Breaking

November 10, 2020

Joe Biden သမၼတသက္တမ္း ရင္ဆိုင္ရမယ့္ သမိုင္းဝင္စိန္ေခၚမႈမ်ား

 

(Zawgyi/Unicode)

၂၀၂၀ အေမရိကန္ သမၼတေရြးေကာက္ပဲြမွာ အႏိုင္ရတယ္လို႔ ဒီမိုကရက္ ဒုသမၼတေဟာင္း Joe Biden က ၿပီးခဲ့တဲ့ စေနေန႔မွာ ေၾကညာခဲ့ၿပီးတဲ့ေနာက္ သူထမ္းေဆာင္မယ့္ သမၼတ သက္တမ္းကာလ ရင္ဆိုင္ရဖို႔ ရွိေနတဲ့ သမိုင္းဝင္ စိန္ေခၚမႈေတြအေၾကာင္း ဗြီအိုေအ သတင္းေထာက္ Brian Padden သတင္းေပးပို႔ထားတာကို ကို ေအာင္ျမတ္သူက ေျပာျပမွာပါ။

ဒီမုိကရက္ ဒုသမၼတေဟာင္းလည္းျဖစ္ ၊ Delaware အထက္လႊတ္ေတာ္အမတ္ေဟာင္းလည္းျဖစ္တဲ့ Biden ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ၄၆ေယာက္ေျမာက္ သမၼတသက္တမ္းကို ယူမယ့္အခ်ိန္မွာ ကိုဗစ္-၁၉ကပ္ေရာဂါ အႀကီးအက်ယ္ရင္ဆိုင္ေနရဆဲျဖစ္သလို၊ စီးပြားေရး ျပန္လည္နလံထူဖို႔ ရုန္းကန္ေနရၿပီး၊ အေမရိကန္ျပည္သူေတြၾကားမွာလည္း ကဲြျပားမႈေတြ နက္နက္ရွဳိင္းရွဳိင္းျဖစ္ေနတာပါ။

ဘိုင္ဒန္အေနနဲ႔ သူကတိကဝတ္ျပဳထားတဲ့ ေငြေၾကးအကုန္အက်သက္သာေစမယ့္ က်န္းမာေရး ေစာင့္ေရွာက္မႈမူဝါဒကို က်ယ္က်ယ္ျပန႔္ျပန႔္ ခ်မွတ္ႏိုင္ဖို႔၊ ဆင္းရဲသားေတြကို အေထာက္အကူျပဳဖို႔၊ အနိမ့္ဆုံး လုပ္ခလစာေတြကို ျမႇင့္တင္ေပးဖို႔၊ သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစတဲ့ စက္႐ုံအလုပ္ေတြကို ထူေထာင္ၿပီး အလုပ္အကိုင္သစ္ သန္းေပါင္းမ်ားစြာဖန္တီးဖို႔ေတြ ရွိေနပါတယ္။

လက္တေလာျပႆနာအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ႏႈန္း ျမင့္တက္လာမႈနဲ႔ကို႐ိုနာဗိုင္းရပ္စ္ထိန္းခ်ဳပ္ေရးအဖြဲ႕ကို ဖြဲ႕စည္းထားေၾကာင္း တနလၤာေန႔မွာ ဂ်ဳိးဘိုင္ဒန္က ေၾကညာခဲ့ပါတယ္။

ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြကေတာ့ ဘိုင္ဒန္ရင္ဆိုင္ရမယ့္ အခက္အခဲေတြအျဖစ္ အေမရိကန္ျပည္သူေတြၾကား စိတ္၀မ္းကဲြျပားမႈ အႀကီးအက်ယ္ျဖစ္ေနတဲ့ တိုင္းျပည္ကို ျပန္လည္ ေပါင္းစည္းဖို႔၊ သမၼတ Trump ဆင္းသြားတာနဲ႔တၿပိဳင္နက္ထဲ ၿပိဳင္ဘက္ ရီပက္ဘလစ္ကန္ေတြနဲ႔ ဘယ္လို ညီၫြတ္မႈေတြရွိမလဲ စတာေတြကို ဘယ္လိုေဆာင္ရြက္မလဲဆိုတဲ့ အေပၚဘိုင္ဒန္ရဲ႕ ေအာင္ျမင္မႈဟာ မူတည္ေနပါတယ္ လို႔ဆိုပါတယ္။

