Breaking

April 23, 2020

ရခုိင္မွာ WHO ေမာ္ေတာ္ယာဥ္ တုိက္ခုိက္ခံရမႈအေပၚ ကန္ ျပစ္တင္ ရႈတ္ခ်

အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာန
အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာန
(Unicode)
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဧပြီလ ၂၀ ရက်နေ့က ကုလသမဂ္ဂ အမှတ်တံဆိပ် ထင်ထင်ရှားရှား ပါရှိတဲ့ မော်တော်ယာဉ် တစ်စီး ပစ်ခတ် တိုက်ခိုက်ခံရတဲ့အတွက် ပြစ်တင် ရှုတ်ချကြောင်း ဧပြီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က ကြေညာချက် တစ် စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ ဝန်ထမ်းတစ်ဦး သေဆုံး ခဲ့သလို ကျန်းမာရေး ဝန်ကြီးဌာန က ဝန်ထမ်းတစ်ဦး ဒဏ်ရာ ရရှိ ခဲ့တဲ့ အဲဒီ တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ တိုက်ခိုက်ခံရသူတွေဟာ COVID-19 ရောဂါတိုက်ဖျက်ရေးမှာ ပါဝင် လုပ်ဆောင်နေတယ်လို့ သိရှိနားလည်းထားကြောင်း၊ ဒီ ဆိုးရွားတဲ့ လုပ်ရပ်က အကာအကွယ်မဲ့ အရပ်သားတွေကို အကာအကွယ် ပေးဖို့ လိုအပ်နေတာနဲ့ ရခိုင် ပြည်နယ်အတွင်း အပစ်အခတ် ရပ်စဲဖို့ အပူတပြင်း လိုအပ်နေတာတွေ ကို ထင်ထင်ရှားရှား ပြသလိုက်တာ လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ MORGAN ORTAGUS က ပြောပါတယ်။
ဒီလုပ်ရပ်ဟာ ဗိုင်းရပ်စ် ပျံ့နှံ့နေ တာကို တားဆီးဖို့ တစ်ကမ္ဘာလုံး က ကြိုးပမ်းအားထုတ်နေတာကို အနှောက်အယှက် ပြုလိုက်တာပဲလို့လည်း ဖော်ပြထားပါတယ်။ ကြေညာချက်ထဲမှာ ဒီ ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးပေးဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းထားပြီး ကျန်းမာရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဝန်ထမ်းတွေ အလုပ်လုပ် နိုင်ရေးအတွက် ခြိမ်းခြောက်မှု အန္တရာယ် လွတ်ကင်းတဲ့ အခြေအနေ အခုလို အချိန်မှာ ပိုပြီး လိုအပ်နေပါတယ်လို့လည်း တောင်းဆိုထားတယ်။
တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်တစ်ရက် ဧပြီလ ၂၁ ရက်နေ့ မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီ ဖြစ်ရပ်အပေါ် စုံစမ်းမှုတွေလုပ်ဖို့နဲ့ နောင်မဖြစ်အောင် ကာကွယ်တားဆီးမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဧပြီလ ၂၂ ရက်နေ့မှာပဲ WHO ကား တိုက်ခိုက်ခံရတဲ့နေရာနဲ့ မဝေးတဲ့နေရာမှာပဲ CPS ပိုးသတ်ဆေး ကုမ္ပဏီက ဆေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီးပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်းသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်မှုကို ရခိုင် လက်နက် ကိုင်တပ် AA က လုပ်တာလို့ မြန်မာ စစ်တပ်က စွပ်စွဲ ထားပြီး AA က ငြင်းဆိုထားပါတယ်
ရခိုင်ပြည်နယ်အတွင်းမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက် သေဆုံး တိုင်း မှာလည်း တပ်နဲ့ AAနှစ်ဖက်စလုံးဟာ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။


