ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျည်ဆံတစ်ခွံကျရုံမျှဖြင့် မြန်မာကိုစစ်ကြေငြာပြီးသားဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက ပြောကြားလိုက်ကြောင်း ယနေ့ထုတ် Daily Dhaka News သတင်းစာတွင်ဖော်ပြထားသည်။
နေရပ်စွန့်ခွာ မူဆလင်များအပေါ်တာဝန်ခံမှု တာဝန်ယူမှုမရှိသော မြန်မာစစ်တပ်နှင့်မြန်မာအစိုးရသည် ICJ တွင်အမှုရင်ဆိုင်နေရချိန် မြန်မာတပ်မတော်သားနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်အကူအညီဖြင့် သည်ဟိတ် မြို့သို့ရောက်ရှိသွားသည်ဟု မြန်မာအစိုးရ၏ပြောကြားချက်ကိုယတိပြတ်ပြတ်ငြင်းဆိုလိုက်ပြီး မြန်မာအစိုးရ၏နယ်စပ်တလျှောက်မူမမှန်သည့်စစ်ရေးလှုပ်ရှားမှုများသည် နှစ်နိုင်ငံချစ်ကြည်ရေးကိုပျက်ပြားစေနိုင်သလို ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျည်ဆံတစ်ခွံကျရုံမျှဖြင့် နေပြည်တော်ထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်းဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကကြိမ်းဝါးလိုက်သည်။
ရခိုင်စစ်တပ်အေအေကိုအကြောင်းပြု၍ဤထက်ပိုသော စစ်အင်အားများကိုတိုးချဲ့လာပါမည်ဆိုက ဘင်္ဂလားဒေ့ရှ်အနေဖြင့် ချက်ချင်းလက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟာစီနာ ကထည့်သွင်းပြောကြားခဲ့သည်။ပြီးခဲ့သည့်ရက်အတွင်းကလည်း နတ်မြစ်ကမ်းတလျှောက်မြန်မာစစ်တပ်၏ မရိုးသားသည့်လှုပ်ရှားမှုကြောင့် မြန်မာသံအမတ်ကိုခေါ်ယူသတိပေးခဲ့ပြီဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ပိုင်အုန်းကျွန်းအနီးတွင်အမေရိကန်အခြေစိုက် ကင်းစခန်းတစ်ခုရှိနေပြီး ပြီးခဲ့သည့်လက မြေခွေးစစ်ဆင်ရေးအမည်ရှိ ပူးတွဲလေ့ကျင့်ရေးတစ်ခုကို ပြုလုပ်ခဲ့ပြီး ရဟတ်ယာဉ်များ စစ်သင်္ဘောများ ကွန်မဒိုတပ်များကိုအသုံးပြုခဲ့ကြောင်းလည်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။
ယခုအခါ ဘင်္ဂလားဒေ့ရှ်အစိုးရသည် အင်အား ၅၀၀၀ ခန့်ရှိသော စစ်အင်အားကို ဘင်္ဂလားနယ်စပ်တလျှောက်ဖြန့်ကျက်တိုးချဲ့ချထားလိုက်ပြီး အသင့်တပ်လှန့်ထားကြောင်း ဒေသသတင်းများအရသိရပါသည်။
မြန်မာအစိုးရဘက်မှ ဘင်္ဂလားဒေ့ရှ်၏ ယခုလိုတင်းမာလာမှုအပေါ် စိတ်သဘောထားကြီးရန်တောင်းဆိုလိုက်ပြီးနှစ်နိုင်ငံ ချစ်ကြည်ရေးကိုအပျက်ခံမည်မဟုတ်ကြောင်းသက်ဆိုင်ရာသံတမန်အရာရှိများမှတဆင့် ပန်ကြားလိုက်သည်။
မြန်မာသည် တရုတ်ကိုလည်းဒူးတူအောင်ကြောက်ရ၊ ထိုင်းကိုလည်း မယှဉ်ဝံ့၊ အန္ဒိယကိုလည်း မော်မကြည့်ဝံ့၊ ဘင်္ဂလားကိုလည်းခယ နေရကြောင်း ပြည်တွင်း စစ်ရေးလေ့လာသူတချို့ကသုံးသပ်နေကြသည်။
ပြည်တွင်းစစ်ကိုသာအရှိန်မြှင့်နေပြီး လူမျိုးတုန်းသတ်ဖြတ်မှုများကြောင့် နိုင်ငံတကာအလယ်တွင် လူတောမတိုးဝံ့ရသည့်အနေအထားတွင် ဘေးပတ်ဝန်းကျင်နိုင်ငံများကလည်း မြန်မာအပေါ်အထင်သေးနှိမ်ချဆက်ဆံလျှက်ရှိနေကြောင်း အေပီသတင်းတရပ်တွင်ယခုအပတ်ကဖော်ပြခဲ့သည်။
Crdt: Daily Dhaka News သတင်းဆောင်းပါးအားဆီလျှော်အောင်ဘာသာပြန်ဆိုသည်။
မောင်မိုးမြင့်
No comments:
Post a Comment
Note: Only a member of this blog may post a comment.