Breaking

October 10, 2020

ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့ အကြောင်းမရှိ (UEC)



ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ရံုး

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အေထြေထြေရြးေကာက္ပြဲက်င္းပဖို႔ တလ ဘဲလိုပါေတာ့တယ္။ COVID-19 ကပ္ေရာဂါ ကာလမွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲကို စိတ္ခ်လံုၿခံဳစြာ အထေျမာက္ေအာင္ က်င္းပႏိုင္ပါ့မလား ဆိုတာနဲ႔ ပတ္သက္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးလွသိန္းကို VOA က သီးသန္႔ ဆက္သြယ္ေမးျမန္းထားပါတယ္။ဆက္သြယ္ေမးျမန္းခ်က္ထဲက အေရးႀကီးတဲ့ အခ်က္တခ်ိဳ႕ကို ေဒၚခင္စိုးဝင္းက ေကာက္ႏႈတ္တင္ဆက္ေပးပါ့မယ္။

ေဒၚခင္စိုးဝင္း။ ။ တကယ္လို႔ ဒီကပ္ေရာဂါက ဆက္ၿပီးေတာ့ ဆိုးေနမယ္ဆိုရင္ေရာ ေရြးေကာက္ပြဲ ေရြ႕ဆိုင္းဖို႔ အလားအလာေရာ ရွိပါသလားရွင့္။

ဦးလွသိန္း။ ။ COVID ကာလမွာ က်င္းပသြားတဲ့ ေတာင္ကိုရီးယားတို႔ စကၤာပူတို႔ ၊ သီရိလကၤာတို႔ ရွိၿပီးသားေတြ သူတို႔လည္း ကိုဗစ္ကာလမွာ လုပ္သြားတာပဲ။ အခုက်ေနာ္တို႔နဲ႔ အတူ အေမရိကန္မွာေတာင္လုပ္မွာပဲ ႏို၀င္ဘာ ၃ ရက္ေန႔ ။ ဒီေလာက္လူအေသအေပ်ာက္ရွိေနတာ သူတို႔ေရႊ႕လား အေမရိကန္မွာ ။ အေမရိကန္သမၼတ ေရြးေကာက္ပြဲ လုပ္မွာပဲ မဟုတ္လား ႏို၀င္ဘာ ၃ ရက္ေန႔မွာ။ အဲဒီေတာ့ ဒီေလာက္ဆိုး၀ါးတဲ့ ႏိုင္ငံေတာင္လုပ္ေနတာ က်ေနာ္တို႔က သူ႔ေလာက္ အျဖစ္နည္းတဲ့ေနရာက မလုပ္ဘူးဆိုရင္ ဘာအေၾကာင္းျပမလဲေနာ္။ အဲဒါေၾကာင့္ က်ေနာ္တို႔က က်န္းမာေရးရႈ႕ေထာင့္ကို မၾကည့္ပဲနဲ႔ လုပ္တာေတာ့မဟုတ္ဘူး။ က်န္းမာေရးရႈ႕ေထာင့္ကေန ၾကည့္ၿပီးလုပ္မယ္ ဒါေၾကာင့္မို႔ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးကို ဗဟိုအဆင့္ အမ်ိဳးသားေကာ္မတီရဲ႕ လမ္းစဥ္ကိုယူထားတယ္။ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ထုတ္တဲ့ လမ္းစဥ္ကိုလည္း ယူထားတယ္။ ေနာက္ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရး အဖြဲ႔ေတြရဲ႕ ကန္႔သတ္ခ်က္ေတြကိုလည္း က်ေနာ္တို႔ လုိက္နာၿပီးေတာ့ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ေအာင္ ျပည္သူသာအဓိက လိုပါတယ္။ ျပည္သူေတြ ပူးေပါင္းပါ၀င္ဖို႔ လိုပါတယ္။

