Breaking

January 26, 2021

အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း တပ်မတော်ပြော

 အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း တပ်မတော်ပြော 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ၂၀၂၁ ဇန်နဝါရီ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းစဉ်

Photo: Thet Su Aung/RFA

ရွေးကောက်ပွဲ အငြင်းပွားနေတဲ့ကိစ္စရပ်တွေကို လက်ရှိအာဏာရ NLD အစိုးရက မဖြေရှင်းပေးဘူးဆိုရင် တပ်မတော်ဘက်က အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

တပ်မတော်ဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလာတာတွေကြောင့် ပြည်သူတွေအကြားမှာ တပ်မတော်က အာဏာပြန်သိမ်းလာနိုင်သလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းချက် ကို အခုလိုဖြေလိုက်တာဖြစ်ပါတယ်။

''အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရပါဘူး။ ကျနော်ပြောတဲ့အထဲမှာ ပါပြီးသားဖြစ်ပါတယ်။ တပ်မတော် ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမှာဖြစ်ပါတယ်" လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲအတွင်း အငြင်းပွားဖွယ် မဲစာရင်း မှားယွင်းမှုပေါင်း ၈.၆ သန်းကျော်ရှိခဲ့တယ်လို့လည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

တပ်မတော်ဟာ တို့တာဝန် အရေးသုံးပါးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ဖို့ တာဝန်ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

 https://www.rfa.org/burmese/news/army-possible-coup-01262021062524.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.