Breaking

May 5, 2020

မြန်မာနိုင်ငံနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ဂျာမနီနိုင်ငံက ဆိုင်းငံ့

မန္တလေး မေ ၅
ဂျာမနီဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဂတ်မူလာ ကရိုဟင်ဂျာဒုက္ခသည်များကို လုံခြုံစွာနေရပ်ပြန်ပို့နိုင်သည့် အချိန်အထိ မြန်မာနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုအားလုံးကိုဆိုင်းငံ့ထားမည်ဟုပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကပြောကြားရာတွင် မြန်မာအနေဖြင့် ဒုက္ခသည်တစ်သန်းသည် မိမိတို့နေရင်းပြည်သို့လုံခြုံစွာပြန်လာနိုင်ကြောင်းနှင့် နယ်စပ်တွင်
နေထိုင်ဆဲရိုဟင်ဂျာများကို အကာအကွယ်ပေးရန်၊ အာမခံရန်တာဝန်ရှိသည်ဟု ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။
“ တိုင်းတာလို့မရတဲ့ဆင်းရဲဒုက္ခတွေခံစားခဲ့ရတဲ့ဒီနေ့ရိုဟင်ဂျာအမျိုးသမီးတွေကို ကျွန်တော်စကားပြောခဲ့တယ်။ ဒီမှာကူတူတာလန်မှာရိုဟင်ဂျာရှစ်သိန်းဟာ ကမ္ဘာပေါ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းများထဲမှ အခြေခံအကျဆုံး အခြေအနေတွေအောက်မှာ ကောက်ရိုးတဲတွေမှာနေထိုင်နေကြတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းသို့သွားရောက်သည့် ဒုတိယနေ့တွင် ၎င်းကပြောကြားသည်။
ဂျာမနီသည် ဘင်္ဂလားဒေ့ရ်ှရှိဒုက္ခသည်စခန်းများတွင်နေထိုင်သော ရိုဟင်ဂျာဒုက္ခသည်များနှင့် ၎င်းတို့နေထိုင်သည့်ရပ်ရွာလူထုများအား ပညာရေးနှင့်မိလ္လာစနစ်များအတွက် နောက်ထပ် ရန်ပုံငွေ ယူရို ၁၅ သန်းထောက်ပံ့မည်ဖြစ်သည်။
ဆက်လက်ပြီး ဝန်ကြီးဂတ်မူလာကပြောကြားရာတွင် ဥရောပသည်ဗီဇာကန့်သတ်ခြင်း သို့မဟုတ် ကုန်သွယ်ရေးဆိုင်ရာပိတ်ဆို့မှုများကဲ့သို့သော နောက်ထပ်အရေး ယူဒဏ်ခတ်မှု များကို အလေးအနက်ထားသင့်ကြောင်းကိုပါ ပြောကြားခဲ့သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.