Breaking

September 17, 2020

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကန်ဆောင်ရွက်မည်

 


မီးရိႈ႕ခံရသည္ ရိုဟင္ဂ်ာ ေက်းရြာမ်ား

လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ရက္စက္ ၾကမ္းၾကဳတ္မႈေတြကို ကာကြယ္ေရးဆိုင္ရာ အစီရင္ခံစာ တစ္ေစာင္ကို အေမရိကန္အစိုးရက ၾကာသပေတးေန႔က ထုတ္ျပန္ခဲ့ပါတယ္။ အခုလို ထုတ္ျပန္တာဟာ အေမရိကန္အေနနဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ကာကြယ္၊ ေလွ်ာ့ခ် ၊ တံု႔ျပန္သြားဖို႔ သႏၷိ႒ာန္ခ်ထားမႈကို ေဖာ္ျပလိုက္တာ ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ အမ်ိဳးသား လုံျခံဳေရး မဟာဗ်ဴဟာအရ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို က်ဴးလြန္သူေတြကို အေရးယူႏုိင္ဖို႔ လုပ္ေဆာင္မယ္လို႔လည္း ေဖာ္ျပထားပါတယ္။

အဲဒီ အစီရင္ခံစာမွာ အေမရိကန္ အစိုးရအေနနဲ႔ ရက္စက္ၾကမ္းၾကဳတ္မႈေတြ ကာကြယ္ေရး စြမ္းေဆာင္ရည္ ျမွင့္တင္ေရး၊ အဲဒီလို ကာကြယ္ရာမွာ အတူတကြ ပါ၀င္ ေဆာင္ရြက္ေရးအတြက္ အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းေတြ၊ ေဒသဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔လည္း ဆက္လက္ ပူးေပါင္းေဆာင္ရြက္သြား မယ္လို႔ ပါရွိပါတယ္။

မၾကာေသးခင္က ျမန္မာႏုိ္င္ငံမွာ ျဖစ္ပြားခဲ့တဲ့ ရက္စက္ ၾကမ္းၾကဳတ္မႈေတြအတြက္ သတင္း အခ်က္အလက္ စုေဆာင္းခဲ့တဲ့ ကုလသမဂၢလို အဖြဲ႕အစည္းနဲ႔ ႏုိ္င္ငံတကာ အသိုင္းအ၀ိုင္းနဲ႔ အေမရိကန္ အစိုးရအေနနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔လည္း ဆိုပါတယ္။

ဥပမာအားျဖင့္ ၂၀၁၁ ခုႏွစ္မွာ လူ႕အခြင့္အေရးနဲ႔ ရက္စက္ ၾကမ္းၾကဳတ္မႈ ျမန္မာ လုံျခံဳေရးတပ္ဖြဲ႕ေတြ နဲ႔ က်ဴးလြန္ခဲ့တဲ့တာနဲ႔ပတ္သက္ျပီး ရရွိခဲ့တဲ့ သတင္းအခ်က္အလက္ေတြနဲ႕ ၿဂဳိလ္တုက ရရွိခဲ့တဲ့ ဓါတ္ပုံမွတ္တမ္းေတြကို လြတ္လပ္တဲ့ ႏုိင္ငံတကာ အခ်က္အလက္ ရွာေဖြေရး အဖြဲ႕က ေပးအပ္ခဲ့တာမ်ိဳးလို႔ ဆိုပါတယ္။

