Breaking

November 10, 2020

ေရြးေကာက္ပြဲ ေအာင္ျမင္မႈ ေဒၚေအာင္ဆန္းစုၾကည္ ခ်ီးက်ဴး

 


ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (Myanmar State Counsellor Office)
(Zawgyi/Unicode)

ႏို၀င္ဘာ ၈ ရက္ေန႔က ေရြးေကာက္ပြဲကို က်န္းမာေရးအရ လံုျခံဳမႈရွိရွိနဲ႔ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ခဲ့တဲ့အတြက္ ျပည္သူအားလံုးကို ေက်းဇူးတင္ေၾကာင္း ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

"ကိုဗစ္-၁၉ ေရာဂါၾကားထဲကေန ေရြးေကာက္ပြဲမ်ား ေအာင္ေအာင္ျမင္ျမင္နဲ႔ ျဖစ္ေျမာက္ေအာင္ လုပ္ေပးၾကတဲ့ ျပည္သူလူထုအားလံုးကို အင္မတန္မွ ေက်းဇူးတင္ပါတယ္။ အထူးပဲ ဂုဏ္ျပဳပါတယ္လို႔ေျပာရင္းနဲ႔ စခ်င္ပါတယ္။ အခုေရြးေကာက္ပြဲမွာဆိုရင္ ျပည္သူေတြ လံုလံုၿခံဳၿခံဳနဲ႔ ၊ က်န္းမာေရးဘက္က လံုလံုၿခံဳၿခံဳနဲ႔ မဲေပးႏိုင္ဖို႔အတြက္ က်မတို႔ အင္မတန္မွ ႀကိဳးစားခဲ့ပါတယ္။ ႀကိဳးစားခဲ့ရက်ိဳးလည္း နပ္တယ္လို႔လည္း က်မတို႔က ျမင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ျပည္သူေတြကလည္း တက္တက္ၾကြၾကြနဲ႔ ပါ၀င္တယ္၊ မဲေပးၾကတယ္။ အစီအစဥ္ေတြကလည္း အင္မတန္မွ စနစ္က်တယ္၊ အင္မတန္မွ ေက်နပ္ဖြယ္ရာ ေကာင္းတယ္ဆိုတဲ့ အသံေတြလည္း ၾကားရလို႔ က်မတို႔အေနနဲ႔ အင္မတန္မွလည္း အားရပါတယ္။"

ႏိုင္ငံအတြင္း ကိုဗစ္ႏုိင္တင္း ေရာဂါျဖစ္ပြားမႈ ေနာက္ဆံုး အေျခအေနေတြနဲ႔ ပတ္သက္လို႔ တိုင္းျပည္ကို ပံုမွန္ အစီရင္ခံတင္ျပေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္က ေ ရြးေကာက္ပြဲအျပီး ေနာက္တရက္ မိန္႔ခြန္းမွာ ခုလို ေျပာသြားခဲ့တာပါ။

ကိုဗစ္ကာလမွာ ေရြးေကာက္ပြဲကို ေအာင္ေအာင္ ျမင္ျမင္ ေက်ာ္လႊားႏုိင္ခဲ့ၾကသလို၊ ကိုဗစ္ႏုိင္တင္း ေရာဂါဆိုးၾကီးကိုလည္း ေက်ာ္လႊားႏိုင္ေအာင္ ၀ိုင္း၀န္းေဆာင္ရြက္ၾကပါ ဆိုျပီးေတာ့လည္း ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းသြားပါတယ္။ ေရြးေကာက္ပြဲ ေနာက္ပိုင္း ကာလေတြမွာလည္း ျပည္သူေတြအေနနဲ႔ လူစုလူေ၀း လုပ္တာေတြကို ေရွာင္ရွားၾကဖို႔လည္းေ ဒၚေအာင္ဆန္းစုၾကည္က ထပ္မံ သတိေပးပါတယ္။

