Breaking

January 13, 2021

သမၼတကို ဒုတိယအႀကိမ္တရားစဲြဆိုဖို႔ ကန္ေအာက္လႊတ္ေတာ္မဲခဲြဖြယ္ရွိေန

 

[Zawgyi/Unicode]

အေမရိကန္သမုိင္းမွာ ဘယ္တုန္းကမွ မျဖစ္ဖူးေသးတဲ့ လက္ရွိသမၼတတေယာက္ကို ဒုတိယအႀကိမ္ တရားစြဲဆိုေရး ေအာက္လႊတ္ေတာ္မွာ ဒီကေန႔ မဲခြဲဆံုးျဖတ္ၾကမယ္လုိ႔ ခန္႔မွန္းထားပါတယ္။

သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကို ဒုတိယအႀကိမ္ေျမာက္ တရားစြဲဆိုမယ့္ ဆံုးျဖတ္ခ်က္ကို ေအာက္လႊတ္ေတာ္မွာ လူမ်ားစုျဖစ္တဲ့ ဒီမိုကရက္ေတြရဲ႕ ေထာက္ခံမဲသက္သက္နဲ႔ အတည္ျပဳႏုိင္မွာျဖစ္ေပမဲ့လည္း ဒါကိုေထာက္ခံမယ့္ ရီပတ္ဘလီကန္အမတ္ေတြလည္း တိုးလာေနပါတယ္။

ဝါရွင္တန္ျပည္နယ္က ရီပတ္ဘလီကန္ ေအာက္လႊတ္ေတာ္အမတ္တဦးျဖစ္သူ Jaime Herrera Beutler က သမၼတထရမ့္ပ္ဟာ "သမၼတရာထူးအတြက္ က်မ္းသစၥာက်ိန္ဆိုထားတာကို ေဖာက္ဖ်က္ လုပ္ေဆာင္ခဲ့တယ္။" လို႔ဆိုၿပီး တရားစြဲဆိုေရးအဆိုကို ေထာက္ခံသြားမယ္လုိ႔ အဂၤါေန႔ေႏွာင္းပိုင္းက ေၾကညာခဲ့ပါတယ္။

ေအာက္လႊတ္ေတာ္ ရီပတ္ဘလီကန္ ထိပ္တန္းေခါင္းေဆာင္ေတြထဲမွာပါတဲ့ ဝိုင္ယိုမင္းျပည္နယ္ ေအာက္လႊတ္ေတာ္အမတ္ Liz Cheney ကလည္း အေမရိကန္သမၼတတေယာက္ရဲ႕ "ႀကီးမားလွတဲ့ သစၥာေဖာက္ဖ်က္မႈမ်ဳိး ဘယ္တုန္းကမွ မရွိခဲ့ဖူးဘူး။" လို႔ေျပာၿပီး တရားစြဲဆုိေရး ေထာက္ခံမယ့္အေၾကာင္း အဂၤါေန႔ကပဲ ေၾကညာခဲ့တာပါ။

ဒါ့အျပင္ ေနာက္ထပ္ ရီပတ္ဘလီကန္အမတ္ သံုးဦးထက္မနည္းကလည္း ေထာက္ခံမယ့္အေၾကာင္း ေျပာထားၾကပါတယ္။

သမၼတထရမ့္ပ္ကေတာ့ ဒီလုပ္ရပ္အေပၚ အျပင္းအထန္ ကန္႔ကြက္ေျပာဆိုခဲ့ပါတယ္။

"ဒီလုပ္ရပ္ေၾကာင့္ လူအမ်ားစု နားလည္ႏိုင္တာထက္ အမ်ားႀကီး ပိုႀကီးမားတဲ့ အမ်က္ေဒါသ၊ ကြဲျပားမႈနဲ႔ နာက်င္မႈေတြ ျဖစ္ေစပါတယ္။ ဒါဟာ အေမရိကန္အတြက္ သိပ္ကိုအႏၲရာယ္ႀကီးမားၿပီး အထူးသျဖင့္ေတာ့ အခုလို သိပ္ကိုအကဲဆတ္တဲ့ ကာလမ်ဳိးမွာ ပိုႀကီး အႏၲရာယ္ႀကီးပါတယ္။" လို႔ အဂၤါေန႔က အေမရိကန္-မကၠဆီကို နယ္စပ္ခရီးစဥ္အတြင္း သမၼတထရမ့္ပ္က သတင္းေထာက္ေတြကို ေျပာသြားပါတယ္။

