Breaking

November 16, 2020

အာဆီယံ-ကုလသမဂၢ ထိပ္သီးေတြ ရခိုင္အေရးေဆြးေႏြး


ရခုိင္ျပည္နယ္အတြင္း ပဋိပကၡမ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပးတိမ္းေရွာင္ၾကတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ေအာက္တုိဘာ ၁၆၊ ၂၀၁၇)
(Zawgyi / Unicode)

အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအသင္း အာဆီယံနဲ႔ ကုလသမဂၢ ထိပ္သီးေဆြးေႏြးပြဲမွာ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြ အပါအဝင္ ရခိုင္ျပည္နယ္အေရး ေဆြးေႏြးခဲ့ၾကပါတယ္။ အျပည့္အစုံကုိ မသိဂႌထုိက္ စုစည္းတင္ျပထားပါတယ္။

မၾကာခင္က က်င္းပခဲ့တဲ့ ျမန္မာ့ေရြးေကာက္ပြဲဟာဆိုရင္ ျမန္မာ့ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ပိုၿပီး တိုးတက္ေကာင္းမြန္လာေစဖို႔ ေနာက္ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြ ဌာေနျပန္ႏုိင္ေရးအတြက္ အေထာက္အကူျဖစ္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က အာဆီယံ-ကုလသမဂၢ ထိပ္သီးေဆြးေႏြးပြဲမွာ တိုက္တြန္းသြားပါတယ္။ ရခုိင္ျပႆနာ ေျဖရွင္းေရးက အစိုးရ ဒုတိယသက္တမ္းမွာလည္း ဦးစားေပးကိစၥအျဖစ္ ဆက္ၿပီးရွိေနေၾကာင္း ျမန္မာဘက္ကလည္း ကတိျပဳခဲ့တာပါ။

၁၁ ႀကိမ္ေျမာက္ အာဆီယံ-ကုလသမဂၢ ထိပ္သီးေဆြးေႏြးပြဲကို COVID-19 အေျခအေနေၾကာင့္ ဗီြဒီယိုကြန္းဖရင့္နဲ႔ က်င္းပခဲ့တာပါ။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ထိပ္သီးေဆြးေႏြးပြဲမွာ ဒုကၡသည္ေတြ ဌာေနျပန္ေရးကိစၥကုိ အခုလို ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။

“မၾကာခင္က က်င္းပခဲ့တဲ့ ျမန္မာ့ေရြးေကာက္ပြဲဟာဆိုရင္ ႏုိင္ငံတြင္း ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး တိုးတက္မႈအတြက္ အေထာက္အပံ့ျဖစ္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။ ေနာက္ ဒုကၡသည္ေတြ ေဘးကင္းလံုၿခံဳမႈရွိရွိ၊ လူ႔ဂုဏ္သိကၡာနဲ႔ အညီ ဌာေနျပန္ႏုိင္မယ့္ အေျခအေနမ်ိဳး ဖန္တီးေပးႏုိင္ေရး အေထာက္အကူျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ျပန္လည္ရင္ၾကားေစ့ေရးအတြက္ တာဝန္ယူမႈ တာဝန္ခံမႈက သိပ္ၿပီး အေရးႀကီးသလိုပဲ ျပႆနာရဲ႕ အရင္းခံ အေၾကာင္းရင္းကို ေျဖရွင္းႏုိင္ေရး ပိုၿပီး အားထုတ္ႀကိဳးပမ္းဖို႔နဲ႔ လူသားခ်င္း စာနာေထာက္ကူမႈဆိုင္ရာ ဝင္ေရာက္လုပ္ကိုင္ခြင့္တို႔လည္း တိုးတက္လာေစဖို႔ ေမွ်ာ္လင့္ပါတယ္။”

ျမန္မာအစိုးရရဲ႕ ဒုတိယသက္တမ္း ကာလမွာလည္း ဒုကၡသည္ေတြအေရး အပါအဝင္ ရခုိင္အေရး ေျဖရွင္းေရးကို ဦးစားေပး လုပ္ငန္းတခုအျဖစ္ ဆက္လက္ ထားရွိမယ့္အေၾကာင္း ဝန္ႀကီး ဦးေက်ာ္တင္က ေဆြးေႏြးခဲ့ပါတယ္။ ရခိုင္အေရးအတြက္ အာဆီယံ ေနာက္ ကုလသမဂၢတို႔နဲ႔ ျမန္မာဘက္က ပူးေပါင္းေဆာင္ရြက္မယ္လို႔လည္း ကတိျပဳခဲ့ပါတယ္။

႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကိုေတာ့ ျမန္မာဘက္က လက္မခံထားပါဘူး။ ဒါေပမယ့္လည္း ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးရသူေတြကို စိစစ္လက္ခံဖို႔ ကတိကဝတ္ ျပဳထားတဲ့အေၾကာင္း ဝန္ႀကီး ဦးေက်ာ္တင္က ေဆြးေႏြးသြားပါတယ္။

ၿပီးခဲ့တဲ့ အစိုးရသက္တမ္း ၅ ႏွစ္တာကာလ အတြင္းမွာေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ခိုလံႈေနၾကရတဲ့ ဒုကၡသည္ေတြ ဌာေနျပန္ေရး အေကာင္အထည္ မေပၚခဲ့သလို ရခုိင္ျပည္နယ္တြင္း ဒုကၡသည္စခန္းေတြမွာ ခိုလံႈေနၾကရသူေတြ အေရးလည္း မေျဖရွင္းႏုိင္ေသးပါဘူး။ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအသင္း အာဆီယံနဲ႔ ကုလသမဂၢ ထိပ္သီးေဆြးေႏြးပြဲမွာေတာ့ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကိုယ္စား ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။


-------------------------

(Unicode)

အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးတွေ ရခိုင်အရေးဆွေးနွေး

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အပါအဝင် ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မကြာခင်က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲဟာဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပိုပြီး တိုးတက်ကောင်းမွန်လာစေဖို့ နောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးအတွက် အထောက်အကူဖြစ်ဖို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာ တိုက်တွန်းသွားပါတယ်။ ရခိုင်ပြဿနာ ဖြေရှင်းရေးက အစိုးရ ဒုတိယသက်တမ်းမှာလည်း ဦးစားပေးကိစ္စအဖြစ် ဆက်ပြီးရှိနေကြောင်း မြန်မာဘက်ကလည်း ကတိပြုခဲ့တာပါ။

၁၁ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲကို COVID-19 အခြေအနေကြောင့် ဗွီဒီယိုကွန်းဖရင့်နဲ့ ကျင်းပခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ထိပ်သီးဆွေးနွေးပွဲမှာ ဒုက္ခသည်တွေ ဌာနေပြန်ရေးကိစ္စကို အခုလို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“မကြာခင်က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုးတက်မှုအတွက် အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နောက် ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်နိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးနိုင်ရေး အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။ ပြန်လည်ရင်ကြားစေ့ရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုက သိပ်ပြီး အရေးကြီးသလိုပဲ ပြဿနာရဲ့ အရင်းခံ အကြောင်းရင်းကို ဖြေရှင်းနိုင်ရေး ပိုပြီး အားထုတ်ကြိုးပမ်းဖို့နဲ့ လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ ဝင်ရောက်လုပ်ကိုင်ခွင့်တို့လည်း တိုးတက်လာစေဖို့ မျှော်လင့်ပါတယ်။”

မြန်မာအစိုးရရဲ့ ဒုတိယသက်တမ်း ကာလမှာလည်း ဒုက္ခသည်တွေအရေး အပါအဝင် ရခိုင်အရေး ဖြေရှင်းရေးကို ဦးစားပေး လုပ်ငန်းတခုအဖြစ် ဆက်လက် ထားရှိမယ့်အကြောင်း ဝန်ကြီး ဦးကျော်တင်က ဆွေးနွေးခဲ့ပါတယ်။ ရခိုင်အရေးအတွက် အာဆီယံ နောက် ကုလသမဂ္ဂတို့နဲ့ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာဘက်က လက်မခံထားပါဘူး။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရသူတွေကို စိစစ်လက်ခံဖို့ ကတိကဝတ် ပြုထားတဲ့အကြောင်း ဝန်ကြီး ဦးကျော်တင်က ဆွေးနွေးသွားပါတယ်။

ပြီးခဲ့တဲ့ အစိုးရသက်တမ်း ၅ နှစ်တာကာလ အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေ ဌာနေပြန်ရေး အကောင်အထည် မပေါ်ခဲ့သလို ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရသူတွေ အရေးလည်း မဖြေရှင်းနိုင်သေးပါဘူး။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

 https://burmese.voanews.com/a/asean-un-rakhine/5663653.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.