Breaking

May 18, 2020

အဆက်အသွယ်ဖြတ်မည်ဟု ထရမ့်ပြောပြီးနောက် ညှိနှိုင်းဆွေးနွေးရန် တရုတ်တောင်းဆို


စိတ္ေကာက္ေနတဲ့ ထရမ့္ကုိ တရုတ္ ျပန္ေခ်ာ့ရေတာ့မွာလား…
သမၼတ ထရမ့္ အေနျဖင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ျဖတ္ေတာက္မည္ဟု ၿခိမ္းေျခာက္ၿပီးေနာက္ ကို႐ိုနာ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးတြင္ ပူးေပါင္းေဆာင္႐ြက္မႈ ပုိမုိအားေကာင္းလာေစရန္ ညႇိႏႈိင္း ေဆြးေႏြးရန္ တရုတ္က အေမရိကန္အား ေတာင္းဆိုလိုက္ပါတယ္။
မၾကာမီ ရက္သတၱပတ္မ်ားအတြင္း ကမာၻ႔ စီးပြားေရး အင္အားအႀကီးဆုံး ႏိုင္ငံႏွစ္ခုအၾကား ဆက္ဆံေရးသည္ တင္းမာခဲ့ၿပီး လူေပါင္း ၃၀၀,၀၀၀ ေက်ာ္ေသဆုံးခဲ့ရေသာ ဗိုင္းရပ္စ္၏ မူလဇစ္ျမစ္ကို ႏွစ္ဖက္စလုံးက အျပန္အလွန္ စြပ္စြဲျပစ္တင္ေျပာဆိုခဲ့ၾကပါတယ္။
တ႐ုတ္ – အေမရိကန္ ႏွစ္ႏိုင္ငံဆက္ဆံေရး တည္ၿငိမ္ဖြံ႕ၿဖိဳးတိုးတက္မႈကို ထိန္းသိမ္းရန္မွာ ႏွစ္ႏိုင္ငံစလုံး၏ ျပည္သူလူထု၏ အေျခခံ အက်ိဳးစီးပြား ျဖစ္ၿပီး ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကို အေထာက္အကူျပဳေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Zhao Lijian က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ပါတယ္။
လက္ရွိတြင္ တ႐ုတ္ႏွင့္ အေမရိကန္တို႔သည္ကူးစက္ေရာဂါ တိုက္ဖ်က္ေရး ပူးေပါင္းေဆာင္႐ြက္မႈကို အားျဖည့္ရန္၊ ေရာဂါကူးစက္မႈကို တတ္ႏိုင္သမွ် အျမန္ဆုံး အႏိုင္ယူရန္၊ လူနာမ်ားကို ကုသရန္၊ စီးပြားေရးႏွင့္ ထုတ္လုပ္မႈကို ျပန္လည္တည္ေဆာက္ရန္ လိုအပ္ေၾကာင္း သို႔ေသာ္ အေမရိကန္ႏွင့္ တ႐ုတ္ ညႇိႏႈိင္း အေျဖရွာရန္ လိုအပ္ေၾကာင္း ၎က ဆုိပါတယ္။
ထရမ့္က “ကြၽန္ေတာ္တို႔ လုပ္ႏိုင္တာေတြ အမ်ားႀကီးရွိပါတယ္။ ကြၽန္ေတာ္တို႔ ဆက္ဆံေရးတစ္ခုလုံးကို ျဖတ္ေတာက္ပစ္ႏိုင္ပါၿပီ” လုိ႔ ၾကာသပေတးေန႔က အင္တာဗ်ဴးတစ္ခုတြင္ ထရမ့္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ႏွင့္ တ႐ုတ္ကုန္သြယ္ေရး ေစ့စပ္ညႇိႏႈိင္းသူမ်ားအၾကား ဇန္နဝါရီလအတြင္း ပထမအဆင့္ကုန္သြယ္ေရး သေဘာတူညီခ်က္အေပၚ ထားရွိသည့္ ကတိကဝတ္မ်ားကို ႏွစ္ဖက္စလုံးမွ အေလးထား ေျပာၾကားခဲ့ပါတယ္။
ႏွစ္ဖက္ကုန္သြယ္မႈ ေဒၚလာ ဘီလီယံႏွင့္ခ်ီေသာ အခြန္အခမ်ား ေကာက္ခံမႈကို ျဖစ္ေစခဲ့ေသာ ကုန္သြယ္ေရးစစ္ပြဲ မတိုင္မီက တ႐ုတ္သည္ ေဒၚလာ ၂၀၀ ဘီလီယံ တန္ဖုိးရွိ အေမရိကန္ကုန္ပစၥည္းမ်ားကုိ ဝယ္ယူရန္ ၂၀၁၇ ခုႏွစ္တြင္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။
( Unicode )
စိတ်ကောက်နေတဲ့ ထရမ့်ကို တရုတ် ပြန်ချော့ရတော့မှာလား…
သမ္မတ ထရမ့် အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ပြီးနောက် ကိုရိုနာ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ညှိနှိုင်း ဆွေးနွေးရန် တရုတ်က အမေရိကန်အား တောင်းဆိုလိုက်ပါတယ်။
မကြာမီ ရက်သတ္တပတ်များအတွင်း ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခုအကြား ဆက်ဆံရေးသည် တင်းမာခဲ့ပြီး လူပေါင်း ၃၀၀,၀၀၀ ကျော်သေဆုံးခဲ့ရသော ဗိုင်းရပ်စ်၏ မူလဇစ်မြစ်ကို နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲပြစ်တင်ပြောဆိုခဲ့ကြပါတယ်။
တရုတ် – အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန်မှာ နှစ်နိုင်ငံစလုံး၏ ပြည်သူလူထု၏ အခြေခံ အကျိုးစီးပွား ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အထောက်အကူပြုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။
လက်ရှိတွင် တရုတ်နှင့် အမေရိကန်တို့သည်ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်၊ ရောဂါကူးစက်မှုကို တတ်နိုင်သမျှ အမြန်ဆုံး အနိုင်ယူရန်၊ လူနာများကို ကုသရန်၊ စီးပွားရေးနှင့် ထုတ်လုပ်မှုကို ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း သို့သော် အမေရိကန်နှင့် တရုတ် ညှိနှိုင်း အဖြေရှာရန် လိုအပ်ကြောင်း ၎င်းက ဆိုပါတယ်။
ထရမ့်က “ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးတစ်ခုလုံးကို ဖြတ်တောက်ပစ်နိုင်ပါပြီ” လို့ ကြာသပတေးနေ့က အင်တာဗျူးတစ်ခုတွင် ထရမ့်က ပြောကြားခဲ့ပါတယ်။
အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူများအကြား ဇန်နဝါရီလအတွင်း ပထမအဆင့်ကုန်သွယ်ရေး သဘောတူညီချက်အပေါ် ထားရှိသည့် ကတိကဝတ်များကို နှစ်ဖက်စလုံးမှ အလေးထား ပြောကြားခဲ့ပါတယ်။
နှစ်ဖက်ကုန်သွယ်မှု ဒေါ်လာ ဘီလီယံနှင့်ချီသော အခွန်အခများ ကောက်ခံမှုကို ဖြစ်စေခဲ့သော ကုန်သွယ်ရေးစစ်ပွဲ မတိုင်မီက တရုတ်သည် ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများကို ဝယ်ယူရန် ၂၀၁၇ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.