(Zawgyi / Unicode)
၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီမှာ မြန်မာ့အရေး ဆွေးနွေးမှုကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မြန်မာ့အရေး ဆုံးဖြတ်ချက်၊ နောက် နိုင်ငံတွေအတွက် ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်တွေနဲ့ နိုင်ငံတွေကြား ယုံကြည်မှုမဲ့နေတဲ့ ကိစ္စတွေကို မြန်မာကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကိုလည်း မြန်မာကိုယ်စားလှယ်က အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
“၄၅ ကြိမ်မြောက် ညီလာခံအတွင်း ချမှတ်ခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးဇာတ်သွင်းပြီး သမာသမတ်မကျ၊ ဖွံ့ဖြိုးရေးကိစ္စတွေ အပါအဝင် မျှမျှတတ သုံးသပ်ထားခြင်းလည်း မရှိဘူးဆိုပြီး မြန်မာဘက်က ပယ်ချထားပါတယ်။ နိုင်ငံတွင်းက ပြည်သူအားလုံးအတွက် ငြိမ်းချမ်းရေး၊ လူမှုရေး သဟဇာတဖြစ်မှုနဲ့ ဖွံ့ဖြိုးရေးအတွက် ဒီဆုံးဖြတ်ချက်က အဟန့်အတားကြီး ဖြစ်နေပါတယ်။ ကုလသမဂ္ဂမှာ ရန်ပုံငွေအခက်အခဲ တွေ့နေချိန်မှာ နိုင်ငံရေးအရ ပုံသွင်းမှုမျိုး မဟုတ်ဘဲ ရည်ရွယ်ချက်ကောင်းတွေအတွက်ပဲ ထိရောက် အကျိုးရှိအောင် သုံးသင့်ပါတယ်။”
လူ့အခွင့်အရေးကောင်စီ သဘာပတိ Elisabeth Tichy-Fisslbergher က ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂရဲ့ ရန်ပုံငွေနည်းလာတဲ့ အခြေအနေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ငန်းတွေအတွက်လည်း ထည့်သွင်း စဉ်းစားသုံးသပ်ရတဲ့ အချက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နိုင်ငံတွေအတွက် အထူးကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ နိုင်ငံတွေက မကြိုက်တဲ့ ကိစ္စဟာလည်း လူ့အခွင့်အရေးကောင်စီ စဖွဲ့ကတည်းက ဆွေးနွေးနေကြရတဲ့ကိစ္စ ဖြစ်ပါတယ်လို့ လူ့အခွင့်အရေးကောင်စီ သဘာပတိ Elisabeth Tichy-Fisslbergher က ဖြေကြားသွားပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေဘက်က အခြေအနေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။
“ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ နိုင်ငံတခုခုအတွက် အထူးကိုယ်စားလှယ် ခန့်အပ်မယ်ဆိုရင် ဒီအထူးကိုယ်စားလှယ်တွေဟာ သတင်းမှားတွေ ဖြန့်တယ်ဆိုပြီး နိုင်ငံတွေဘက်က မကြာခန ပြောကြတာမျိုး ရှိပါတယ်။ သူ့အနေနဲ့ ပြောနိုင်တာကတော့ နိုင်ငံတွေဘက်ကလည်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ရှုမြင်ချက် ကိုယ့်ဘက်ကအမြင်ကို တင်ပြဖို့ အခွင့်အရေး ရမှာဖြစ်ပြီး အနည်းဆုံးတော့ အပြန်အလှန် ဆွေးနွေးမှုမျိုးနဲ့ အတူဆောင်ရွက်ကြဖို့ကိုပဲ သူ့အနေနဲ့ ပန်ကြားနိုင်ပါတယ်။”
ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်မှာတော့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချထားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ၊ နောက် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွင်းက တခြား လူနည်းစုတွေအပေါ် မုန်းတီးလာအောင် လှုံ့ဆော်မှုတွေကို မြန်မာအစိုးရဘက်က အရေးပေါ် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းထားတာပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေက မဖြစ်မနေ လိုက်နာလုပ်ဆောင်ဖို့ မလိုအပ်ဘူး ဆိုပေမယ့်လည်း ကမ္ဘာ့ရဲ့ ရှုမြင်ချက်ကို ထင်ဟပ်စေတာ ဖြစ်ပါတယ်။
မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ချမှတ်ခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ဟာဆိုရင် ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးလှတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ မရည်ရွယ်သလို မြန်မာအစိုးရဘက်က ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးပမ်းချက်ကိုလည်း လက်ခံဖို့ ငြင်းဆန်တာဖြစ်တယ်လို့ အဲဒီအချိန်က နယူးယောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ဟာ မလိုလားအပ်တဲ့ နိုင်ငံရေးဖိအားတွေ ဖြစ်စေဖို့ ရည်ရွယ်တာလို့လည်း မြန်မာဘက်က တစိုက်မတ်မတ် စွပ်စွဲထားပေမယ့် ဘယ်လို နိုင်ငံရေးအရ ဖိအားပေးမှုလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုမထားပါဘူး။
--------------------(Unicode)
ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မြန်မာတုံ့ပြန်

https://burmese.voanews.com/a/myanmar-react-un-human-rights-council/5643483.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.