Delaware တကၠသိုလ္ ႏိုင္ငံေရးပါေမာကၡ David Redlawsk ကေတာ့

“က်ေနာ္တို႔ အခ်ိန္ေပးၿပီး ကုစားၾကရလိမ့္မယ္လို႔ထင္ပါတယ္။ တိုင္းျပည္တြင္းစိတ္ဝမ္းကြဲျပားမႈဟာ အေတာ္ေလးနက္ရႈိင္းပါတယ္။ လြယ္လြယ္ကူကူေတာ့ ျဖစ္လိမ့္မယ္မထင္ဘူး”။

ေလးရက္ဆက္တိုက္ေန႔စဥ္ေသဆုံးမႈ တေထာင္ေက်ာ္လာတဲ့ COVID-19 ကပ္ေရာဂါကို ထိန္းခ်ဳပ္ဖို႔၊ ကပ္ေဘးအတြင္း ၿပိဳလဲသြားတဲ့ စီးပြားေရလုပ္ငန္းေတြျဖစ္တဲ့ ခရီးသြားလုပ္ငန္း၊ ကပြဲ႐ုံလုပ္ငန္းနဲ႔ စားေသာကဆိုင္လုပ္ငန္းေတြက အလုပ္သမား သန္း ၂၀ ကို သက္သာရာရေစဖို႔ ဦးစားေပးေဆာင္႐ြက္ဖို႔ရွိေနပါတယ္။

လႊတ္ေတာထဲမွာလည္း အတိုက္အခံေတြနဲ႔လည္း အေတာ္ေလး အေပးအယူလုပ္ရမွာျဖစ္ၿပီး အထူးသျဖင့္ မၾကာေသးမီကပဲ Kentucky ျပည္နယ္ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ Mitch McConnell နဲ႔ အေတာ္ေလး ညႇိႏိုင္းရမွာပါ ။

ဘိုင္ဒန္အေနနဲ႔ ရွည္လ်ားတဲ့ လႊတ္ေတာ္ျဖတ္သန္းမႈရွိၿပီး သမိုင္းဝင္တဲ့ ဥပေဒျပဳ ညႇိႏိုင္းေဆာင္႐ြက္မႈေတြရွိခဲ့ပါတယ္။ သမၼတ အိုဗားမာ လက္ထက္ ဒုသမတတဦးအျဖစ္တာဝန္ယူခဲ့ၿပီး အဓိက်တဲ့ ရန္ပုံေငြေလ်ာ့ခ်ျဖတ္ေတာက္မႈေတြကို Mitch McConnel နဲ႔အေပးအယူ ညႇိႏိုင္းလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီအေတြ႕အႀကဳံေတြကဝါရွင္တန္ႏိုင္ငံေရးအၾကပ္အတည္းကို ေက်ာ္လႊားႏိုင္ဖို႔အေထာက္အကူျဖစ္ေစမွာပါ။

တကၠဆတ္တကၠသိုယ္က ႏိုင္ငံေရးပါေမာကၡ Shannon O’ Brie ကေတာ့

“ေ႐ြးခ်က္မႈေတာ္ေတာ္မ်ားမ်ားကို McConnell ကေတာ့ အသာတၾကည္ လိုက္ေလ်ာမယ္မထင္ဘူး။ ဒါေပမယ့္ သူ႔အေနနဲ႔ အေပးအယူ ညႇိဳႏိုင္းတာေတြ လုပ္ရမွာပါ။”