ေဒၚခင္စိုးဝင္း။ ။ ဟုတ္ကဲ့ပါ ေရြးေကာက္ပြဲမက်င္းပႏိုင္တဲ့ စစ္ေရးပဋိပကၡေတြ ျဖစ္ေနတဲ့ေနရာေတြရွိပါတယ္။ ဥပမာ- ရခိုင္ျပည္နယ္မွာဆိုရင္လည္း တခ်ိဳ႕ေတာ္ေတာ္ေလးကို ေျမာက္ပိုင္းဘက္မွာ မလုပ္ႏိုင္ဘူးေပါ့ေနာ္။ ဥကၠ႒ႀကီးကိုယ္တိုင္ သြားၿပီးေတာ့ ညိွႏိႈင္းတာရွိခဲ့တဲ့ ၀ ေဒသမွာေရာ ဒီလုိမ်ိဳးေပါ့ ရွမ္းေျမာက္ပိုင္းေပါ့ေနာ္ အဲလိုမ်ိဳး ေဒသေတြမွာေရာ ဒီေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ က်င္းပႏိုင္ေျခ ရွိပါသလားရွင့္။

ဦးလွသိန္း။ ။ က်ေနာ္တို႔ ၀ ေဒသကုိ က်ေနာ္တုိ႔သြားၿပီးေတာ့ ေရြးေကာက္ပြဲ က်င္းပဖို႔ အေျခအေနရွိမရွိ သြားေရာက္ေလ့လာတာ။ အဲဒီ သြားေရာက္ေလ့လာတာလည္း တကယ္ေတာ့ ေရြးေကာက္ပြဲ က်င္းပဖို႔ အေျခအေနရွိပါတယ္။ ဒါေရြးေကာက္ပြဲလုပ္မယ္ဆိုရင္ ၾကည္ၾကည္ျဖဴျဖဴပူးေပါင္း ေဆာင္ရြက္မယ္ဆိုရင္ အေျခအေနရွိပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ အားနည္းခ်က္တခု သြားေတြ႔တာက ၀ ေဒသ ၅ ၿမိဳ႕နယ္မွာရွိတဲ့ လူဦးေရ ၅ သိန္းေလာက္မွာ ႏိုင္ငံသား စိစစ္ေရးကပ္ျပားက ၂ ေသာင္းေလာက္ပဲ ရွိတယ္။ က်ေနာ္တို႔က ႏိုင္ငံသား စိစစ္ေရးကပ္ျပားကို အေျခခံၿပီး မဲစာရင္းေကာက္တာ ။ သူတို႔က လူ ၅ သိန္းေလာက္ေတာ့ရွိတယ္။ ႏိုင္ငံသား စိစစ္ေရးကပ္ျပားက ၂ ေသာင္းေလာက္ပဲရွိတယ္။ က်န္တာက သူတို႔ ထုတ္ေပးထားတဲ့ ၀ ႏိုင္ငံသားကပ္ေတာ့ ရွိတယ္ ဒါက က်ေနာ္တို႔ အစိုးရက ထုတ္တဲ့ ကဒ္မဟုတ္တဲ့အတြက္ က်ေနာ္တို႔ လုပ္လို႔မရဘူး။ ဒါေပမယ့္ က်ေန္ာတို႔က ဒီဟာေတြ အကုန္လံုး ၅ သိန္းလံုးကို ႏိုင္ငံသား စိစစ္ေရးကပ္ျပားရဖို႔ကေတာ့ အခ်ိန္မမွီေတာ့ဘူး။ အခ်ိန္မွီေအာင္ ေဆာင္ရြက္ေပးႏိုင္တဲ့အခါက်ရင္ က်ေနာ္တို႔ ေရြးေကာက္ပြဲလုပ္ဖို႔ အစီအစဥ္ရွိပါတယ္။ အခုေတာ့ ၀ေဒသကေတာ့ဆႏၵခံခဲ့ရတဲ့့ အေျခအေနကုိ မေရာက္ေသးဘူး။ ခုနကေျပာတဲ့ ရခိုင္တို႔၊ တခ်ိဳ႕ လက္နက္ကိုင္ ပဋိပကၡျဖစ္တဲ့ေနရာမွာေတာ့ က်ေနာ္တို႔ အခုအခ်ိန္မွာ ကာကြယ္ေရး၀န္ႀကီးဌာနရယ္ ၊ ျပည္ထဲေရး ၀န္ႀကီးဌာနရယ္ ၊ တည္ၿငိမ္ေအးခ်မ္းစာ က်င္းပႏိုင္တဲ့ အေျခအေန ရွိမရွိ သေဘာထားေတြ က်ေနာ္တို႔ ေတာင္းခံထားပါတယ္။ ေတာင္းခံထားတဲ့ သူတို႔ဆီက သေဘာထားေတြ ရလာၿပီဆိုရင္ အဲဒီသေဘာထားကို အေျခခံၿပီးေတာ့ ေရြးေကာက္ပြဲ က်င္းပႏိုင္တဲ့ ၿမိဳ႕နယ္ေတြကို ေၾကညာေပးမွာပါ။ အဲဒီအေျခအေနက က်ေနာ္တို႔ Concern ၿပီးေတာ့ ၾကည့္ေနတဲ့ အေျခအေနျဖစ္ပါတယ္။ မၾကာခင္ေတာ့ က်ေနာ္တို႔ ေၾကညာႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။

