Breaking

January 8, 2021

အာဏာလႊဲေျပာင္းေရး ေခ်ာေမြ႔ေစပါမယ္လို႔ သမၼတထရမ့္ပ္ အာမခံ

 မိဳ႕ေတာ္ ဝါရွင္တန္ဒီစီ သမၼတအိမ္ျဖဴေတာ္နားမွာ ေထာက္ခံသူေတြကို မိန္႔ခြန္းေျပာၾကားေနတဲ့ သမၼတ Donald Trump။ (ဇန္နဝါရီ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

ဇန္နဝါရီလ ၂၀ ရက္ေန႔က်ရင္ အေမရိကန္အစိုးရအဖြဲ႔ အာဏာလႊဲေျပာင္းေရး ေခ်ာေမြ႔ေစရပါမယ္လုိ႔ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က ေျပာလိုက္ပါတယ္။

အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ Joe Biden အႏုိင္ရေၾကာင္း လႊတ္ေတာ္က တရားဝင္ အတည္ျပဳခဲ့ၿပီး မိနစ္ပိုင္းအၾကာမွာပဲ အိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ "ေရြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီး က်ေနာ္ လံုးဝ သေဘာမတူပါဘူး။၊ ဒီလိုသေဘာမတူရတာကလည္း ခုိင္လံုတဲ့အေထာက္အထားေတြရွိပါတယ္။၊ ဒါေပမဲ့ ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ ေခ်ာေမြ႔တဲ့ အာဏာလႊဲေျပာင္းမႈျဖစ္ေစရပါမယ္။" လို႔ ေဖာ္ျပထားပါတယ္။

"ဥပေဒနဲ႔ကိုက္ညီတဲ့ ဆႏၵမဲေတြကိုပဲ ေရတြက္ေရး ေသခ်ာေစဖို႔ က်ေနာ္တို႔ ဆက္ၿပီး တိုက္ပြဲဝင္သြားမယ္ဆိုတာ က်ေနာ္ အျမဲပဲေျပာခဲ့ပါတယ္။ သမၼတသမိုင္းမွာ အေကာင္းဆံုး ပထမသက္တမ္းရဲဲ႕ အဆံုးသတ္ကို ေရာက္လာေပမဲ့လည္း ဒါဟာ အေမရိကန္ျပည္ေထာင္စု ျပန္ၿပီး ႀကီးျမတ္ ေအာင္ျမင္ေစေရး က်ေနာ္တုိ႔တိုက္ပဲြရဲ႕ နိဒါန္းပဲျဖစ္ပါတယ္။" လို႔ သမၼတထရမ့္ပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

သမၼတထရမ့္ပ္ကို ဗုဒၶဟူးညေနပိုင္းကစၿပီး Twitter က ၁၂ နာရီၾကာ ပိတ္ထားတဲ့အတြက္ အခုထုတ္ျပန္ခ်က္ကို သမၼတရဲ႕ ဆိုရွယ္မီဒီယာ ဒါ႐ိုက္တာ Dan Scavino က Twitter မွာ ဒီကေန႔မနက္ အေစာပိုင္းက ေရးတင္ခဲ့တာပါ။

Facebook နဲ႔ Instagram လူမႈကြန္ယက္ေတြကလည္း သမၼတရဲ႕ အေကာင့္ေတြကို ၂၄ နာရီပိတ္ထားပါတယ္။ ဗုဒၶဟူးေန႔တုန္းက သမၼတ Trump အေပၚ ေထာက္ခံသူေတြ လႊတ္ေတာ္အေဆာက္အဦးကို အတင္းဖ်က္စီးဝင္ေရာက္ခဲ့ၾကတာနဲ႔အတူ အခုလိုလူမႈကြန္ယက္ကုမၸဏီေတြက ကန္႔သတ္လိုက္ၾကတာျဖစ္ပါတယ္။ အတင္းဝင္ေရာက္သူေတြကို အိမ္ျပန္ၾကဖို႔သမၼတ ထုတ္ျပန္တဲ့ ဗီဒီယိုကိုလည္း ဖယ္႐ွားခဲ့ၾကပါတယ္။

ဗီဒီယုိထဲမွာ ေ႐ြးေကာက္ပြဲဟာ မသမာဘူးလို႔သမၼတက ေျပာၾကားထားသလို လႊတ္ေတာ္အေဆာက္အဦးဆီသြားၾကဖုိ႔ သမၼတက ေထာက္ခံသူေတြကို တိုက္တြန္းထားပါတယ္။ သမၼတရဲ႕ ေျပာၾကားခ်က္ေတြဟာ အေထာက္အထားမ႐ွိသလို အၾကမ္းဖက္မႈကို ဆက္ျဖစ္ေစႏိုင္တာမို႔ အေရးေပၚ ေဆာင္႐ြက္တာျဖစ္တယ္လို႔ Facebook ကေျပာခဲ့သလို သမၼတရဲ႕ ဗီဒီယိုဟာ အၾကမ္းဖက္မႈအားေပးရာေရာက္တယ္လို႔ဆိုၿပီး Twitter ကလည္း ထပ္မံဆင့္ပြား Tweet လုပ္တာေတြကို ပိတ္ပင္ခဲ့ပါတယ္။ YouTube ကလည္း မမွန္ကန္တဲ့အခ်က္အလက္ေတြ ေဖာ္ျပထားတဲ့ ဗီဒီယိုျဖစ္တာမို႔ သူတို႔ ကုမၸဏီမူဝါဒနဲ႔ မကိုက္ညီဘူးလို႔ ေျပာၾကားခဲ့ပါတယ္။