အဲဒီ အစီရင္ခံစာ ထုတ္ျပန္ေၾကာင္း ေၾကညာသူ ေျပာခြင့္ရ အမ်ိဳးတစ္ဦးကလည္း ျမန္မာႏုိ္င္ငံအတြင္းက ရက္စက္က်ဴးလြန္ရာမွာေတြမွာ ပါ၀င္သူေတြနဲ႔ သူတို႔ရဲ႕ မိသားစု၀င္ေတြကို အေမရိကန္ ျပည္ေထာင္စု ျပည္၀င္ခြင့္ ဗီဇာ ပိတ္ပင္ ခ်မွတ္ အေရးယူထားျပီး ျဖစ္တယ္လို႔ ဗီြအိုေအကို ေျဖၾကားရာမွာ ေျပာသြားခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံဟာ သူနဲ႔ သေဘာထားခ်င္းတိုက္ဆိုင္တဲ့ ႏုိ္င္ငံေတြနဲ႔လည္း အျမင္ခ်င္း ဖလွယ္မႈေတြ ပုံမွန္ ျပဳလုပ္ေလ့ရွိျပီး အေရးယူ တံု႔ျပန္ ေဆာင္ရြက္မႈေတြကို ပူးေပါင္း ေဆာင္ရြက္ဖို႔လည္း ေဆြးေႏြးခဲ့ရာမွာ ကင္မရြန္းနဲ႔ ျမန္မာႏုိ္င္ငံတို႔ရဲ႕ အေျခအေနေတြကိုလည္း အဆင့္ျမင့္ အရာရွိေတြ အၾကား ေဆြးေႏြးခဲ့တယ္လို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ကာကြယ္ ေလ်ွာ့ခ် တံု႔ျပန္ဖို႔အတြက္ အိမ္ျဖဴေတာ္အေနနဲ႔ ရက္စက္ၾကမ္းၾကဳတ္မႈ ၾကိဳတင္ အသိေပးေရး လုပ္ငန္းအဖြဲ႕ကိုလည္း ဦးေဆာင္သြားမယ္လို႔ အစီရင္ခံစာမွာ ပါရွိပါတယ္။

...........

Unicode Version

....................

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ကာကွယ်ရေးဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို အမေရိကန်အစိုးရက ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ထုတ်ပြန်တာဟာ အမေရိကန်အနေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်၊ လျှော့ချ ၊ တုံ့ပြန်သွားဖို့ သန္နိဋ္ဌာန်ချထားမှုကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် အမျိုးသား လုံခြုံရေး မဟာဗျူဟာအရ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီ အစီရင်ခံစာမှာ အမေရိကန် အစိုးရအနေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကာကွယ်ရေး စွမ်းဆောင်ရည် မြှင့်တင်ရေး၊ အဲဒီလို ကာကွယ်ရာမှာ အတူတကွ ပါဝင် ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွား မယ်လို့ ပါရှိပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအတွက် သတင်း အချက်အလက် စုဆောင်းခဲ့တဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အမေရိကန် အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဥပမာအားဖြင့် ၂၀၁၁ ခုနှစ်မှာ လူ့အခွင့်အရေးနဲ့ ရက်စက် ကြမ်းကြုတ်မှု မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေ နဲ့ ကျူးလွန်ခဲ့တဲ့တာနဲ့ပတ်သက်ပြီး ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေနဲ့ ဂြိုလ်တုက ရရှိခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေကို လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့က ပေးအပ်ခဲ့တာမျိုးလို့ ဆိုပါတယ်။

အဲဒီ အစီရင်ခံစာ ထုတ်ပြန်ကြောင်း ကြေညာသူ ပြောခွင့်ရ အမျိုးတစ်ဦးကလည်း မြန်မာနိုင်ငံအတွင်းက ရက်စက်ကျူးလွန်ရာမှာတွေမှာ ပါဝင်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန် ပြည်ထောင်စု ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် ချမှတ် အရေးယူထားပြီး ဖြစ်တယ်လို့ ဗွီအိုအေကို ဖြေကြားရာမှာ ပြောသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ သူနဲ့ သဘောထားချင်းတိုက်ဆိုင်တဲ့ နိုင်ငံတွေနဲ့လည်း အမြင်ချင်း ဖလှယ်မှုတွေ ပုံမှန် ပြုလုပ်လေ့ရှိပြီး အရေးယူ တုံ့ပြန် ဆောင်ရွက်မှုတွေကို ပူးပေါင်း ဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့ရာမှာ ကင်မရွန်းနဲ့ မြန်မာနိုင်ငံတို့ရဲ့ အခြေအနေတွေကိုလည်း အဆင့်မြင့် အရာရှိတွေ အကြား ဆွေးနွေးခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ် လျှော့ချ တုံ့ပြန်ဖို့အတွက် အိမ်ဖြူတော်အနေနဲ့ ရက်စက်ကြမ်းကြုတ်မှု ကြိုတင် အသိပေးရေး လုပ်ငန်းအဖွဲ့ကိုလည်း ဦးဆောင်သွားမယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.