ေဒၚခင္စိုးဝင္း။ ။ ဟုတ္ကဲ့ပါ ဒီေရြးေကာက္ပြဲ ေလ့လာေနတဲ့ အဖြဲ႔ေတြကေနၿပီးေတာ့ သံုးသပ္ခ်က္ေပါ့ေနာ္ သူတို႔ စစ္တမ္းေတြ ေကာက္ယူတဲ့အခါမွာ ဒီကပ္ေရာဂါ ကာလႀကီးမွာ ေရြးေကာက္ပြဲ လာၿပီး မဲေပးႏိုင္ဖို႔ ခန္႔မွန္းေျခက ၄၅ ရာခိုင္ႏႈန္းေလာက္ပဲ ရွိတယ္ဆိုေတာ့ ေရြးေကာက္ပြဲ တခု ျဖစ္ေျမာက္ဖို႔အတြက္က ဘယ္ႏွစ္ရာခိုင္ႏႈန္းေလာက္ မဲလာေပးမွ ေရြးေကာက္ပြဲ အထေျမာက္တယ္လို႔ ေခၚႏိုင္ပါသလဲရွင့္။

ဦးလွသိန္း။ ။ က်ေနာ္တို႔ မဲေပးတဲ့ရာခိုင္ႏႈန္းက ေရြးေကာက္ပြဲ ဥပေဒမွာကိုက ဘယ္ႏွစ္ရာခိုင္ႏႈန္း လာေပးမွ ေအာင္ျမင္တယ္ဆိုတာက ျပဌာန္းခ်က္ မရွိပါဘူး။ အမ်ားဆံုးရတဲ့လူ အႏိုင္ယူ FPTP (First-past-the-post) ျဖစ္တဲ့အတြက္ လာေပးတဲ့လူ အေရအတြက္အထဲမွာ အမ်ားဆံုးရတဲ့လူက ႏိုင္မွာပဲ။ က်ေနာ္က ဥပေဒေၾကာင္းအရေတာ့ ဒီလိုပဲ သေဘာေပါက္ထားတယ္။ တခ်ိဳ႕က မဟုတ္ဘူး ၅၀ ရာခိုင္ႏႈန္းမေက်ာ္ရင္ ေရြးေကာက္ပြဲအထမေျမာက္ဘူး အဲဒါေတြက ဖြဲ႔စည္းပံု အေျခခံ ေျပာင္းတဲ့အခါမွသာ ပါတာ။ က်ေနာ္တို႔ ေရြးေကာက္ပြဲသည္ သာမန္ေရြးေကာက္ပြဲ လႊတ္ေတာ္ကိုယ္စားလွယ္ေရြးေကာက္ပြဲမွာ ရာခိုင္ႏႈန္း သတ္မွတ္ထားတာမရွိဘူး။ လာေပးတဲ့အထဲမွာ အမ်ားဆံုးရတဲ့သူက အႏိုင္ရမယ္ ၊ ရာခိုင္ႏႈန္းသတ္မွတ္ခ်က္ေတြကို က်ေနာ္တုိ႔ မစိုးရိန္ဘူး။ ဒါက ေပးသေလာက္ရဲ႕ အမ်ားဆံုးရတဲ့သူကို က်ေနာ္တို႔ဒါ အႏိုင္ေပးမယ္ ဒါဥပေဒပါ။

ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးလွသိန္းနဲ႔ VOA သီးသန္႔ ဆက္သြယ္ေမးျမန္းခ်က္ အျပည့္အစံုကို တနဂၤေႏြေန႔ည ၉ နာရီနဲ႔ တနလၤာေန႔မနက္ ၆ နာရီ ထုတ္လႊင့္မယ့္ ျမန္မာ့ဒီမိုကေရးစီေရးရာ အစီအစဥ္မွာ ေစာင့္ေမွ်ာ္နားဆင္ႏိုင္ပါတယ္။


 

..............

ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့ အကြောင်းမရှိ (UEC)

(Unicode)

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ တလ ဘဲလိုပါတော့တယ်။ COVID-19 ကပ်ရောဂါ ကာလမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို စိတ်ချလုံခြုံစွာ အထမြောက်အောင် ကျင်းပနိုင်ပါ့မလား ဆိုတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို VOA က သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။ဆက်သွယ်မေးမြန်းချက်ထဲက အရေးကြီးတဲ့ အချက်တချို့ကို ဒေါ်ခင်စိုးဝင်းက ကောက်နှုတ်တင်ဆက်ပေးပါ့မယ်။

ဒေါ်ခင်စိုးဝင်း။ ။ တကယ်လို့ ဒီကပ်ရောဂါက ဆက်ပြီးတော့ ဆိုးနေမယ်ဆိုရင်ရော ရွေးကောက်ပွဲ ရွေ့ဆိုင်းဖို့ အလားအလာရော ရှိပါသလားရှင့်။

ဦးလှသိန်း။ ။ COVID ကာလမှာ ကျင်းပသွားတဲ့ တောင်ကိုရီးယားတို့ စင်္ကာပူတို့ ၊ သီရိလင်္ကာတို့ ရှိပြီးသားတွေ သူတို့လည်း ကိုဗစ်ကာလမှာ လုပ်သွားတာပဲ။ အခုကျနော်တို့နဲ့ အတူ အမေရိကန်မှာတောင်လုပ်မှာပဲ နိုဝင်ဘာ ၃ ရက်နေ့ ။ ဒီလောက်လူအသေအပျောက်ရှိနေတာ သူတို့ရွှေ့လား အမေရိကန်မှာ ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ လုပ်မှာပဲ မဟုတ်လား နိုဝင်ဘာ ၃ ရက်နေ့မှာ။ အဲဒီတော့ ဒီလောက်ဆိုးဝါးတဲ့ နိုင်ငံတောင်လုပ်နေတာ ကျနော်တို့က သူ့လောက် အဖြစ်နည်းတဲ့နေရာက မလုပ်ဘူးဆိုရင် ဘာအကြောင်းပြမလဲနော်။ အဲဒါကြောင့် ကျနော်တို့က ကျန်းမာရေးရှု့ထောင့်ကို မကြည့်ပဲနဲ့ လုပ်တာတော့မဟုတ်ဘူး။ ကျန်းမာရေးရှု့ထောင့်ကနေ ကြည့်ပြီးလုပ်မယ် ဒါကြောင့်မို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကို ဗဟိုအဆင့် အမျိုးသားကော်မတီရဲ့ လမ်းစဉ်ကိုယူထားတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်တဲ့ လမ်းစဉ်ကိုလည်း ယူထားတယ်။ နောက် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ကန့်သတ်ချက်တွေကိုလည်း ကျနော်တို့ လိုက်နာပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ပြည်သူသာအဓိက လိုပါတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့နေရာတွေရှိပါတယ်။ ဥပမာ- ရခိုင်ပြည်နယ်မှာဆိုရင်လည်း တချို့တော်တော်လေးကို မြောက်ပိုင်းဘက်မှာ မလုပ်နိုင်ဘူးပေါ့နော်။ ဥက္ကဋ္ဌကြီးကိုယ်တိုင် သွားပြီးတော့ ညှိနှိုင်းတာရှိခဲ့တဲ့ ၀ ဒေသမှာရော ဒီလိုမျိုးပေါ့ ရှမ်းမြောက်ပိုင်းပေါ့နော် အဲလိုမျိုး ဒေသတွေမှာရော ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျင်းပနိုင်ခြေ ရှိပါသလားရှင့်။