(Zawgyi/Unicode)
ျမန္မာနိုင္ငံ၊ ရခိုင္ျပည္နယ္အတြင္း ဧၿပီလ ၂၀ ရက္ေန႔က ကုလသမဂၢ အမွတ္တံဆိပ္ ထင္ထင္ရွားရွား ပါရွိတဲ့ ေမာ္ေတာ္ယာဥ္ တစ္စီး ပစ္ခတ္ တိုက္ခိုက္ခံရတဲ့အတြက္ ျပစ္တင္ ရႈတ္ခ်ေၾကာင္း ဧၿပီလ ၂၂ ရက္ေန႔ ရက္စြဲနဲ႔ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး က ေၾကညာခ်က္ တစ္ ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။
ကမၻာ့က်န္းမာေရး အဖြဲ႕ (WHO) ရဲ႕ ဝန္ထမ္းတစ္ဦး ေသဆုံး ခဲ့သလို က်န္းမာေရး ဝန္ႀကီးဌာန က ဝန္ထမ္းတစ္ဦး ဒဏ္ရာ ရရွိ ခဲ့တဲ့ အဲဒီ တိုက္ခိုက္မႈ ျဖစ္ပြားခ်ိန္မွာ တိုက္ခိုက္ခံရသူေတြဟာ COVID-19 ေရာဂါတိုက္ဖ်က္ေရးမွာ ပါဝင္ လုပ္ေဆာင္ေနတယ္လို႔ သိရွိနားလည္းထားေၾကာင္း၊ ဒီ ဆိုးရြားတဲ့ လုပ္ရပ္က အကာအကြယ္မဲ့ အရပ္သားေတြကို အကာအကြယ္ ေပးဖို႔ လိုအပ္ေနတာနဲ႔ ရခိုင္ ျပည္နယ္အတြင္း အပစ္အခတ္ ရပ္စဲဖို႔ အပူတျပင္း လိုအပ္ေနတာေတြ ကို ထင္ထင္ရွားရွား ျပသလိုက္တာ လို႔လည္း အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ MORGAN ORTAGUS က ေျပာပါတယ္။
ဒီလုပ္ရပ္ဟာ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေန တာကို တားဆီးဖို႔ တစ္ကမၻာလုံး က ႀကိဳးပမ္းအားထုတ္ေနတာကို အေႏွာက္အယွက္ ျပဳလိုက္တာပဲလို႔လည္း ေဖာ္ျပထားပါတယ္။ ေၾကညာခ်က္ထဲမွာ ဒီ ျဖစ္ရပ္ကို စုံစမ္း စစ္ေဆးေပးဖို႔နဲ႔ က်ဴးလြန္သူေတြကို အျပစ္ေပး အေရးယူဖို႔ ျမန္မာ အာဏာပိုင္ေတြကို တိုက္တြန္းထားၿပီး က်န္းမာေရးနဲ႔ လူသားခ်င္း စာနာမႈဆိုင္ရာ ဝန္ထမ္းေတြ အလုပ္လုပ္ နိုင္ေရးအတြက္ ၿခိမ္းေျခာက္မႈ အႏၲရာယ္ လြတ္ကင္းတဲ့ အေျခအေန အခုလို အခ်ိန္မွာ ပိုၿပီး လိုအပ္ေနပါတယ္လို႔လည္း ေတာင္းဆိုထားတယ္။
တိုက္ခိုက္မႈ ျဖစ္ပြားၿပီး ေနာက္တစ္ရက္ ဧၿပီလ ၂၁ ရက္ေန႔ မွာ ျမန္မာ နိုင္ငံျခားေရးဝန္ႀကီးဌာနက ဒီ ျဖစ္ရပ္အေပၚ စုံစမ္းမႈေတြလုပ္ဖို႔နဲ႔ ေနာင္မျဖစ္ေအာင္ ကာကြယ္တားဆီးမယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ ပါတယ္။
ဒါေပမဲ့ ဧၿပီလ ၂၂ ရက္ေန႔မွာပဲ WHO ကား တိုက္ခိုက္ခံရတဲ့ေနရာနဲ႔ မေဝးတဲ့ေနရာမွာပဲ CPS ပိုးသတ္ေဆး ကုမၸဏီက ေဆးပစၥည္းေတြ တင္ေဆာင္လာတဲ့ ကားတစ္စီးပစ္ခတ္ခံရတာေၾကာင့္ ယာဥ္ေမာင္းေသဆုံးၿပီး တစ္ဦး ဒဏ္ရာရခဲ့ပါတယ္။ ပစ္ခတ္မႈကို ရခိုင္ လက္နက္ ကိုင္တပ္ AA က လုပ္တာလို႔ ျမန္မာ စစ္တပ္က စြပ္စြဲ ထားၿပီး AA က ျငင္းဆိုထားပါတယ္
ရခိုင္ျပည္နယ္အတြင္းမွာ ဒီကေန႔အထိ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနသလို တိုက္ပြဲအတြင္း အရပ္သားေတြ ထိခိုက္ ေသဆုံး တိုင္း မွာလည္း တပ္နဲ႔ AAႏွစ္ဖက္စလုံးဟာ တစ္ဘက္နဲ႔ တစ္ဘက္ အျပန္အလွန္ စြပ္စြဲေျပာဆိုေနၾကပါတယ္။
ရခိုင်မှာ WHO မော်တော်ယာဉ် တိုက်ခိုက်ခံရမှုအပေါ် ကန် ပြစ်တင် ရှုတ်ချ

No comments:

Post a Comment

Note: Only a member of this blog may post a comment.