Breaking

November 14, 2020

ဖ်က္သိမ္း မဲဆႏၵနယ္ေတြမွာ ေရြးေကာက္ပြဲက်င္းပေရး တိုင္းရင္းသားပါတီေတြ ႀကိဳဆို

 

(Zawgyi/Unicode)

၂၀၂၀ ပါတီစုံ ဒီမိုကေရစီ အေထြေထြ ေရြးေကာက္ပဲြအတြင္း ပယ္ဖ်က္ ခ်န္လွပ္ထားခဲ့တဲ့ တိုင္းရင္းသား မဲဆႏၵနယ္ေျမေတြမွာ အစိုးရက ေရြးေကာက္ပဲြ ျပန္က်င္းပ ေပးမယ္ဆုိရင္ ႀကဳိဆိုေၾကာင္း တိုင္းရင္းသားပါတီ ေခါင္းေဆာင္တခ်ဳိ႕ ေျပာဆိုလိုက္တဲ့အေၾကာင္းကို ကို ဉာဏ္ဝင္းေအာင္ တင္ျပေပးမွာပါ။

လြတ္လပ္ၿပီး တရားမွ်တတဲ့ အေျခအေန မရွိတာေၾကာင့္ဆိုတဲ့ ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ အေၾကာင္းျပခ်က္နဲ႔ တိုင္းရင္းသားေဒသေတြျဖစ္တဲ့ ရခုိင္၊ ရွမ္း ၊ ကခ်င္၊ ကရင္နဲ႔မြန္ုျပည္နယ္ထဲက ေဒသတခ်ဳိ႕မွာ ၂၀၂၀ ေရြးေကာက္ပဲြ မက်င္းပခဲ့ပါဘူး။

ဘာေၾကာင့္ တရားမွ်တမႈ မရွိႏုိင္ဘူးလဲ ဆိုတာကို ေရြးေကာက္ပဲြ ေကာ္မရွင္က ရွင္းမျပခဲ့ေပမယ့္ ေလ့လာသုံးသပ္သူေတြကေတာ့ လုံၿခဳံေရး အာမခံခ်က္ မရွိႏိုင္ဘူးဆိုတဲ့ တပ္မေတာ္ရဲ႕အႀကံျပဳခ်က္ အေပၚအေျခခံၿပီး ေရြးေကာက္ပဲြ မလုပ္ခဲ့တာ ျဖစ္ႏိုင္ေၾကာင္း သုံးသပ္ၾကပါတယ္။

အခုေတာ့ တိုက္ပြဲ အမ်ားဆုံးျဖစ္ထားတဲ့ ရခုိင္ျပည္နယ္ထဲက ပယ္ဖ်က္ ခ်န္လွပ္ ထားခဲ့တဲ့ မဲဆႏၵနယ္ေျမေတြမွာ ဒီဇင္ဘာလ မကုန္ခင္ ေရြးေကာက္ပဲြ ျပန္က်င္းပ ေပးဖုိ႔ AA ရခုိင္လက္နက္ကုိင္တပ္ဖဲြ႔က ၾကာသပေတးေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုထားသလို၊ အစိုးရ စစ္တပ္ ဘက္ကလည္း AA ရဲ႕ေတာင္းဆုိမႈ အေပၚ ႀကဳိဆိုေၾကာင္းနဲ႔ ေရြးေကာက္ပဲြေတြ ျပန္က်င္းပႏိုင္ေရး ညႇိႏႈိင္းေဆာင္ရြက္သြားမယ္လို႔ တရက္ထဲမွာ ေၾကညာခ်က္ ထုတ္ပါတယ္။

ဒါေၾကာင့္ ရခုိင္ျပည္နယ္ထဲက က်န္လပ္ေနတဲ့ ေနရာေတြမွာ ေရြးေကာက္ပဲြ ျပန္က်င္းပ ေပးမယ္ဆုိရင္ ႀကဳိဆိုေၾကာင္းနဲ႔ ဝင္ေရာက္ယွဥ္ၿပဳိင္ဖို႔ အဆင္သင့္ရွိေၾကာင္း ရခုိင္အမ်ဳိးသားပါတီ ANP ဥကၠဌ ဦးသာထြန္းလွက VOA ကို ေျပာပါတယ္။