ဦးလှသိန်း။ ။ ကျနော်တို့ ၀ ဒေသကို ကျနော်တို့သွားပြီးတော့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေရှိမရှိ သွားရောက်လေ့လာတာ။ အဲဒီ သွားရောက်လေ့လာတာလည်း တကယ်တော့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေရှိပါတယ်။ ဒါရွေးကောက်ပွဲလုပ်မယ်ဆိုရင် ကြည်ကြည်ဖြူဖြူပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် အခြေအနေရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အားနည်းချက်တခု သွားတွေ့တာက ၀ ဒေသ ၅ မြို့နယ်မှာရှိတဲ့ လူဦးရေ ၅ သိန်းလောက်မှာ နိုင်ငံသား စိစစ်ရေးကပ်ပြားက ၂ သောင်းလောက်ပဲ ရှိတယ်။ ကျနော်တို့က နိုင်ငံသား စိစစ်ရေးကပ်ပြားကို အခြေခံပြီး မဲစာရင်းကောက်တာ ။ သူတို့က လူ ၅ သိန်းလောက်တော့ရှိတယ်။ နိုင်ငံသား စိစစ်ရေးကပ်ပြားက ၂ သောင်းလောက်ပဲရှိတယ်။ ကျန်တာက သူတို့ ထုတ်ပေးထားတဲ့ ၀ နိုင်ငံသားကပ်တော့ ရှိတယ် ဒါက ကျနော်တို့ အစိုးရက ထုတ်တဲ့ ကဒ်မဟုတ်တဲ့အတွက် ကျနော်တို့ လုပ်လို့မရဘူး။ ဒါပေမယ့် ကျနေ်ာတို့က ဒီဟာတွေ အကုန်လုံး ၅ သိန်းလုံးကို နိုင်ငံသား စိစစ်ရေးကပ်ပြားရဖို့ကတော့ အချိန်မမှီတော့ဘူး။ အချိန်မှီအောင် ဆောင်ရွက်ပေးနိုင်တဲ့အခါကျရင် ကျနော်တို့ ရွေးကောက်ပွဲလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အခုတော့ ဝဒေသကတော့ဆန္ဒခံခဲ့ရတဲ့ အခြေအနေကို မရောက်သေးဘူး။ ခုနကပြောတဲ့ ရခိုင်တို့၊ တချို့ လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့နေရာမှာတော့ ကျနော်တို့ အခုအချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနရယ် ၊ ပြည်ထဲရေး ဝန်ကြီးဌာနရယ် ၊ တည်ငြိမ်အေးချမ်းစာ ကျင်းပနိုင်တဲ့ အခြေအနေ ရှိမရှိ သဘောထားတွေ ကျနော်တို့ တောင်းခံထားပါတယ်။ တောင်းခံထားတဲ့ သူတို့ဆီက သဘောထားတွေ ရလာပြီဆိုရင် အဲဒီသဘောထားကို အခြေခံပြီးတော့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်တွေကို ကြေညာပေးမှာပါ။ အဲဒီအခြေအနေက ကျနော်တို့ Concern ပြီးတော့ ကြည့်နေတဲ့ အခြေအနေဖြစ်ပါတယ်။ မကြာခင်တော့ ကျနော်တို့ ကြေညာနိုင်မယ်လို့မျှော်လင့်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ ဒီရွေးကောက်ပွဲ လေ့လာနေတဲ့ အဖွဲ့တွေကနေပြီးတော့ သုံးသပ်ချက်ပေါ့နော် သူတို့ စစ်တမ်းတွေ ကောက်ယူတဲ့အခါမှာ ဒီကပ်ရောဂါ ကာလကြီးမှာ ရွေးကောက်ပွဲ လာပြီး မဲပေးနိုင်ဖို့ ခန့်မှန်းခြေက ၄၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်ဆိုတော့ ရွေးကောက်ပွဲ တခု ဖြစ်မြောက်ဖို့အတွက်က ဘယ်နှစ်ရာခိုင်နှုန်းလောက် မဲလာပေးမှ ရွေးကောက်ပွဲ အထမြောက်တယ်လို့ ခေါ်နိုင်ပါသလဲရှင့်။