ဂ်ိဳးဘိုင္ဒန္အေနနဲ႔ သမၼတျဖစ္ဖြယ္ရွိေနေသာ္လည္း သူရဲ႕ ဒီမိုကရက္တစ္ပါတီအေနနဲ႔ေတာ့ အထက္လႊတ္ေတာ္ Senate မွာ အသာစီးရဖို႔ ခက္ခဲေနဦးမွာပါ၊ ဒီမိုကရက္ေတြအေနနဲ႔ ရီပက္ဘလီကန္ ဘက္ကို ယိမ္းတဲ့ေဂ်ာ္ဂ်ီယာျပည္နယ္မွာ အႏိုင္ရပါမွ အထက္လႊတ္ေတာ္ အမတ္ေနရာ ၂ ခုကို ရမွာျဖစ္ၿပီး ၅၀-၅၀ နဲ႔ အထက္လႊြတ္ေတာ္ ကို ထိန္းထားႏိုင္မွာျဖစ္ပါတယ္။

ဂ်ိဳုးဘိုင္ဒန္အေနနဲ႔ ပါတီတြင္းမွာလည္း အလယ္အလတ္အျမင္ရွိသူေတြနဲ႔ ျပဳျပင္ေျပာင္းလဲ လိုသူေတြအၾကား စိန္ေခၚခ်က္ေတြကိုလည္း ရင္ဆိုင္ရဖို႔ရွိပါတယ္။ ဒီမိုကရက္ေတြအေနနဲ႔ ေအာက္လႊတ္ေတာ္ေနရာ အေတာ္မ်ားမ်ားကို ဆုံးရႈံးခဲ့ၿပီး Senate မွာလည္း ေနာက္ထပ္ ေနရာရဖို႔မရွိေတာ့တာမို႔ ဒီအေျခအေနဟာ ကြန္ဂရက္လြတ္ေတာ္မွာ အလယ္အလတ္အျမင္ရွိသူေတြနဲ႔ ျပဳျပင္ေျပာင္းလည္းေရး အျမင္ရွိသူေတြၾကားမွာ အေျခအေနတင္းမာေစပါတယ္။

ေလ့လာသုံးသပ္သူေတြကေတာ့ ဘိုင္ဒန္အေနနဲ႔ Republican ေတြႀကီးစိုးထားတဲ့ အထက္လႊတ္ေတာ္ ကို ရင္ဆိုင္ရင္း အျမင္ကြဲျပားမႈေတြျဖစ္ေနတဲ့ ဒီမိုကရက္တစ္ပါတီကို ပိုမိုေအာင္ျမင္လာေအာင္ ေျပာင္းလဲေပးႏိုင္မယ္လို႔ ဆိုပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ေရြးေကာက္ပဲြရလဒ္ေတြကို တရား၀င္ေၾကညာၿပီးေနာက္မွာေတာ့ ဂ်ဳိးဘိုင္ဒန္ ဟာ အေမရိကန္ရဲ႕ ၄၆ ေယာက္ေျမာက္ သမၼတအေနနဲ ့ ဇန္န၀ါရီ ၂၀ မွာ က်မ္းသစၥာ က်ိမ္ဆိုမွာျဖစ္ပါတယ္။

 

 (Unicode)

Biden သမ္မတသက်တမ်း ရင်ဆိုင်ရမယ့် သမိုင်းဝင်စိန်ခေါ်မှုများ

၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ဒီမိုကရက် ဒုသမ္မတဟောင်း Joe Biden က ပြီးခဲ့တဲ့ စနေနေ့မှာ ကြေညာခဲ့ပြီးတဲ့နောက် သူထမ်းဆောင်မယ့် သမ္မတ သက်တမ်းကာလ ရင်ဆိုင်ရဖို့ ရှိနေတဲ့ သမိုင်းဝင် စိန်ခေါ်မှုတွေအကြောင်း ဗွီအိုအေ သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ကို အောင်မြတ်သူက ပြောပြမှာပါ။