“ရခုိင္ျပည္နယ္က (၁၇)ၿမဳိ႕နယ္လုံးမွာ ေရြးေကာက္ပဲြ မက်င္းပႏိုင္ေလာက္တဲ့ ၿမဳိ႕နယ္ဆုိတာ မရွိဘူးလုိ႔ က်ေနာ္ ထင္တယ္။ ဘာျဖစ္လုိ႔လည္းဆုိရင္ တုိက္ပဲြ ဆိုတာကလည္း ၿမဳိ႕နယ္တၿမဳိ႕နယ္က ေနရာစုံမွာ တိုက္ပဲြ ျဖစ္ေနတာ မဟုတ္ဘူး။ အဲဒါေၾကာင့္ ဒီၿမဳိ႕နယ္ေတြမွာ ေရြးေကာက္ပဲြ လုပ္လို႔ရႏိုင္တဲ့ အခင္းအက်င္းရွိေနတာ အမွန္ပဲ။ က်ေနာ္တို႔ပါတီကေတာ့ အဲဒီ ၿမဳိ႕နယ္ေတြမွာ ေရြးေကာက္ပဲြဝင္ဖုိ႔ ျပင္ဆင္ထားၿပီးသားဆိုေတာ့ တကယ္လို႔ ေရြးေကာက္ပဲြ ျပန္လည္ က်င္းပမယ္ဆုိရင္ က်ေနာ္တို႔ ANP က ဝင္ေရာက္ ယွဥ္ၿပဳိင္သြားဖို႔ ဆႏၵရွိပါတယ္။”

အလားတူ ၿမဳိ႕နယ္တခ်ဳိ႕မွာ ေရြးေကာက္ပဲြ မက်င္းပႏိုင္ခဲ့တဲ့ ရွမ္းျပည္နယ္မွာ ေရြးေကာက္ပဲြ ျပန္က်င္းပ ေပးမယ္ဆိုရင္ ႀကဳိဆိုေၾကာင္း ေျပာလာသူက ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ SNLD ရဲ႕ ဗဟုိအလုပ္အမႈေဆာင္ ေကာ္မတီဝင္ စိုင္းမ်ဳိးဇင္ ျဖစ္ပါတယ္။
“ ရွမ္းျပည္နယ္မွာ ေရြးေကာက္ပဲြ ပယ္ဖ်က္ခံရတဲ့ ေနရာတေတြက က်ေနာ္တုိ႔ပါတီ စိုးမိုးခဲ့တဲ့ ေနရာေတြလို႔ေတာင္ ေျပာလို႔ ရပါတယ္။ က်ေနာ္တုိ႔အေနနဲ႔ နစ္နာခဲ့တယ္လို႔ ဆိုလို႔ရပါတယ္။ အဲလုိဆိုေတာ့ ေရြးေကာက္ပဲြ ျပန္က်င္းပေပးဖို႔ ေမွ်ာ္လင့္ခ်က္ ထားတာေပါ့ေနာ္။ အထူးသျဖင့္ေတာ့ မိုင္းကုိင္ၿမဳိ႕နယ္ေပါ့ ။ မုိင္းကိုင္ဆုိရင္ ဘာမွလည္း စစ္ပဲြ ျဖစ္ေနတဲ့အေနအထား မဟုတ္ဘူး။ ခုေလာေလာဆယ္မွာ လုံၿခဳံေရးအရ ဘာျပႆနာမွလည္း မရွိဘူးဗ်။ အဲဒီေတာ့ မုိင္းကိုင္လို ၿမဳိ႕နယ္မ်ဳိးမွာ ဘာေၾကာင့္ ေရြးေကာက္ပဲြ မက်င္းပရသလဲဆိုတာကို က်ေနာ္တို႔ ပါတီဗဟုိဌာနခ်ဳပ္ကလည္း ေရြးေကာက္ပဲြ မတိုင္ခင္ ကတည္းက ေမးခြန္းထုတ္ခဲ့ဖူးပါတယ္။ က်ေနာ့္ တဦးတည္းေသာ သေဘာအရ ေျပာရရင္ ရွမ္းျပည္နယ္မွာ ပယ္ဖ်က္ခဲ့တဲ့ ေရြးေကာက္ပဲြ နယ္ေျမ ေတြေပါ့ အဲဒီမွာသာ ျပန္က်င္းပမယ္ဆိုရင္ ႀကဳိဆိုတယ္လို႔ပဲ က်ေနာ္ ေျပာခ်င္ပါတယ္။”