ျမန္မာႏိုင္ငံမွာ ေန႔စဥ္ ကိုဗစ္ႏိုင္တင္း ကူးစက္သူ ၁၀၀၀ ၀န္းက်င္ေလာက္ ရွိေနခ်ိန္မွာပဲ တနဂၤေႏြေန႔က ႏုိင္ငံတ၀ွမ္း ေရြးေကာက္ပြဲေတြ က်င္းပခဲ့တာပါ။ တနလၤာေန႔ကေတာ့ ေရာဂါကူးစက္သူ အေရအတြက္ ၅၉ ၈ ေယာက္ ထပ္တုိးလာေၾကာင္း အတည္ျပဳထားျပီး ဒါဟာ အရင္ရက္ေတြထက္ သိသိသာသာ က်င္ဆင္းသြားတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ လက္ရွိ ကို႐ုိနာဗိုင္းရပ္ ကူးစက္ခံထားရသူ ၆ ေသာင္းေက်ာ္နဲ႔ ေသဆံုးသူ၁၄၀၀ ေက်ာ္ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစား ၀န္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။

..............

ရွေးကောက်ပွဲ အောင်မြင်မှု ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

(Unicode)

နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲကို ကျန်းမာရေးအရ လုံခြုံမှုရှိရှိနဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

"ကိုဗစ်-၁၉ ရောဂါကြားထဲကနေ ရွေးကောက်ပွဲများ အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်အောင် လုပ်ပေးကြတဲ့ ပြည်သူလူထုအားလုံးကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ အထူးပဲ ဂုဏ်ပြုပါတယ်လို့ပြောရင်းနဲ့ စချင်ပါတယ်။ အခုရွေးကောက်ပွဲမှာဆိုရင် ပြည်သူတွေ လုံလုံခြုံခြုံနဲ့ ၊ ကျန်းမာရေးဘက်က လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့အတွက် ကျမတို့ အင်မတန်မှ ကြိုးစားခဲ့ပါတယ်။ ကြိုးစားခဲ့ရကျိုးလည်း နပ်တယ်လို့လည်း ကျမတို့က မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကလည်း တက်တက်ကြွကြွနဲ့ ပါဝင်တယ်၊ မဲပေးကြတယ်။ အစီအစဉ်တွေကလည်း အင်မတန်မှ စနစ်ကျတယ်၊ အင်မတန်မှ ကျေနပ်ဖွယ်ရာ ကောင်းတယ်ဆိုတဲ့ အသံတွေလည်း ကြားရလို့ ကျမတို့အနေနဲ့ အင်မတန်မှလည်း အားရပါတယ်။"

နိုင်ငံအတွင်း ကိုဗစ်နိုင်တင်း ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုင်းပြည်ကို ပုံမှန် အစီရင်ခံတင်ပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ေ ရွးကောက်ပွဲအပြီး နောက်တရက် မိန့်ခွန်းမှာ ခုလို ပြောသွားခဲ့တာပါ။

ကိုဗစ်ကာလမှာ ရွေးကောက်ပွဲကို အောင်အောင် မြင်မြင် ကျော်လွှားနိုင်ခဲ့ကြသလို၊ ကိုဗစ်နိုင်တင်း ရောဂါဆိုးကြီးကိုလည်း ကျော်လွှားနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြပါ ဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ ရွေးကောက်ပွဲ နောက်ပိုင်း ကာလတွေမှာလည်း ပြည်သူတွေအနေနဲ့ လူစုလူဝေး လုပ်တာတွေကို ရှောင်ရှားကြဖို့လည်းေ ဒါ်အောင်ဆန်းစုကြည်က ထပ်မံ သတိပေးပါတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ် ကိုဗစ်နိုင်တင်း ကူးစက်သူ ၁၀၀၀ ဝန်းကျင်လောက် ရှိနေချိန်မှာပဲ တနင်္ဂနွေနေ့က နိုင်ငံတဝှမ်း ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာပါ။ တနင်္လာနေ့ကတော့ ရောဂါကူးစက်သူ အရေအတွက် ၅၉ ၈ ယောက် ထပ်တိုးလာကြောင်း အတည်ပြုထားပြီး ဒါဟာ အရင်ရက်တွေထက် သိသိသာသာ ကျင်ဆင်းသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရသူ ၆ သောင်းကျော်နဲ့ သေဆုံးသူ၁၄၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

 https://burmese.voanews.com/a/myanmar-state-consellor-speech-on-election-/5654435.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.