ဒီမိုကရက် ဒုသမ္မတဟောင်းလည်းဖြစ် ၊ Delaware အထက်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ Biden ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ယောက်မြောက် သမ္မတသက်တမ်းကို ယူမယ့်အချိန်မှာ ကိုဗစ်-၁၉ကပ်ရောဂါ အကြီးအကျယ်ရင်ဆိုင်နေရဆဲဖြစ်သလို၊ စီးပွားရေး ပြန်လည်နလံထူဖို့ ရုန်းကန်နေရပြီး၊ အမေရိကန်ပြည်သူတွေကြားမှာလည်း ကွဲပြားမှုတွေ နက်နက်ရှိုင်းရှိုင်းဖြစ်နေတာပါ။

ဘိုင်ဒန်အနေနဲ့ သူကတိကဝတ်ပြုထားတဲ့ ငွေကြေးအကုန်အကျသက်သာစေမယ့် ကျန်းမာရေး စောင့်ရှောက်မှုမူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ချမှတ်နိုင်ဖို့၊ ဆင်းရဲသားတွေကို အထောက်အကူပြုဖို့၊ အနိမ့်ဆုံး လုပ်ခလစာတွေကို မြှင့်တင်ပေးဖို့၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ စက်ရုံအလုပ်တွေကို ထူထောင်ပြီး အလုပ်အကိုင်သစ် သန်းပေါင်းများစွာဖန်တီးဖို့တွေ ရှိနေပါတယ်။

လက်တလောပြဿနာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်း မြင့်တက်လာမှုနဲ့ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း တနင်္လာနေ့မှာ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဘိုင်ဒန်ရင်ဆိုင်ရမယ့် အခက်အခဲတွေအဖြစ် အမေရိကန်ပြည်သူတွေကြား စိတ်ဝမ်းကွဲပြားမှု အကြီးအကျယ်ဖြစ်နေတဲ့ တိုင်းပြည်ကို ပြန်လည် ပေါင်းစည်းဖို့၊ သမ္မတ Trump ဆင်းသွားတာနဲ့တပြိုင်နက်ထဲ ပြိုင်ဘက် ရီပက်ဘလစ်ကန်တွေနဲ့ ဘယ်လို ညီညွတ်မှုတွေရှိမလဲ စတာတွေကို ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ အပေါ်ဘိုင်ဒန်ရဲ့ အောင်မြင်မှုဟာ မူတည်နေပါတယ် လို့ဆိုပါတယ်။

Delaware တက္ကသိုလ် နိုင်ငံရေးပါမောက္ခDavid Redlawsk ကတော့

“ကျနော်တို့ အချိန်ပေးပြီး ကုစားကြရလိမ့်မယ်လို့ထင်ပါတယ်။ တိုင်းပြည်တွင်းစိတ်ဝမ်းကွဲပြားမှုဟာ အတော်လေးနက်ရှိုင်းပါတယ်။ လွယ်လွယ်ကူကူတော့ ဖြစ်လိမ့်မယ်မထင်ဘူး”။

လေးရက်ဆက်တိုက်နေ့စဉ်သေဆုံးမှု တထောင်ကျော်လာတဲ့ COVID-19 ကပ်ရောဂါကို ထိန်းချုပ်ဖို့၊ ကပ်ဘေးအတွင်း ပြိုလဲသွားတဲ့ စီးပွားရေလုပ်ငန်းတွေဖြစ်တဲ့ ခရီးသွားလုပ်ငန်း၊ ကပွဲရုံလုပ်ငန်းနဲ့ စားသောကဆိုင်လုပ်ငန်းတွေက အလုပ်သမား သန်း ၂၀ ကို သက်သာရာရစေဖို့ ဦးစားပေးဆောင်ရွက်ဖို့ရှိနေပါတယ်။

လွှတ်တောထဲမှာလည်း အတိုက်အခံတွေနဲ့လည်း အတော်လေး အပေးအယူလုပ်ရမှာဖြစ်ပြီး အထူးသဖြင့် မကြာသေးမီကပဲ Kentucky ပြည်နယ် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell နဲ့ အတော်လေး ညှိနိုင်းရမှာပါ ။