အဲဒီလို ရခုိင္နဲ႔ ရွမ္းျပည္နယ္ေတြမွာ ေရြးေကာက္ပဲြ ျပန္က်င္းပ ေပးႏုိင္မယ္ဆုိရင္ ျပည္သူေတြ မဲေပးပိုင္ခြင့္ကုိ အေလးထားရာ ေရာက္တယ္လို႔ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဒုဥကၠဌ ဦးဂြမ္ဂရမ္ ေအာင္ခမ္းက ျမင္ပါတယ္။

“ ဒီ ရခုိင္နဲ႔ ရွမ္းမွာ လစ္လပ္ေနတဲ့ ေနရာေတြ ၊ ရပ္စဲေနတဲ့ ေနရာေတြကို အစိုးရက ျပန္ၿပီးေတာ့မွ ေရြးေကာက္ပဲြ က်င္းပသင့္တယ္ဆိုတဲ့ ဟာကို က်ေနာ္တုိ႔ ေျပာလိုပါတယ္။ ေရြးေကာက္ပဲြ က်င္းပမယ္ဆို ႀကဳိဆိုပါတယ္။ ဒီ ပယ္ဖ်က္တဲ့ ၿမဳိ႕နယ္ေတြ ၊ ေရြးေကာက္ပဲြ မက်င္းပခဲ့တဲ့ ေနရာေတြက ျပည္သူလူထု ေတြဟာလည္း မဲဆႏၵ ေပးပိုင္ခြင့္ရွိတဲ့ လူေတြျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေရြးေကာက္ပဲြ က်င္းပျပဳလုပ္မယ္ဆိုရင္ ပိုၿပီးေတာ့မွ သင့္ေတာ္မယ္။ ေနာက္တခ်က္က ဒီ AA တပ္ဖဲြ႔ ကိုယ္တုိင္ကလည္း ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပဲြ က်င္းပေစခ်င္တဲ့ သေဘာရွိပါတယ္။ ဒါေၾကာင့္လည္း ျမန္မာစစ္တပ္ေရာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြေရာ ႏိုင္ငံေရးကို ႏိုင္ငံေရးနည္းအရ ေဆြးေႏြး တိုင္ပင္ၿပီးမွ ျပဳလုပ္သြားရင္ အနာဂတ္ ဖက္ဒရယ္ ဒီမုိကေရစီႏိုင္ငံအတြက္ အလြန္တရာမွ အက်ဳိးျပဳႏိုင္လိမ့္မယ္လို႔ က်ေနာ္ သုံးသပ္မိပါတယ္။”

ကခ်င္ျပည္နယ္မွာေတာ့ (၁၈) ၿမဳိ႕နယ္ရွိတဲ့ထဲက တခ်ဳိ႕ေသာ ေက်းရြာအုပ္စုေတြမွာ ေရြးေကာက္ပဲြ မက်င္းပႏုိင္ေပမယ့္ ၿမဳိ႕နယ္တိုင္းလိုလိုမွာ ျပည္သူအမ်ားစု မဲေပးႏိုင္ခဲ့ပါတယ္။

