Breaking

October 14, 2020

ထိုင်ဝမ်ကို လက်နက်ထပ်ရောင်းပါက အမေရိကန်ကို လိုအပ်သလို တုံ့ပြန်မည်ဟု တရုတ်သတိပေး


 By 


 

        အိမ်ဖြူတော်က ထိုင်ဝမ်ဆီကို အဆင့်မြင့်လက်နက်ရောင်းချမှု ၃ ရပ်အတွက် ဆက်တိုး လုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောအပြီးမှာ တရုတ်က ခုလို တုံ့ပြန်လိုက်တာပါ။

    အမေရိကန်ဟာ ထိုင်ဝမ်ဆီ လက်နက်ရောင်းချမှု အားလုံးကို ရပ်တန့်သင့်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လီကျန်းက ပေကျင်းမြို့တော်က နေ့စဉ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

    တရုတ်က လက်စားချေမယ်လို့ ပြောနေပေမယ့် အိမ်ဖြူတော်ဟာ ထိုင်ဝမ်ဆီ အဆင့်မြင့် လက်နက်ရောင်းချမှု ၃ ရပ်ကို ရှေ့တိုးလုပ်ဆောင်မယ် ဒီအရေးကို ခုတလောမှာတင် အောက်လွှတ်တော်မှာ တင်ပြပြီး အတည်ပြုချက် ရယူမယ်လို့ သတင်းရင်းမြစ် ၅ ခုက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။

    အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၃ ရက်မတိုင်ခင် ခုအကွက်ရွှေ့မှုဟာ တရုတ်ကို ဒေါသထွက်စေတာပါ။

    တရုတ်ဟာ ထိုင်ဝမ်ကို သင်းကွဲပြည်နယ်အဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် စစ်ရေးအရ အင်အားသုံးပြီး တရုတ်ပြည်မကြီးလက်အောက်ကို ပြန်သွင်းမယ်လို့လည်း ကတိပြုထားပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.