
(Unicode)
မြန်မာ အာဏာပိုင်တွေအနေနဲ့ နိရဉ္စရာ သတင်း Website အယ်ဒီတာ
ခိုင်မြတ်ကျော်ကို တရားစွဲဆို ထားတာကို ရုပ်သိမ်းပေးဖို့နဲ့
ရခိုင်လက်နက်ကိုင်အဖွဲ့ AA သတင်းတွေကို ရေးသား တင်ပြနေတဲ့ သတင်းထောက်တွေကို
ခြိမ်းခြောက်နေ တာတွေကိုရပ်ဆိုင်းဖို့ သတင်းသမားများ
အကာအကွယ်ပေးရေးကော်မတီ( Committee to protect Journalists-CPJ) က မနေ့
ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။
မတ်လကုန် ၃၁ ရက်နေ့က အယ်ဒီတာခိုင်မြတ်ကျော်ကို AA အဖွဲ့ပြောခွင့်ရတဲ့
ဆက်သွယ် အင်တာဗျူး လုပ်ခဲ့ တာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့
စစ်တွေမြို့ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သလို သူ့ရဲ့ သတင်းဌာနကိုလည်း
ရဲတပ်ဖွဲ့က စီးနင်း ဝင်ရောက်ခဲ့ပြီး ဝန်ထမ်း ၃ ဦးကို စစ်ဆေးမေးမြန်းဖို့
ခေတ္တ ထိန်းသိမ်းခဲ့တာကို CJP က သတင်းရရှိကြောင်းနဲ့ အဲဒီနောက် အယ်ဒီတာ
ခိုင်မြတ်ကျော် ရှောင်ပုန်း နေခဲ့ ရကြောင်း သတင်းသမားတစ်ဦးကို ကိုးကားပြီး
CJP က ပြောပါတယ်။
အကြမ်းဖက်ဥပဒေတွေနဲ့ သူ့ပေါ်တရားစွဲဆိုထားတာကို ချက်ချင်း
ရုပ်သိမ်းသင့်ကြောင်းနဲ့ သတင်းသမားတွေကို အကြမ်းဖက်သမား အဖြစ် မသတ်မှတ်ဘဲ
မြန်မာနိုင်ငံက ပဋိပက္ခ ဖြစ်ပွားရာနေရာတွေမှာ သတင်းယူဖို့ ခွင့်ပြုရမှာ
ဖြစ်ကြောင်း CPJ ရဲ့ အရှေ့တောင်အာရှ ဒေသ ကိုယ်စားလှယ် Shawn Crispin က
ပြောပါတယ်။
မတ်လ ၃၁ ရက်နေ့တစ်နေ့တည်းမှာပဲ မြန်မာ အာဏာပိုင်တွေက အလားတူ စွဲချက်နဲ့
VOICE OF MYANMAR အယ်ဒီတာ ကိုနေလင်းကို AA ပြောခွင့်ရ ခိုင်သုခနဲ့
အင်တာဗျုးကို ထုတ်ဝေမှုအတွက် တရားစွဲဆိုခဲ့ပေမယ့် ဧပြီ ၁၀ ရက်နေ့မှာတော့
ပြန်လွှတ်ပေးခဲ့တယ်လို့ ရိုက်တာ သတင်း တရပ်မှာ ပါရှိပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.