၂၀၂၀ ေရြးေကာက္ပဲြအတြင္း ရခုိင္ျပည္နယ္မွာ (၁၇)ၿမဳိ႕နယ္ ရွိတဲ့အနက္ ၿမဳိ႕နယ္ (၉)ခုမွာ ၿမဳိ႕လုံးကၽြတ္ ေရြးေကာက္ပဲြ ပယ္ဖ်က္ခဲ့သလို၊ ၿမဳိ႕နယ္ခဲြေပါင္း (၅၅)ခု ေက်ာ္ရွိတဲ့ ရွမ္းျပည္နယ္မွာဆိုရင္လည္း (၆) ၿမဳိ႕နယ္မွာ ၿမဳိ႕လုံးကၽြတ္ ေရြးေကာက္ပဲြ က်င္းပႏိုင္ျခင္း မရွိခဲ့ပါဘူး။

.............

ဖျက်သိမ်း မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲကျင်းပရေး တိုင်းရင်းသားပါတီတွေ ကြိုဆို

(Unicode)

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွင်း ပယ်ဖျက် ချန်လှပ်ထားခဲ့တဲ့ တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေမှာ အစိုးရက ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမယ်ဆိုရင် ကြိုဆိုကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်တချို့ ပြောဆိုလိုက်တဲ့အကြောင်းကို ကို ဉာဏ်ဝင်းအောင် တင်ပြပေးမှာပါ။

လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေ မရှိတာကြောင့်ဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အကြောင်းပြချက်နဲ့ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ရခိုင်၊ ရှမ်း ၊ ကချင်၊ ကရင်နဲ့မွန်ုပြည်နယ်ထဲက ဒေသတချို့မှာ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။

ဘာကြောင့် တရားမျှတမှု မရှိနိုင်ဘူးလဲ ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်က ရှင်းမပြခဲ့ပေမယ့် လေ့လာသုံးသပ်သူတွေကတော့ လုံခြုံရေး အာမခံချက် မရှိနိုင်ဘူးဆိုတဲ့ တပ်မတော်ရဲ့အကြံပြုချက် အပေါ်အခြေခံပြီး ရွေးကောက်ပွဲ မလုပ်ခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

အခုတော့ တိုက်ပွဲ အများဆုံးဖြစ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက ပယ်ဖျက် ချန်လှပ် ထားခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ဒီဇင်ဘာလ မကုန်ခင် ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးဖို့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသလို၊ အစိုးရ စစ်တပ် ဘက်ကလည်း AA ရဲ့တောင်းဆိုမှု အပေါ် ကြိုဆိုကြောင်းနဲ့ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တရက်ထဲမှာ ကြေညာချက် ထုတ်ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်ထဲက ကျန်လပ်နေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမယ်ဆိုရင် ကြိုဆိုကြောင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆင်သင့်ရှိကြောင်း ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဦးသာထွန်းလှက VOA ကို ပြောပါတယ်။

“ရခိုင်ပြည်နယ်က (၁၇)မြို့နယ်လုံးမှာ ရွေးကောက်ပွဲ မကျင်းပနိုင်လောက်တဲ့ မြို့နယ်ဆိုတာ မရှိဘူးလို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် တိုက်ပွဲ ဆိုတာကလည်း မြို့နယ်တမြို့နယ်က နေရာစုံမှာ တိုက်ပွဲ ဖြစ်နေတာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်လို့ရနိုင်တဲ့ အခင်းအကျင်းရှိနေတာ အမှန်ပဲ။ ကျနော်တို့ပါတီကတော့ အဲဒီ မြို့နယ်တွေမှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားပြီးသားဆိုတော့ တကယ်လို့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပမယ်ဆိုရင် ကျနော်တို့ ANP က ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိပါတယ်။”