ဘိုင်ဒန်အနေနဲ့ ရှည်လျားတဲ့ လွှတ်တော်ဖြတ်သန်းမှုရှိပြီး သမိုင်းဝင်တဲ့ ဥပဒေပြု ညှိနိုင်းဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။ သမ္မတ အိုဗားမာ လက်ထက် ဒုသမတတဦးအဖြစ်တာဝန်ယူခဲ့ပြီး အဓိကျတဲ့ ရန်ပုံငွေလျော့ချဖြတ်တောက်မှုတွေကို Mitch McConnel နဲ့အပေးအယူ ညှိနိုင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကဝါရှင်တန်နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အထောက်အကူဖြစ်စေမှာပါ။

တက္ကဆတ်တက္ကသိုယ်က နိုင်ငံရေးပါမောက္ခ Shannon O’ Brie ကတော့

“ရွေးချက်မှုတော်တော်များများကို McConnell ကတော့ အသာတကြည် လိုက်လျောမယ်မထင်ဘူး။ ဒါပေမယ့် သူ့အနေနဲ့ အပေးအယူ ညှိုနိုင်းတာတွေ လုပ်ရမှာပါ။”

ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတဖြစ်ဖွယ်ရှိနေသော်လည်း သူရဲ့ ဒီမိုကရက်တစ်ပါတီအနေနဲ့တော့ အထက်လွှတ်တော် Senate မှာ အသာစီးရဖို့ ခက်ခဲနေဦးမှာပါ၊ ဒီမိုကရက်တွေအနေနဲ့ ရီပက်ဘလီကန် ဘက်ကို ယိမ်းတဲ့ဂျော်ဂျီယာပြည်နယ်မှာ အနိုင်ရပါမှ အထက်လွှတ်တော် အမတ်နေရာ ၂ ခုကို ရမှာဖြစ်ပြီး ၅၀-၅၀ နဲ့ အထက်လွှွတ်တော် ကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။

ဂျိုုးဘိုင်ဒန်အနေနဲ့ ပါတီတွင်းမှာလည်း အလယ်အလတ်အမြင်ရှိသူတွေနဲ့ ပြုပြင်ပြောင်းလဲ လိုသူတွေအကြား စိန်ခေါ်ချက်တွေကိုလည်း ရင်ဆိုင်ရဖို့ရှိပါတယ်။ ဒီမိုကရက်တွေအနေနဲ့ အောက်လွှတ်တော်နေရာ အတော်များများကို ဆုံးရှုံးခဲ့ပြီး Senate မှာလည်း နောက်ထပ် နေရာရဖို့မရှိတော့တာမို့ ဒီအခြေအနေဟာ ကွန်ဂရက်လွတ်တော်မှာ အလယ်အလတ်အမြင်ရှိသူတွေနဲ့ ပြုပြင်ပြောင်းလည်းရေး အမြင်ရှိသူတွေကြားမှာ အခြေအနေတင်းမာစေပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ ဘိုင်ဒန်အနေနဲ့ Republican တွေကြီးစိုးထားတဲ့ အထက်လွှတ်တော် ကို ရင်ဆိုင်ရင်း အမြင်ကွဲပြားမှုတွေဖြစ်နေတဲ့ ဒီမိုကရက်တစ်ပါတီကို ပိုမိုအောင်မြင်လာအောင် ပြောင်းလဲပေးနိုင်မယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲရလဒ်တွေကို တရားဝင်ကြေညာပြီးနောက်မှာတော့ ဂျိုးဘိုင်ဒန် ဟာ အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတအနေနဲ့ ဇန်နဝါရီ ၂၀ မှာ ကျမ်းသစ္စာ ကျိမ်ဆိုမှာဖြစ်ပါတယ်။

 https://burmese.voanews.com/a/joe-biden-the-challenges-he-will-meet-/5654949.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.