Breaking

November 15, 2020

ျမန္မာ ကိုဗစ္ဓာတ္ခဲြအတည္ျပဳ စုစုေပါင္း ၆၈,၉၉၄ ဦး၊ ေသဆံုး ၁,၅၇၇ ဦး

 



ရန္ကုန္ၿမိဳ႕ ကြာရမ္တင္းစင္တာတခုမွာ COVID-19 စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ေအာက္တိုဘာ ၁၆၊ ၂၀၂၀)
(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ ၉၈၃ ေယာက္နဲ႔ ေသဆုံးသူ ၂၅ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာလိုက္ပါတယ္။ ဒါေၾကာင့္ ျမန္မာႏုိင္ငံမွာ စုစုေပါင္း ေရာဂါကူးစက္ခံရသူ ၆၈,၉၉၄ ေယာက္နဲ႔ ေသဆုံးသူ စုစုေပါင္း ၁,၅၇၇ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီေန႔ေသဆုံးသူ ၂၅ ေယာက္ထဲက အေယာက္ ၂၀ ကေတာ့ နဂိုေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာ ဓာတ္ခဲြနမူနာ ၁၃,၃၄၇ ကို စစ္ေဆးခဲ့တာျဖစ္ၿပီး အခုဆုိရင္ ဓာတ္ခဲြနမူနာ စုစုေပါင္း ၉ သိန္းနီးနီးေလာက္ စစ္ေဆးခဲ့ၿပီးျဖစ္ပါတယ္။

ဒါ့အျပင္ ဒီေန႔မွာ ေနာက္ထပ္ ေဆး႐ုံကဆင္းခြင့္ရသူ ၉၈၉ ေယာက္ရွိတာေၾကာင့္ ေရာဂါသက္သာေပ်ာက္ကင္းၿပီး ေဆး႐ုံက ဆင္းခြင့္ရသူဦးေရ ၆၈,၉၉၄ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။

မေန႔ကေတာ့ ေရာဂါကူးစက္သူ ၁,၂၇၇ ေယာက္ရွိတာေၾကာင့္ ဒီေန႔မွာ ကူးစက္သူအေရအတြက္ က်ဆင္းသြားခဲ့တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။ မေန႔က ကူးစက္သူေတြထဲမွာ ရန္ကုန္တုိင္းေဒသႀကီးက ၈၇၂ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ၿပီး မႏၱေလးတုိင္းက ၁၂၀ နဲ႔ ဒုတိယ၊ ပဲခူးတုိင္းက ၈၅ ေယာက္နဲ႔ တတိယအမ်ားဆုံးျဖစ္ၿပီး ျပည္ပက ျပန္လာသူတေယာက္ ပါဝင္တယ္လို႔ ေျပာပါတယ္
 
 ---------------------------

(Unicode)

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၆၈,၉၉၄ ဦး၊ သေဆုံး ၁,၅၇၇ ဦး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၉၈၃ ယောက်နဲ့ သေဆုံးသူ ၂၅ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၆၈,၉၉၄ ယောက်နဲ့ သေဆုံးသူ စုစုပေါင်း ၁,၅၇၇ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့သေဆုံးသူ ၂၅ ယောက်ထဲက အယောက် ၂၀ ကတော့ နဂိုရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ဓာတ်ခွဲနမူနာ ၁၃,၃၄၇ ကို စစ်ဆေးခဲ့တာဖြစ်ပြီး အခုဆိုရင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၉ သိန်းနီးနီးလောက် စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မှာ နောက်ထပ် ဆေးရုံကဆင်းခွင့်ရသူ ၉၈၉ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသူဦးရေ ၆၈,၉၉၄ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ကတော့ ရောဂါကူးစက်သူ ၁,၂၇၇ ယောက်ရှိတာကြောင့် ဒီနေ့မှာ ကူးစက်သူအရေအတွက် ကျဆင်းသွားခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ မနေ့က ကူးစက်သူတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ၈၇၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၂၀ နဲ့ ဒုတိယ၊ ပဲခူးတိုင်းက ၈၅ ယောက်နဲ့ တတိယအများဆုံးဖြစ်ပြီး ပြည်ပက ပြန်လာသူတယောက် ပါဝင်တယ်လို့ ပြောပါတယ်။

 https://burmese.voanews.com/a/myanmar-covid-update-nov15/5663382.html

 
 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.