Breaking

January 8, 2021

၀ါရွင္တန္ၿမိဳ႔ေတာ္ လႊတ္ေတာ္ နဲ႔ အစိုးရရံုးမ်ား လံုၿခံဳေရး ရဲတပ္ဖဲြ႔အႀကီးအကဲ ရာထူးမွ ႏုတ္ထြက္မည္

  

Capitol Police- ရဲတပ္ဖြဲ႔အႀကီးအကဲ Steven A. Sound (Supplied: United States Capitol Police)

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု လႊတ္ေတာ္အေဆာက္အဦးေတြနဲ႔ ၀ါရွင္တန္ ဒီစီၿမိဳ႕မွာရွိတဲ့ အစုိးရအေဆာက္အဦးေတြရဲ႕ လုံၿခံဳေရးကုိ တာ၀န္ယူရတဲ့ (Capitol Police) ရဲတပ္ဖြဲ႔အႀကီးအကဲ Steven A. Sound ဟာ ဇန္န၀ါရီလ ၁၆ ရက္ေန႔မွာ ရာထူးကေန ႏုတ္ထြက္မယ့္အေၾကာင္း အေမရိကန္ သတင္းမီဒီယာေတြမွာ ၾကာသပေတးေန႔က ေဖာ္ျပထားပါတယ္။

ဇန္န၀ါရီလ ၆ ရက္၊ ဗုဒၶဟူးေန႔က လႊတ္ေတာ္အေဆာက္အဦးကုိ သမၼတ Donald Trump ကုိ ေထာက္ခံသူေတြက ၀င္ေရာက္ စီးနင္းခဲ့ၾကတဲ့ျဖစ္စဥ္နဲ႔ ပတ္သက္လုိ႔ လႊတ္ေတာ္အတြက္ လုံၿခံဳေရးတာ၀န္ယူရတဲ့ ရဲတပ္ဖြဲ႔အေပၚ အျပစ္တင္ ေျပာဆုိမႈေတြ ထြက္ေပၚလာၿပီး မၾကာခင္မွာဘဲ သူ႔အေနနဲ႔ ရာထူးက မၾကာခင္မွာ ႏုတ္ထြက္မယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚလာတာပါ။

ေရြးေကာက္ခံသမၼတ Joe Biden က်မ္းသစၥာက်ိန္ဆုိဖုိ႔ ရက္အနည္းငယ္အလုိမွာ လႊတ္ေတာ္ အေဆာက္အဦးေတြနဲ႔ အစုိးရရုံးေတြရဲ႕လုံၿခံဳေရး တာ၀န္ယူရတဲ့ ရဲတပ္ဖြဲ႔အႀကီး ရာထူးက ႏုတ္ထြက္မွာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ေျပာခြင့္ရက ၾကာသပေတးေန႔မွာ ေျပာပါတယ္။ ဗုဒၶဟူးေန႔က ျဖစ္သြားခဲ့တဲ့ျဖစ္စဥ္နဲ႔ပတ္သက္လုိ႔ လႊတ္ေတာ္လုံၿခံဳေရးတာ၀န္ယူထားတဲ့ ရဲတပ္ဖြဲ႔ရဲ႕ လုံၿခံဳေရးအားနည္းခ်က္ေတြအေပၚ ႏုိင္ငံတ၀ွမ္း ျပစ္တင္ ေ၀ဖန္မႈေတြ အရွိန္ျမင့္ျဖစ္ေပၚလာေနတဲ့အခ်ိန္မွာဘဲ ထိပ္ပုိင္း တာ၀န္ရွိသူေတြအၾကား ေျပာင္းလဲမႈေတြ လုပ္ေဆာင္ဖုိ႔ လုိအပ္ေၾကာင္း ဖိအားေပး ေျပာဆုိမႈေတြ ထြက္လာအၿပီးမွာ အခုလုိ ရဲတပ္ဖြဲ႔အႀကီးအကဲ ရာထူးက ႏုတ္ထြက္မယ့္သတင္း ထြက္ေပၚလာတာပါ။