ဦးလှသိန်း။ ။ ကျနော်တို့ မဲပေးတဲ့ရာခိုင်နှုန်းက ရွေးကောက်ပွဲ ဥပဒေမှာကိုက ဘယ်နှစ်ရာခိုင်နှုန်း လာပေးမှ အောင်မြင်တယ်ဆိုတာက ပြဌာန်းချက် မရှိပါဘူး။ အများဆုံးရတဲ့လူ အနိုင်ယူ FPTP (First-past-the-post) ဖြစ်တဲ့အတွက် လာပေးတဲ့လူ အရေအတွက်အထဲမှာ အများဆုံးရတဲ့လူက နိုင်မှာပဲ။ ကျနော်က ဥပဒေကြောင်းအရတော့ ဒီလိုပဲ သဘောပေါက်ထားတယ်။ တချို့က မဟုတ်ဘူး ၅၀ ရာခိုင်နှုန်းမကျော်ရင် ရွေးကောက်ပွဲအထမမြောက်ဘူး အဲဒါတွေက ဖွဲ့စည်းပုံ အခြေခံ ပြောင်းတဲ့အခါမှသာ ပါတာ။ ကျနော်တို့ ရွေးကောက်ပွဲသည် သာမန်ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲမှာ ရာခိုင်နှုန်း သတ်မှတ်ထားတာမရှိဘူး။ လာပေးတဲ့အထဲမှာ အများဆုံးရတဲ့သူက အနိုင်ရမယ် ၊ ရာခိုင်နှုန်းသတ်မှတ်ချက်တွေကို ကျနော်တို့ မစိုးရိန်ဘူး။ ဒါက ပေးသလောက်ရဲ့ အများဆုံးရတဲ့သူကို ကျနော်တို့ဒါ အနိုင်ပေးမယ် ဒါဥပဒေပါ။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ VOA သီးသန့် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို တနင်္ဂနွေနေ့ည ၉ နာရီနဲ့ တနင်္လာနေ့မနက် ၆ နာရီ ထုတ်လွှင့်မယ့် မြန်မာ့ဒီမိုကရေးစီရေးရာ အစီအစဉ်မှာ စောင့်မျှော်နားဆင်နိုင်ပါတယ်။

 https://burmese.voanews.com/a/covid-myanmar-election-will-not-postpone-/5616163.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.