[Unicode Version]
ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ
ဒီရက်ပိုင်းအတွင်း ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးနေကြရတဲ့ အခြေအနေကို
ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောချင်ပေးပါမယ်။
ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအတွင်းမှာ မနေ့က
ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီကနေ့ မနက်ပိုင်းက တပ်မတော်သားတွေ ကျေးရွာအတွင်း
ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်လို့ အပေါက်ဝ
ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာသားတွေကတော့ မနေ့ကကတည်းက ထွက်ပြေးနေကြတာ တစစ ထွက်ပြေးနေကြတာ။
သူတို့က စိုးရိမ်ကြောင်းကြပြီးတော့ တပ်မတော် navy ကလည်း နေ့ဘက်လည်း ပစ်တယ်။
ညဘက်လည်း ပစ်နေတာဆိုတော့ ရွာသားတွေက စိုးရိမ်ပြီးတော့ ထွက်ပြေးသွားကြတာ။
ရွာအခြအနေကလည်း ဈေးတွေလည်း ပိတ်ထားရတယ်။ လူသွားလူလာလည်း မရှိဘူး
လက်လုပ်လက်စားတွေ ဒုက္ခရောက်နေကြတယ်။ လက်ရှိ တပ်မတော်သားတွေက ရွာရဲ့
ရဲစခန်းမှာ အခြေချပြီးတော့ နေတယ်။ ရွာသားတွေရဲ့ နေအိမ်တွေမှာ
ထင်းချက်စားပြီးတော့ နေနေကြတယ်။"
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အပေါက်ဝကျေးရွာကို စစ်တပ်ကအဝင်
ခြောက်လှန့်ပစ်ခတ်တာကြောင့် ဒေသခံတစ်ဦး အသေးစား ဒဏ်ရာရရှိပြီး
လူငယ်နှစ်ဦးကိုတော့ တပ်မတော်ဘက်က ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုတဲ့
အပေါက်ဝဒေသခံ တစ်ဦးက ပြောပါတယ်။
"နှစ်ယာက် အပေါက်ဝသားတစ်ယောက်၊ သဲချောင်းဝသားတစ်ယောက်
တပ်မတော်စစ်ကြောင်းနဲ့ ထိပ်တိုက် တွေ့ပြီး သူတို့ကို ခေါ်သွားတာ။
လူငယ်ပိုင်းပါခင်ဗျာ။ အသက် ၃၀ ကျော်လောက် ရှိမယ်ထင်တယ်။"
No comments:
Post a Comment
Note: Only a member of this blog may post a comment.