Breaking

November 2, 2020

အႀကိတ္အနယ္ယွဥ္ရမယ့္ ျပည္နယ္ေတြ Trump နဲ႔ Biden အဓိကစည္း႐ုံး

 


အၿပိဳင္အဆုိင္ မဲဆြယ္ေနၾကတဲ့ သမၼတ Donald Trump နဲ႔ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden. (ေအာက္တိုဘာ ၃၁၊ ၂၀၂၀)
(Zawgyi / Unicode)

မနက္ျဖန္ အဂၤါေန႔ဆိုရင္ အေမရိကန္ သမၼတေရြးေကာက္ပြဲ က်င္းပေတာ့မွာျဖစ္လို႔ ရီပတ္ဘလစ္ကန္ပါတီက သမၼတ Donald Trump နဲ႔ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden တုိ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရဖို႔ရွိတဲ့ ျပည္နယ္ေတြမွာ အၿပိဳင္ မဲဆြယ္ေနၾကပါတယ္။

သမၼတ Trump ကေတာ့ ၅ ျပည္နယ္ စည္း႐ုံးေရးခရီးစဥ္အျဖစ္ မစ္ရွီဂန္ျပည္နယ္က စတင္ၿပီး အိုင္အိုဝါ၊ ေျမာက္ကာ႐ိုလိုင္းနား၊ ေဂ်ာ္ဂ်ီယာနဲ႔ ဖေလာ္ရီဒါ ျပည္နယ္ေတြမွာ ေရြးေကာက္ပြဲ မက်င္းပခင္ လူထုစုေဝးပြဲေတြ က်င္းပဖို႔ စီစဥ္ထားပါတယ္။ မစ္ရွီဂန္ျပည္နယ္ဟာ ၂၀၁၆ ေရြးေကာက္ပြဲတုန္းက ၿပိဳင္ဘက္ Hillary Clinton ကို မေမွ်ာ္လင့္ဘဲ မဲ ၁၁,၀၀၀ ေတာင္ မျပည့္တဲ့ အသာနဲ႔ သမၼတ Trump အႏိုင္ရခဲ့တဲ့ ျပည္နယ္ပါ။

မစ္ရွီဂန္၊ ဝစၥကြန္ဆင္နဲ႔ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ သုံးျပည္နယ္ဟာ အစဥ္အလာအားျဖင့္ ဒီမိုကရက္ေတြ အခိုင္အမာရွိတဲ့ ျပည္နယ္ေတြျဖစ္ေပမယ့္ ၂၀၁၆ တုန္းက သမၼတ Trump က ပြတ္ကာသီကာနဲ႔ အႏိုင္ရခဲ့ပါတယ္။

ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden ကေတာ့ မနက္ျဖန္ေရြးေကာက္ပြဲမွာ ဒီျပည္နယ္သုံးခုကို သူ အႏိုင္ရမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

လူထုစစ္တမ္းေတြမွာလည္း Joe Biden ကပဲ လူထုေထာက္ခံမႈ ပိုရေနတယ္လို႔ ေဖာ္ျပၾကပါတယ္။

အရင္ ၂၀၁၆ တုန္းက Hillary Clinton ႏိုင္ခဲ့တဲ့ ျပည္နယ္ေတြအားလုံးမွာ Joe Biden ႏိုင္ဖို႔ ေရွ႕ကေျပးေနတယ္လို႔ လူထုစစ္တမ္းေတြမွာ ေဖာ္ျပတာေၾကာင့္ မစ္ရွီဂန္၊ ဝစၥကြန္ဆင္နဲ႔ ပန္ဆယ္လ္ေဗးနီးယား ျပည္နယ္သုံးခုမွာပါ ထပ္ႏိုင္မယ္ဆိုရင္ Joe Biden အတြက္ သမၼတေရြးေကာက္ပြဲ အႏိုင္ရဖို႔ လမ္းပြင့္သြားေစႏိုင္ပါတယ္။

သမၼတ Trump ရဲ႕ ႏိုင္ငံေရးအနာဂတ္ကို အဓိက ဆုံးျဖတ္ေပးႏိုင္တဲ့ ျပည္နယ္ေတြလည္း ျဖစ္ေနပါတယ္။

ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden လည္း ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ ဖီလာဒဲလ္ဖီးယားၿမိဳ႕မွာ သူ႔ကိုေထာက္ခံတဲ့ လူထုကို မဲဆြယ္မိန႔္ခြန္း ေျပာၾကားပါတယ္။ စေနေန႔တုန္းကေတာ့ မစ္ရွီဂန္ျပည္နယ္ ဒက္ထ႐ြိဳက္ၿမိဳ႕မွာ က်င္းပတဲ့ မဲဆြယ္ပြဲမွာ သမၼတေဟာင္း Barack Obama လည္း Joe Biden အတြက္ လိုက္ပါ မဲဆြယ္စည္း႐ုံးေပးခဲ့ပါတယ္။


(Unicode)

အကြိတ်အနယ်ယှဉ်ရမယ့် ပြည်နယ်တွေ Trump နဲ့ Biden အဓိကစည်းရုံး

မနက်ဖြန် အင်္ဂါနေ့ဆိုရင် အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်လို့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိတဲ့ ပြည်နယ်တွေမှာ အပြိုင် မဲဆွယ်နေကြပါတယ်။

သမ္မတ Trump ကတော့ ၅ ပြည်နယ် စည်းရုံးရေးခရီးစဉ်အဖြစ် မစ်ရှီဂန်ပြည်နယ်က စတင်ပြီး အိုင်အိုဝါ၊ မြောက်ကာရိုလိုင်းနား၊ ဂျော်ဂျီယာနဲ့ ဖလော်ရီဒါ ပြည်နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပခင် လူထုစုဝေးပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။ မစ်ရှီဂန်ပြည်နယ်ဟာ ၂၀၁၆ ရွေးကောက်ပွဲတုန်းက ပြိုင်ဘက် Hillary Clinton ကို မမျှော်လင့်ဘဲ မဲ ၁၁,၀၀၀ တောင် မပြည့်တဲ့ အသာနဲ့ သမ္မတ Trump အနိုင်ရခဲ့တဲ့ ပြည်နယ်ပါ။

မစ်ရှီဂန်၊ ဝစ္စကွန်ဆင်နဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ် သုံးပြည်နယ်ဟာ အစဉ်အလာအားဖြင့် ဒီမိုကရက်တွေ အခိုင်အမာရှိတဲ့ ပြည်နယ်တွေဖြစ်ပေမယ့် ၂၀၁၆ တုန်းက သမ္မတ Trump က ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden ကတော့ မနက်ဖြန်ရွေးကောက်ပွဲမှာ ဒီပြည်နယ်သုံးခုကို သူ အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။

လူထုစစ်တမ်းတွေမှာလည်း Joe Biden ကပဲ လူထုထောက်ခံမှု ပိုရနေတယ်လို့ ဖော်ပြကြပါတယ်။

အရင် ၂၀၁၆ တုန်းက Hillary Clinton နိုင်ခဲ့တဲ့ ပြည်နယ်တွေအားလုံးမှာ Joe Biden နိုင်ဖို့ ရှေ့ကပြေးနေတယ်လို့ လူထုစစ်တမ်းတွေမှာ ဖော်ပြတာကြောင့် မစ်ရှီဂန်၊ ဝစ္စကွန်ဆင်နဲ့ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်သုံးခုမှာပါ ထပ်နိုင်မယ်ဆိုရင် Joe Biden အတွက် သမ္မတရွေးကောက်ပွဲ အနိုင်ရဖို့ လမ်းပွင့်သွားစေနိုင်ပါတယ်။

သမ္မတ Trump ရဲ့ နိုင်ငံရေးအနာဂတ်ကို အဓိက ဆုံးဖြတ်ပေးနိုင်တဲ့ ပြည်နယ်တွေလည်း ဖြစ်နေပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden လည်း ပန်ဆယ်လ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့မှာ သူ့ကိုထောက်ခံတဲ့ လူထုကို မဲဆွယ်မိန့်ခွန်း ပြောကြားပါတယ်။ စနေနေ့တုန်းကတော့ မစ်ရှီဂန်ပြည်နယ် ဒက်ထရွိုက်မြို့မှာ ကျင်းပတဲ့ မဲဆွယ်ပွဲမှာ သမ္မတဟောင်း Barack Obama လည်း Joe Biden အတွက် လိုက်ပါ မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်။

 https://burmese.voanews.com/a/trump-biden-campaign/5644273.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.