[Unicode Version]

သမ္မတကို ဒုတိယအကြိမ်တရားစွဲဆိုဖို့ ကန်အောက်လွှတ်တော်မဲခွဲဖွယ်ရှိနေ

အမေရိကန်သမိုင်းမှာ ဘယ်တုန်းကမှ မဖြစ်ဖူးသေးတဲ့ လက်ရှိသမ္မတတယောက်ကို ဒုတိယအကြိမ် တရားစွဲဆိုရေး အောက်လွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ကြမယ်လို့ ခန့်မှန်းထားပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဒုတိယအကြိမ်မြောက် တရားစွဲဆိုမယ့် ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်မှာ လူများစုဖြစ်တဲ့ ဒီမိုကရက်တွေရဲ့ ထောက်ခံမဲသက်သက်နဲ့ အတည်ပြုနိုင်မှာဖြစ်ပေမဲ့လည်း ဒါကိုထောက်ခံမယ့် ရီပတ်ဘလီကန်အမတ်တွေလည်း တိုးလာနေပါတယ်။

ဝါရှင်တန်ပြည်နယ်က ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်တဦးဖြစ်သူ Jaime Herrera Beutler က သမ္မတထရမ့်ပ်ဟာ "သမ္မတရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုထားတာကို ဖောက်ဖျက် လုပ်ဆောင်ခဲ့တယ်။" လို့ဆိုပြီး တရားစွဲဆိုရေးအဆိုကို ထောက်ခံသွားမယ်လို့ အင်္ဂါနေ့နှောင်းပိုင်းက ကြေညာခဲ့ပါတယ်။

အောက်လွှတ်တော် ရီပတ်ဘလီကန် ထိပ်တန်းခေါင်းဆောင်တွေထဲမှာပါတဲ့ ဝိုင်ယိုမင်းပြည်နယ် အောက်လွှတ်တော်အမတ် Liz Cheney ကလည်း အမေရိကန်သမ္မတတယောက်ရဲ့ "ကြီးမားလှတဲ့ သစ္စာဖောက်ဖျက်မှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။" လို့ပြောပြီး တရားစွဲဆိုရေး ထောက်ခံမယ့်အကြောင်း အင်္ဂါနေ့ကပဲ ကြေညာခဲ့တာပါ။

ဒါ့အပြင် နောက်ထပ် ရီပတ်ဘလီကန်အမတ် သုံးဦးထက်မနည်းကလည်း ထောက်ခံမယ့်အကြောင်း ပြောထားကြပါတယ်။

သမ္မတထရမ့်ပ်ကတော့ ဒီလုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

"ဒီလုပ်ရပ်ကြောင့် လူအများစု နားလည်နိုင်တာထက် အများကြီး ပိုကြီးမားတဲ့ အမျက်ဒေါသ၊ ကွဲပြားမှုနဲ့ နာကျင်မှုတွေ ဖြစ်စေပါတယ်။ ဒါဟာ အမေရိကန်အတွက် သိပ်ကိုအန္တရာယ်ကြီးမားပြီး အထူးသဖြင့်တော့ အခုလို သိပ်ကိုအကဲဆတ်တဲ့ ကာလမျိုးမှာ ပိုကြီး အန္တရာယ်ကြီးပါတယ်။" လို့ အင်္ဂါနေ့က အမေရိကန်-မက္ကဆီကို နယ်စပ်ခရီးစဉ်အတွင်း သမ္မတထရမ့်ပ်က သတင်းထောက်တွေကို ပြောသွားပါတယ်။

 https://burmese.voanews.com/a/trump-removal-effort/5735595.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.