[Unicode Version]

အာဏာလွှဲပြောင်းရေး ချောမွေ့စေပါမယ်လို့ သမ္မတထရမ့်ပ် အာမခံ

ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင် အမေရိကန်အစိုးရအဖွဲ့ အာဏာလွှဲပြောင်းရေး ချောမွေ့စေရပါမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Joe Biden အနိုင်ရကြောင်း လွှတ်တော်က တရားဝင် အတည်ပြုခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ "ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ကျနော် လုံးဝ သဘောမတူပါဘူး။၊ ဒီလိုသဘောမတူရတာကလည်း ခိုင်လုံတဲ့အထောက်အထားတွေရှိပါတယ်။၊ ဒါပေမဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ချောမွေ့တဲ့ အာဏာလွှဲပြောင်းမှုဖြစ်စေရပါမယ်။" လို့ ဖော်ပြထားပါတယ်။

"ဥပဒေနဲ့ကိုက်ညီတဲ့ ဆန္ဒမဲတွေကိုပဲ ရေတွက်ရေး သေချာစေဖို့ ကျနော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်ဆိုတာ ကျနော် အမြဲပဲပြောခဲ့ပါတယ်။ သမ္မတသမိုင်းမှာ အကောင်းဆုံး ပထမသက်တမ်းရဲ့ အဆုံးသတ်ကို ရောက်လာပေမဲ့လည်း ဒါဟာ အမေရိကန်ပြည်ထောင်စု ပြန်ပြီး ကြီးမြတ် အောင်မြင်စေရေး ကျနော်တို့တိုက်ပွဲရဲ့ နိဒါန်းပဲဖြစ်ပါတယ်။" လို့ သမ္မတထရမ့်ပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

သမ္မတထရမ့်ပ်ကို ဗုဒ္ဓဟူးညနေပိုင်းကစပြီး Twitter က ၁၂ နာရီကြာ ပိတ်ထားတဲ့အတွက် အခုထုတ်ပြန်ချက်ကို သမ္မတရဲ့ ဆိုရှယ်မီဒီယာ ဒါရိုက်တာ Dan Scavino က Twitter မှာ ဒီကနေ့မနက် အစောပိုင်းက ရေးတင်ခဲ့တာပါ။

Facebook နဲ့ Instagram လူမှုကွန်ယက်တွေကလည်း သမ္မတရဲ့ အကောင့်တွေကို ၂၄ နာရီပိတ်ထားပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက သမ္မတ Trump အပေါ် ထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးကို အတင်းဖျက်စီးဝင်ရောက်ခဲ့ကြတာနဲ့အတူ အခုလိုလူမှုကွန်ယက်ကုမ္ပဏီတွေက ကန့်သတ်လိုက်ကြတာဖြစ် ပါတယ်။ အတင်းဝင်ရောက်သူတွေကို အိမ်ပြန်ကြဖို့သမ္မတ ထုတ်ပြန်တဲ့ ဗီဒီယိုကိုလည်း ဖယ်ရှားခဲ့ကြပါတယ်။

ဗီဒီယိုထဲမှာ ရွေးကောက်ပွဲဟာ မသမာဘူးလို့သမ္မတက ပြောကြားထားသလို လွှတ်တော်အဆောက် အဦးဆီသွားကြဖို့ သမ္မတက ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။ သမ္မတရဲ့ ပြောကြားချက်တွေဟာ အထောက်အထားမရှိသလို အကြမ်းဖက်မှုကို ဆက်ဖြစ်စေနိုင်တာမို့ အရေးပေါ် ဆောင်ရွက်တာဖြစ်တယ်လို့ Facebook ကပြောခဲ့သလို သမ္မတရဲ့ ဗီဒီယိုဟာ အကြမ်းဖက်မှုအားပေးရာရောက်တယ်လို့ဆိုပြီး Twitter ကလည်း ထပ်မံဆင့်ပွား Tweet လုပ်တာတွေကို ပိတ်ပင်ခဲ့ပါတယ်။ YouTube ကလည်း မမှန်ကန်တဲ့အချက်အလက်တွေ ဖော်ပြထားတဲ့ ဗီဒီယိုဖြစ်တာမို့ သူတို့ ကုမ္ပဏီမူဝါဒနဲ့ မကိုက်ညီဘူးလို့ ပြောကြားခဲ့ပါတယ်။ 

 https://burmese.voanews.com/a/trump-transition-power/5728339.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.