Breaking

November 2, 2020

ျမန္မာ့ေရြးေကာက္ပြဲ တရားမွ်တမႈအေရး ကုလသမဂၢ သတိေပး

 

 ေအာက္တိုဘာလ ၁၇ ရက္ေန႔က ကမာရြတ္ၿမိဳ႕နယ္မွာ ၾကိဳတင္မဲေပးႏိုင္ဖို႔ ၾကိဳတင္ျပင္ဆင္ေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Nay Yan Oo (ေနယံဦး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း)'s Facebook - ေအာက္တိုဘာ ၁၇၊ ၂၀၂၀)


(Zawgyi / Unicode)

ျမန္မာႏုိင္ငံရဲ႕ ခြဲျခားဆက္ဆံထားတဲ့ ႏုိင္ငံသားျဖစ္ခြင့္ ဥပေဒ၊ ေနာက္ ေရြးေကာက္ပြဲဆိုင္ရာ ဥပေဒေတြေၾကာင့္ ေရွ႕သီတင္းပတ္ က်င္းပမယ့္ ျမန္မာ့ေရြးေကာက္ပြဲ တရားမွ်တမႈဟာ ေမးခြန္းထုတ္စရာ ျဖစ္ေနၿပီး ႏုိင္ငံရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ဆိုတာမွာ ထိခိုက္ႏုိင္ေျခရွိေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက သတိေပးထားပါတယ္။ ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာကေန Lisa Schlein က ဗီြအိုေအအတြက္ သတင္းေဆာင္းပါး ေပးပို႔ထားတာကို မသိဂႌထုိက္ တင္ျပေပးထားပါတယ္။

ႏုိဝင္ဘာလ ၈ ရက္ က်င္းပမယ့္ ျမန္မာ့ေရြးေကာက္ပြဲ အႀကိဳကာလမွာ စည္းမ်ဥ္းသတ္မွတ္ခ်က္သစ္ေတြ ခ်မွတ္ က်င့္သံုးမႈေၾကာင့္ ႏုိင္ငံေရး လုပ္ငန္းစဥ္အတြင္း ျပည္သူေတြရဲ႕ ပါဝင္ခြင့္ကို ထပ္ၿပီး ကန္႔သတ္မႈ ျဖစ္ေစတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး႐ုံးက ေျပာပါတယ္။ အမ်ားစု ႐ုိက္ခတ္ခံရသူေတြကေတာ့ ရခိုင္ျပည္နယ္တြင္းက ရခိုင္တိုင္းရင္းသား လူထုနဲ႔ ႐ုိဟင္ဂ်ာ မြတ္စလင္ေတြ ျဖစ္ပါတယ္။ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို ျမန္မာအစိုးရက လက္မခံပါဘူး။ ေအာက္တိုဘာလလယ္ပိုင္းမွာ ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ဆံုးျဖတ္ ေၾကညာခ်က္ေတြေၾကာင့္ အထူးသျဖင့္ ဒီလူနည္းစုေတြရဲ႕ မဲေပးခြင့္ ဆံုး႐ႈံးသြားေစတယ္လို႔လည္း ကုလသမဂၢ လူ႔အခြင့္အေရး႐ုံး ေျပာခြင့္ရ Ravina Shamdasani က ဗီြအိုေအကို ေျပာပါတယ္။

“မဲေပးႏုိင္ေပမယ့္လည္း ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ ေရြးေကာက္ပြဲက မလုပ္ပါဘူး။ နုိင္ငံတဝန္းမွာ ေရြးေကာက္ပြဲမလုပ္တာ ၅၆ ၿမိဳ႕နယ္ ရွိပါတယ္။ ဒီထဲမွာ ရခုိင္မွာ လံုးဝ မဲေပးခြင့္မရတဲ့ ၿမိဳ႕နယ္ ၉ ခု ပါဝင္ပါတယ္။”

လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ သတင္းအခ်က္အလက္ ရရွိခြင့္ ကန္႔သတ္ခ်က္ေတြကိုေတာ့ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက ဆက္တိုက္ ေဝဖန္ေနတာပါ။ ရခိုင္နဲ႔ ခ်င္းျပည္နယ္တြင္းက ၿမိဳ႕နယ္ ၈ ခုမွာ အင္တာနက္ ဆက္ၿပီး ပိတ္ထားတာေၾကာင့္ ေဒသခံေတြၾကား သတင္းဖလွယ္ေရး အႀကီးအက်ယ္ အဟန္႔အတား ျဖစ္ေစတယ္လို႔လည္း မွတ္ခ်က္ေပးပါတယ္။ ႏုိင္ငံတြင္း COVID-19 အေျခအေန ပုိဆိုးလာေနတာကို သံုးၿပီး သတ္မွတ္ေဒသတခ်ိဳ႕မွာ အသြားအလာ ကန္႔သတ္တားျမစ္ခ်က္ေတြ ခ်မွတ္ထားတယ္လို႔လည္း ေျပာခြင့္ရ Shamdasani က ေျပာပါတယ္။

“ဒီညႊန္ၾကားခ်က္ေတြကို ၾကည့္မယ္ဆိုရင္လည္း ဥပမာအားျဖင့္ သတင္းေထာက္ေတြကို မျဖစ္မေန အျပင္ထြက္စရာ မလုိသူေတြအျဖစ္ သတ္မွတ္ထားပါတယ္။ ဒီအခ်က္ဟာဆိုရင္ သတင္းသမားေတြ အျပင္ထြက္ၿပီး ေရြးေကာက္ပြဲသတင္းေတြ ရယူဖို႔၊ မဲဆြယ္စည္း႐ုံးမႈေတြမွာ မုန္းတီးေစေရး လံႈ႔ေဆာ္ေျပာဆိုတာေတြ၊ မဲေပးခြင့္ ဆံုး႐ႈံးတာေတြကို သတင္းယူဖို႔ အတားအဆီး ျဖစ္ေစပါတယ္။ ဒါေတြအားလံုးဟာ သိပ္ကို စိုးရိမ္စရာ ေကာင္းပါတယ္။”

အစိုးရ တာဝန္ရွိသူေတြ၊ ကိုယ္စားလွယ္ေလာင္းေတြ အေနနဲ႔ မုန္းတီးမႈအေရး လံႈ႔ေဆာ္ ေျပာဆိုမႈေတြကို အစိုးရဘက္က ျပတ္ျပတ္သားသား ႐ႈတ္ခ်ၿပီး သည္းခံမႈနဲ႔ ခြဲျခားဆက္ဆံမႈ မရွိေစေရး ျမႇင့္တင္ေဆာင္ရြက္ဖို႔လည္း ကုလသမဂၢ ေအဂ်င္စီက ေတာင္းဆိုပါတယ္။ ႏုိင္ငံေရးမွာ ပါဝင္ခြင့္ကို အာမခံခ်က္ေပးႏုိင္ေရး အစိုးရဘက္က ေဆာင္ရြက္ဖို႔လည္း ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက တိုက္တြန္းထားပါတယ္။

-----------------------

(Unicode)

