Breaking

October 16, 2020

ရခိုင်နဲ့ ရှမ်း (၁၅) မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲဖျက်သိမ်း


 ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ်‌ ခြောက်ခုက နေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကတော့... ရခိုင်ပြည်နယ်မှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး စတဲ့ မြို့နယ် ၉ မြို့နယ်လုံးနဲ့ ကျောက်ဖြူမြို့နယ်က ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်က ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ်က ကျေးရွာအုပ်စု ၄ ခု၊ တောင်ကုတ်မြို့နယ်က ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၅၂ ခု ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာမိုင်းလား၊ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နဲ့ မိုင်းကိုင် စတဲ့မြို့နယ်၆ မြို့နယ်လုံးနဲ့ ကျောက်မဲမြို့နယ်က ကျေးရွာအုပ်စု ၁၂ ခု၊ နောင်ချိုမြို့နယ်က ကျေးရွာအုပ်စု ၁ ခု၊ မန်တုံမြို့နယ်က ကျေးရွာအုပ်စု ၂ ခု၊ မိုင်းခတ်မြို့နယ်က ကျေးရွာအုပ်စု ၄ ခု၊ မိုင်းယန်းမြို့နယ်က ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စု ၁၃ ခု၊ မိုင်းဖြတ်မြို့နယ်က ကျေးရွာအုပ်စု ၁ ခု၊ မိုင်းယောင်းမြို့နယ်က ကျေးရွာအုပ်စု ၈ ခု၊ ကွတ်ခိုင်မြို့နယ်က ကျေးရွာအုပ်စု ၄ ခု၊ မူဆယ်မြို့နယ်က ရပ်ကွက် ၁ ခုနဲ့ ကျေးရွာအုပ်စု ၉ ခု၊ မက်မန်းမြို့နယ်က ကျေးရွာအုပ်စု ၁၇ ခု၊ မိုင်းတုံမြို့နယ်က ကျေးရွာအုပ်စု ၃ ခု၊ တန့်ယန်းမြို့နယ်က ကျေးရွာအုပ်စု ၁၁ ခု၊ လားရှိုးမြို့နယ်က ကျေးရွာအုပ်စု ၆ ခု၊ ကွမ်းလုံမြို့နယ်က ကျေးရွာအုပ်စု ၁ ခု၊ ကုန်းကြမ်းမြို့နယ်က ကျေးရွာအုပ်စု ၁ ခု၊ ဟိုပန်မြို့နယ်က ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၁၂ ခု ဖြစ်ပါတယ်။
ဒါ့ပြင် ကချင်ပြည်နယ် မြို့နယ် ၁၁ မြို့နယ်က ကျေးရွာအုပ်စု ၁၉၂ ခု၊ ကရင်ပြည်နယ် မြို့နယ် ၆ မြို့နယ်က ကျေးရွာအုပ်စု ၅၂ ခု၊ ပဲခူးတိုင်း မြို့နယ်၂ မြို့နယ်က ကျေးရွာအုပ်စု ၄၂ ခုနဲ့
မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ကျေးရွာအုပ်စု ၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။


 

No comments:

Post a Comment

Note: Only a member of this blog may post a comment.