဆာင္ေနတဲ့ ဆရာ၀န္ေတြ၊ သူနာျပဳေတြ၊ က်န္းမာေရး ၀န္ထမ္းေတြ၊ စစ္သားေတြ၊ နယ္ျခားေစာင့္တပ္ဖြဲ႔၀င္ေတြနဲ႔ အစုိးရ၀န္ထမ္းေတြထဲက တစ္စုံတစ္ေယာက္ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ခံရရင္ ရာထူးအလုိက္ အေမရိကန္ ေဒၚလာ ၅၉၀၀ ကေန ၁၁၈၀၀ ထိ ေပးမယ္။ တကယ္လုိ႔ ေသဆုံးတယ္ဆုိရင္ ၅ ဆ ေပးမယ္။
ဒါေတြအတြက္ အေမရိကန္ေဒၚလာ ၈၈ သန္းေက်ာ္။
ကုိဗစ္-၁၉ လူနာေတြကုိ ကုသေပးေနတဲ့ က်န္းမာေရး၀န္ထမ္းေတြကုိ အထူးေထာက္ပံ့ေၾကးအေနနဲ႔ ေဒၚလာ ၁၂ သန္းနီးပါး။
ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ကုိရုိနာဗုိင္းရပ္စ္ စေရာက္ကတည္းက ၀န္ႀကီးခ်ဳပ္က ျပည္သူေတြအတြက္ package ေတြေၾကညာေပးတာ အခုဆုိရင္ ၄ ႀကိမ္ေျမာက္ရွိၿပီ။
Package အားလုံး အေမရိကန္ေဒၚလာ ၁၀.၄ ဘီလီယံရွိေနၿပီ။
အခုအခ်ိန္ထိ Lab ၁၄ ခု၊ walk-in kiosk ၄၄ ခု ဖြင့္ၿပီး swab sample ေတြကုိ စစ္ေဆးေပးေနတယ္။
— unicode —
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ package တစ်ခု ကြေညာလိုက်ပြီ။
ကိုဗစ်-၁၉ ကာကွယ်ရေး/ဆေးကုသရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စစ်သားတွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေထဲက တစ်စုံတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ရာထူးအလိုက် အမေရိကန် ဒေါ်လာ ၅၉၀၀ ကနေ ၁၁၈၀၀ ထိ ပေးမယ်။ တကယ်လို့ သေဆုံးတယ်ဆိုရင် ၅ ဆ ပေးမယ်။
ဒါတွေအတွက် အမေရိကန်ဒေါ်လာ ၈၈ သန်းကျော်။
ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးထောက်ပံ့ကြေးအနေနဲ့ ဒေါ်လာ ၁၂ သန်းနီးပါး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် စရောက်ကတည်းက ဝန်ကြီးချုပ်က ပြည်သူတွေအတွက် package တွေကြေညာပေးတာ အခုဆိုရင် ၄ ကြိမ်မြောက်ရှိပြီ။
Package အားလုံး အမေရိကန်ဒေါ်လာ ၁၀.၄ ဘီလီယံရှိနေပြီ။
အခုအချိန်ထိ Lab ၁၄ ခု၊ walk-in kiosk ၄၄ ခု ဖွင့်ပြီး swab sample တွေကို စစ်ဆေးပေးနေတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.