ဇန္န၀ါရီလ ၆ ရက္ေန႔က သမၼတေရြးခ်ယ္ေရးအဖြဲ႔က Joe Biden ကုိ ေရြးေကာက္ခံသမၼတအျဖစ္ အတည္ျပဳေရး ျပည္နယ္ကိုယ္စားျပဳမဲေတကုိ အထက္နဲ႔ ေအာက္လႊတ္ေတာ္တုိ႔မွာ ေရတြက္ေနၾကစဥ္ သမၼတ Donald Trump ကုိ ေထာက္ခံသူေတြက လႊတ္ေတာ္အေအာက္အဦးကုိ အၾကမ္းဖက္ ၀င္ေရာက္ စီးနင္းခဲ့ၾကတာေၾကာင့္ အတည္ျပဳေရးအစီအစဥ္ ေခတၱ ဆုိင္းငံခဲ့ရပါတယ္။ လႊတ္ေတာ္အေဆာက္အဦးကုိ အခုလုိ ဆႏၵျပလူအုပ္ႀကီးက အဓမၼ ၀င္ေရာက္စီးနင္းတာ ေခတ္သစ္ အေမရိကန္သမုိင္းမွာ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။

..............

ဝါရှင်တန်မြို့တော် လွှတ်တော် နဲ့ အစိုးရရုံးများ လုံခြုံရေး ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နုတ်ထွက်မည်

(Unicode)

အမေရိကန်ပြည်ထောင်စု လွှတ်တော်အဆောက်အဦးတွေနဲ့ ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ အစိုးရအဆောက်အဦးတွေရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ (Capitol Police) ရဲတပ်ဖွဲ့အကြီးအကဲ Steven A. Sound ဟာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်မယ့်အကြောင်း အမေရိကန် သတင်းမီဒီယာတွေမှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့က လွှတ်တော်အဆောက်အဦးကို သမ္မတ Donald Trump ကို ထောက်ခံသူတွေက ဝင်ရောက် စီးနင်းခဲ့ကြတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ လွှတ်တော်အတွက် လုံခြုံရေးတာဝန်ယူရတဲ့ ရဲတပ်ဖွဲ့အပေါ် အပြစ်တင် ပြောဆိုမှုတွေ ထွက်ပေါ်လာပြီး မကြာခင်မှာဘဲ သူ့အနေနဲ့ ရာထူးက မကြာခင်မှာ နုတ်ထွက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

ရွေးကောက်ခံသမ္မတ Joe Biden ကျမ်းသစ္စာကျိန်ဆိုဖို့ ရက်အနည်းငယ်အလိုမှာ လွှတ်တော် အဆောက်အဦးတွေနဲ့ အစိုးရရုံးတွေရဲ့လုံခြုံရေး တာဝန်ယူရတဲ့ ရဲတပ်ဖွဲ့အကြီး ရာထူးက နုတ်ထွက်မှာဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ဖြစ်သွားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ လွှတ်တော်လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအားနည်းချက်တွေအပေါ် နိုင်ငံတဝှမ်း ပြစ်တင် ဝေဖန်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်လာနေတဲ့အချိန်မှာဘဲ ထိပ်ပိုင်း တာဝန်ရှိသူတွေအကြား ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဖိအားပေး ပြောဆိုမှုတွေ ထွက်လာအပြီးမှာ အခုလို ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးက နုတ်ထွက်မယ့်သတင်း ထွက်ပေါ်လာတာပါ။

ဇန်နဝါရီလ ၆ ရက်နေ့က သမ္မတရွေးချယ်ရေးအဖွဲ့က Joe Biden ကို ရွေးကောက်ခံသမ္မတအဖြစ် အတည်ပြုရေး ပြည်နယ်ကိုယ်စားပြုမဲတေကို အထက်နဲ့ အောက်လွှတ်တော်တို့မှာ ရေတွက်နေကြစဉ် သမ္မတ Donald Trump ကို ထောက်ခံသူတွေက လွှတ်တော်အအောက်အဦးကို အကြမ်းဖက် ဝင်ရောက် စီးနင်းခဲ့ကြတာကြောင့် အတည်ပြုရေးအစီအစဉ် ခေတ္တ ဆိုင်းငံခဲ့ရပါတယ်။ လွှတ်တော်အဆောက်အဦးကို အခုလို ဆန္ဒပြလူအုပ်ကြီးက အဓမ္မ ဝင်ရောက်စီးနင်းတာ ခေတ်သစ် အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ 

 https://burmese.voanews.com/a/washington-capitol-police-chief-will-resign-/5729621.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.