မြန်မာ့ရွေးကောက်ပွဲ တရားမျှတမှုအရေး ကုလသမဂ္ဂ သတိပေး

မြန်မာနိုင်ငံရဲ့ ခွဲခြားဆက်ဆံထားတဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေ၊ နောက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကြောင့် ရှေ့သီတင်းပတ် ကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲ တရားမျှတမှုဟာ မေးခွန်းထုတ်စရာ ဖြစ်နေပြီး နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုတာမှာ ထိခိုက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက သတိပေးထားပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကနေ Lisa Schlein က ဗွီအိုအေအတွက် သတင်းဆောင်းပါး ပေးပို့ထားတာကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၈ ရက် ကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲ အကြိုကာလမှာ စည်းမျဉ်းသတ်မှတ်ချက်သစ်တွေ ချမှတ် ကျင့်သုံးမှုကြောင့် နိုင်ငံရေး လုပ်ငန်းစဉ်အတွင်း ပြည်သူတွေရဲ့ ပါဝင်ခွင့်ကို ထပ်ပြီး ကန့်သတ်မှု ဖြစ်စေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ပြောပါတယ်။ အများစု ရိုက်ခတ်ခံရသူတွေကတော့ ရခိုင်ပြည်နယ်တွင်းက ရခိုင်တိုင်းရင်းသား လူထုနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံပါဘူး။ အောက်တိုဘာလလယ်ပိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ် ကြေညာချက်တွေကြောင့် အထူးသဖြင့် ဒီလူနည်းစုတွေရဲ့ မဲပေးခွင့် ဆုံးရှုံးသွားစေတယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရ Ravina Shamdasani က ဗွီအိုအေကို ပြောပါတယ်။

“မဲပေးနိုင်ပေမယ့်လည်း မြို့နယ်အတော်များများမှာ ရွေးကောက်ပွဲက မလုပ်ပါဘူး။ နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲမလုပ်တာ ၅၆ မြို့နယ် ရှိပါတယ်။ ဒီထဲမှာ ရခိုင်မှာ လုံးဝ မဲပေးခွင့်မရတဲ့ မြို့နယ် ၉ ခု ပါဝင်ပါတယ်။”

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရရှိခွင့် ကန့်သတ်ချက်တွေကိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဆက်တိုက် ဝေဖန်နေတာပါ။ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက မြို့နယ် ၈ ခုမှာ အင်တာနက် ဆက်ပြီး ပိတ်ထားတာကြောင့် ဒေသခံတွေကြား သတင်းဖလှယ်ရေး အကြီးအကျယ် အဟန့်အတား ဖြစ်စေတယ်လို့လည်း မှတ်ချက်ပေးပါတယ်။ နိုင်ငံတွင်း COVID-19 အခြေအနေ ပိုဆိုးလာနေတာကို သုံးပြီး သတ်မှတ်ဒေသတချို့မှာ အသွားအလာ ကန့်သတ်တားမြစ်ချက်တွေ ချမှတ်ထားတယ်လို့လည်း ပြောခွင့်ရ Shamdasani က ပြောပါတယ်။

“ဒီညွှန်ကြားချက်တွေကို ကြည့်မယ်ဆိုရင်လည်း ဥပမာအားဖြင့် သတင်းထောက်တွေကို မဖြစ်မနေ အပြင်ထွက်စရာ မလိုသူတွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒီအချက်ဟာဆိုရင် သတင်းသမားတွေ အပြင်ထွက်ပြီး ရွေးကောက်ပွဲသတင်းတွေ ရယူဖို့၊ မဲဆွယ်စည်းရုံးမှုတွေမှာ မုန်းတီးစေရေး လှုံ့ဆော်ပြောဆိုတာတွေ၊ မဲပေးခွင့် ဆုံးရှုံးတာတွေကို သတင်းယူဖို့ အတားအဆီး ဖြစ်စေပါတယ်။ ဒါတွေအားလုံးဟာ သိပ်ကို စိုးရိမ်စရာ ကောင်းပါတယ်။”

အစိုးရ တာဝန်ရှိသူတွေ၊ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မုန်းတီးမှုအရေး လှုံ့ဆော် ပြောဆိုမှုတွေကို အစိုးရဘက်က ပြတ်ပြတ်သားသား ရှုတ်ချပြီး သည်းခံမှုနဲ့ ခွဲခြားဆက်ဆံမှု မရှိစေရေး မြှင့်တင်ဆောင်ရွက်ဖို့လည်း ကုလသမဂ္ဂ အေဂျင်စီက တောင်းဆိုပါတယ်။ နိုင်ငံရေးမှာ ပါဝင်ခွင့်ကို အာမခံချက်ပေးနိုင်ရေး အစိုးရဘက်က ဆောင်ရွက်ဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တိုက်တွန်းထားပါတယ်။

 

 

 

 

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.