အလားတူ မြို့နယ်တချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမယ်ဆိုရင် ကြိုဆိုကြောင်း ပြောလာသူက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စိုင်းမျိုးဇင် ဖြစ်ပါတယ်။
“ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ ပယ်ဖျက်ခံရတဲ့ နေရာတတွေက ကျနော်တို့ပါတီ စိုးမိုးခဲ့တဲ့ နေရာတွေလို့တောင် ပြောလို့ ရပါတယ်။ ကျနော်တို့အနေနဲ့ နစ်နာခဲ့တယ်လို့ ဆိုလို့ရပါတယ်။ အဲလိုဆိုတော့ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ မျှော်လင့်ချက် ထားတာပေါ့နော်။ အထူးသဖြင့်တော့ မိုင်းကိုင်မြို့နယ်ပေါ့ ။ မိုင်းကိုင်ဆိုရင် ဘာမှလည်း စစ်ပွဲ ဖြစ်နေတဲ့အနေအထား မဟုတ်ဘူး။ ခုလောလောဆယ်မှာ လုံခြုံရေးအရ ဘာပြဿနာမှလည်း မရှိဘူးဗျ။ အဲဒီတော့ မိုင်းကိုင်လို မြို့နယ်မျိုးမှာ ဘာကြောင့် ရွေးကောက်ပွဲ မကျင်းပရသလဲဆိုတာကို ကျနော်တို့ ပါတီဗဟိုဌာနချုပ်ကလည်း ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ကျနော့် တဦးတည်းသော သဘောအရ ပြောရရင် ရှမ်းပြည်နယ်မှာ ပယ်ဖျက်ခဲ့တဲ့ ရွေးကောက်ပွဲ နယ်မြေ တွေပေါ့ အဲဒီမှာသာ ပြန်ကျင်းပမယ်ဆိုရင် ကြိုဆိုတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

အဲဒီလို ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးနိုင်မယ်ဆိုရင် ပြည်သူတွေ မဲပေးပိုင်ခွင့်ကို အလေးထားရာ ရောက်တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒုဥက္ကဌ ဦးဂွမ်ဂရမ် အောင်ခမ်းက မြင်ပါတယ်။

“ ဒီ ရခိုင်နဲ့ ရှမ်းမှာ လစ်လပ်နေတဲ့ နေရာတွေ ၊ ရပ်စဲနေတဲ့ နေရာတွေကို အစိုးရက ပြန်ပြီးတော့မှ ရွေးကောက်ပွဲ ကျင်းပသင့်တယ်ဆိုတဲ့ ဟာကို ကျနော်တို့ ပြောလိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ်ဆို ကြိုဆိုပါတယ်။ ဒီ ပယ်ဖျက်တဲ့ မြို့နယ်တွေ ၊ ရွေးကောက်ပွဲ မကျင်းပခဲ့တဲ့ နေရာတွေက ပြည်သူလူထု တွေဟာလည်း မဲဆန္ဒ ပေးပိုင်ခွင့်ရှိတဲ့ လူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ်ဆိုရင် ပိုပြီးတော့မှ သင့်တော်မယ်။ နောက်တချက်က ဒီ AA တပ်ဖွဲ့ ကိုယ်တိုင်ကလည်း ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပစေချင်တဲ့ သဘောရှိပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော နိုင်ငံရေးကို နိုင်ငံရေးနည်းအရ ဆွေးနွေး တိုင်ပင်ပြီးမှ ပြုလုပ်သွားရင် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအတွက် အလွန်တရာမှ အကျိုးပြုနိုင်လိမ့်မယ်လို့ ကျနော် သုံးသပ်မိပါတယ်။”

ကချင်ပြည်နယ်မှာတော့ (၁၈) မြို့နယ်ရှိတဲ့ထဲက တချို့သော ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပေမယ့် မြို့နယ်တိုင်းလိုလိုမှာ ပြည်သူအများစု မဲပေးနိုင်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ်မှာ (၁၇)မြို့နယ် ရှိတဲ့အနက် မြို့နယ် (၉)ခုမှာ မြို့လုံးကျွတ် ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့သလို၊ မြို့နယ်ခွဲပေါင်း (၅၅)ခု ကျော်ရှိတဲ့ ရှမ်းပြည်နယ်မှာဆိုရင်လည်း (၆) မြို့နယ်မှာ မြို့လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။ 

 https://burmese.voanews.com/a/the-cancled-myanmar-ethnic-region-to-do-election-/5660496.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.